အန္တရာယ်ကြားမှ ဝမ်းစာအတွက် အသက်ပေးကာ ရွှေတူးဖော်နေ

အန္တရာယ်ကြားမှ ဝမ်းစာအတွက် အသက်ပေးကာ ရွှေတူးဖော်နေ
ကချင်ပြည်နယ်တွင် မိုးများဆက်တိုက်ရွာတွန်းမှုကြောင့် ဧရာဝတီမြစ်ကြီး လျှံတက်လာသော်လည်း မေခ၊ မလိခ မြစ်ဆုံဧရာဝတီမြစ်ကမ်းဘေး မှာတွင် ရွှေတူးဖော်ရေး လုပ််နေ...

ကချင်ပြည်နယ်တွင် မိုးများဆက်တိုက်ရွာတွန်းမှုကြောင့် ဧရာဝတီမြစ်ကြီး လျှံတက်လာသော်လည်း မေခ၊ မလိခ မြစ်ဆုံဧရာဝတီမြစ်ကမ်းဘေး မှာတွင် ရွှေတူးဖော်ရေး လုပ််နေကြသည်။

ဧရာဝတီမြစ်ရေသည် မိုးရေကြောင့် တစ်ရက်ပြီးတစ်ရက် ရေကြီးလာကာ တချိန်ကရေမရှိသည့် ကမ်းတွေမှာလည်း ရေလျှံမှုများဖြစ်ပေါ်လာသည်။ သို့သော် ရွှေတူးဖော်နေကြသည့် လုပ်ငန်းရှင်များတော့ လုပ်ကွက်မနား ရွှေတူးနေကြသည်။

“မိုးကလည်းအလွန်အကျွံရွာနေတယ်၊ ရွာကြီးပဲရွာနေတယ်၊ မိုးဒီလောက်ရွာ၊ ရေဒီလောက်ကြီးတာလည်း တူးနေတယ်၊ ဘာလို့ ဒီလောက် တူးနေတာလဲ အံသြလိုက်တာ၊ ရေအရမ်းကြီးရင်လည်းတူးပဲတူးနေကြတယ်” ဟု ၎င်းရွာအနီး ဒေသခံတစ်ဦးမှ ပြောသည်။

ယင်းကဲ့သို့ မိုးတွင်း၌ ရွှေတူးနေသည့် လုပ်သားများသည် “ရေကြီးလာရင် ကမ်းနားဘက်မှာပြန်တူး၊ နောက်ထပ်အဲဒီမှာရေပြန်ကြီးလာရင် ဆက်ပြီးကမ်းနားမှာပြန်တူး”  ၎င်းဒေသခံမှ ဆက်ပြောသည်။ ရေကြီးမှုကြောင့် ကမ်းနားတစ်လျှောက် မြေပြိုမှုများ မကြာခဏဖြစ်ပေါ်နေသည်။

ရွှေတူးဖော်ရေးလုပ်ငန်းများသည် မြစ်ဆုံအထက် တန်ရန်ကျေးရွာနှင့် မြစ်နားဘက်တွင် ရွှေအထွက်နည်း၍ မပြောင်းရွှေ့ရသေးသည့် တန်ဖရဲ ကျေးရွာတွင် အဓိက လယ်စိုက်ခင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်း ချဲ့နေကြသည်။

ပြီးခဲ့တဲ့ ဇွန်လမှစ၍ မြစ်ဆုံရွာ တန်ဖရဲ အနားထိ အခုလိုရွှေတူးဖော်နေပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

ရွာအတွင်း၌ ရွှေတူးဖော်နေ၍ စက်သံများဆူညံကာ ဒေသခံရွာသားများအိပ်မပျော် နေမပျော် ဖြစ်နေကြသည်ဟု တန်ဖရဲ ဒေသခံတစ်ဦး ပြောလာသည်။

ပြီးခဲ့သည့်ဇွန်လ လယ်တွင် ဧရာဝတီမြစ်ရေထဲ ဝါးဖောင်ဖြင့် ရွှေကျင်နေသည့် လူငယ်သုံးဦးသည်  ရေတက်လာသည်ကို သတိမထားလိုက်သဖြင့် ရေထဲမျှောပါ သေဆုံးခဲ့သည်ဟု ဒေသခံ ဆရာ တစ်ဦးမှ ပြောပြသည်။

ဧရာဝတီမြစ်ဆုံတွင် မိုးရေကြောင့်  ရေကြီးကာ မြေပြိုမှုများဖြစ်နေသော်လည်း စည်ကားတိုက်မြိုက်စွာ အရင်ထက်ရွှေတူးဖော်မှု လုပ်ငန်းတိုးချဲ့ လုပ်ကိုင် ဆောင်ရွက်နေကြသည်။

ယခုလို ရွှေတူးဖော်ရေးလုပ်ငန်းတွင် မြန်မာပြည်သူများသာမက တရုတ်ပြည်မှ တရုတ်လူမျိုးများလည်း တူးဖော်နေသည်ဟု သိရသည်။

Most read this week