ကချင်ပြည်နယ်တွင် ကြိုတင်မဲ မသမာကောက်ယူမှုအား တစညမှ တရားစွဲ

ကချင်ပြည်နယ်တွင် ကြိုတင်မဲ မသမာကောက်ယူမှုအား တစညမှ တရားစွဲ
by -
ဆိုင်းဂျာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ကြိုတင်မဲကောက်ခံမှုတွေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မသမာကောက်ခံနေသည်ကို မြို့နယ်ကော်မရှင်ထံတရားစွဲဆိုထား...

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ကြိုတင်မဲကောက်ခံမှုတွေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မသမာကောက်ခံနေသည်ကို မြို့နယ်ကော်မရှင်ထံတရားစွဲဆိုထားသည်ဟု တစည ပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်း ဦးလနန်ဘောက် ပြောသည်။

ရပ်ကွက်တွင်းကြိုတင်မဲပေးရန်လှုပ်ဆော်နေသည့် ကြံ့ဖွံ့ပါတီမှ ဦးဒိုင်ဟူးသည် ကြိုတင်မဲကို သူကိုယ်တိုင် မဲခြစ်ပေးနေ သောကြောင့် ယင်းကြိုတင်မဲသည်တရားမဝင်သည်မို့ ပယ်ဖျက်ပေးရန်နှင့် မသမာကြိုတင်မဲ ကောက်ခံမှုတွင် ရပ်ကွက်ကော်မရှင်ရုံးမှ ဥက္ကဋ္ဌ ဦးဂျန်မာထွယ်ဝါ ပါဝင်နေ၍ ၎င်းအားနှုတ်ထွက်ခိုင်းရန် တရားစွဲဆိုထားသည်။

“ကြိုတင်မဲယူတာ ကော်မရှင်တွေမှာ ရယက (ရပ်ကွက်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သူတို့ကနေမှ စာရင်း လုပ်ထားပြီး အဲလူတွေခေါ်ပြီး သူတို့ဒီရပ်ကွက်ကော်မရှင်ရုံးမှာ မဲပေးခိုင်းတာလေ၊ တစ်ချို့လူတွေအတွက်ကတော့ သူတို့ လူတွေခြစ်ပေး လိုက်တာ ရှိတယ်၊ အဲတာကြောင့်ပါ” ဟု တရားစွဲဆိုရသည့် အကြောင်း ဦးလနန်ဘောက်မှ ပြောသည်။ ကြိုတင်မဲကောက်ခံမှုတွေ ကြံ့ဖွံပါတီမှ လိုက်လံကူညီကာ ယင်းသို့ထံ မဲထည့်နိုင်ရန် သူတို့ကိုယ်တိုင် မဲခြစ်ပေးခြင်း၊ မဲထည့်ပေးခြင်းများ လုပ်ဆောင်နေသည်။

ဖားကန့်မြို့နယ်နှင့် ကားမိုင်းမြို့တွင်လည်း ကျောင်းဆရာ၊ ဆရာမများကြိုတင်မဲထည့်ရာတွင် ဆရာမကြီးချဉ်ချို၊ ကြံ့ခိုင်ရေးပါတီမှ အကြီးအကဲနှင့် ကြံ့ခိုင်ရေးပါတီမှမဲရုံမှုးသုံးဦးရှေ့တွင် မဲထည့်ရသောကြောင့် လူ ၄၀ ကျော် မဲထည့်ရာ ကြံ့ခိုင်ရေးပါတီအား မဲထည့် ပေးလိုက်ရသည်ဟု ကားမိုင်း NDF ပါတီစည်းရုံးရေးမှုး ပြောသည်။

တစ်ဆက်တည်းမှာပင် ပလန ရပ်ကွက်တွင်လည်း ကြိုတင်မဲကောက်ခံရာ ရပ်ကွက်လူကြီးမှ ရပ်ကွက် ကော်မရှင်ရုံးတွင် ပြည်သူ့ ဆန္ဒမဲအား ကြံ့ဖွံ့ပါတီထံမဲထည့်ပေးနေသည်ဟု သိရသည်။

တနိုင်းမြို့နယ် ဟူးကောင်းဒေသတွင်လည်း အမည်စာရင်းသာယူသွားခြင်းမျိုး ကြိုတင်မဲကောက်ခံလိုက်ရသည် ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ဝိုင်းမော်မြို့နယ်တွင် ကြံ့ဖွံပါတီမှအဖွဲ့ဝင်များနှင့် ရပ်ကွက်ရုံးလူကြီးများမှကြိုတင်မဲကောက်ခံသည်ကို “နားမလည်တဲ့ သူတွေကိုရတယ်၊ နင်တို့လုပ်စရာမလိုဘူး၊ နင်တို့ထည့်ရင် မှားသွားလိမ့်မယ်၊ ငါတို့ခြစ်ပေးမယ်ဆိုမှ သူတို့ခြစ်ပြီးမှ ထည့်ခိုင်းတာလည်းရှိတယ်၊ ပြီးတော့ တစ်ချို့နေရာတွေကြတော့ခြစ်မယ့်သူကို ခြစ်ခိုင်းတယ်၊ ဒါပေမယ့် ပြန်ခေါက်တဲ့ အခါကြတော့ မင်းတို့ခေါက်ရင် ခေါက်မှားလိမ့်မယ်၊ ပျက်သွားလိမ့်မယ် ဆိုပြီးမှ သူတို့ခေါက်ပြီးမှ စာအိတ်ထဲမှာ စာအိတ်ထဲမှာ သူတို့ထည့်ပေးတယ်၊ ခေါက်လည်းခေါက်ပေးတယ်၊ ထည့်လည်းထည့်ပေးတယ်၊ အိမ်မှာလည်း election နဲ့ဆိုင်တဲ့ နားမလည်တဲ့လူမျိုး အိမ်ထဲဝင်ပြီးမှ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ကောက်နေတယ်” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ယခုလို ကြိုတင်မဲကောက်ခံသည့်အတွက်ကြောင့် ပါတီအသီးသီးမှကိုယ်စားလှယ်များ ပြည်နယ်ကော်မရှင်ထံ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲနဲ့ ကိုက်ညီမှု မရှိကြောင်း ပြောဆိုကာ ကြိုတင်မဲအားပယ်ဖျက်ပေး ရန် တောင်းဆိုထား ပါသည်။

 

 

 

 

 

Most read this week