ရေကာတာစီမံကိန်းမှ ကချင်ရပ်ရွာများ အဓမ္မပြောင်းရွှေ့နေခြင်းအား ရပ်ပေးရန် လန်ဒန်တွင်ဆန္ဒပြ

ရေကာတာစီမံကိန်းမှ ကချင်ရပ်ရွာများ အဓမ္မပြောင်းရွှေ့နေခြင်းအား ရပ်ပေးရန် လန်ဒန်တွင်ဆန္ဒပြ
မြန်မာနိုင်ငံ ဧရာဝတီမြစ်ဖျားပိုင်းရှိ မြစ်ဆုံရေကာတာကြောင့် ကျေးရွာများအတင်းအဓမ္မပြောင်းရွှေ့ရေးကို ရပ်တန့်ပေးရန် ကချင်အမျိုးသားများဦးဆောင်ပြီး လန်ဒန်ရှိ မြန်မာသံရုံးရှေ့၌ ဇွန်လ ရ ရက်နေ့တွင် ဆန္ဒပြ...

မြန်မာနိုင်ငံ ဧရာဝတီမြစ်ဖျားပိုင်းရှိ မြစ်ဆုံရေကာတာကြောင့် ကျေးရွာများအတင်းအဓမ္မပြောင်းရွှေ့ရေးကို ရပ်တန့်ပေးရန် ကချင်အမျိုးသားများဦးဆောင်ပြီး လန်ဒန်ရှိ မြန်မာသံရုံးရှေ့၌ ဇွန်လ ရ ရက်နေ့တွင် ဆန္ဒပြခဲ့သည်။

၎င်း ဆန္ဒပြပွဲကို လန်ဒန်အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) မှဦးဆောင်ကာ အခြား မြန်မာပြည်သားများအပါအဝင် လူအင်အား ၁၀၀ ကျော် ဆန္ဒပြခဲ့ကြ သည်ဟု KNOမှ တာဝန်ခံ ဦးဂွန်းတောင်မှပြောသည်။

တရုတ်ရေအားလျှပ်စစ်ရရှိရန်အတွက် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကို မြန်မာတပ်မတော်မှ အဆုံးစီရင်နေခြင်းဖြင့် ၎င်းဧရိယာအတွင်းရှိ ကျေးရွာ ၄၇ ရွာမှ တစ်ရွာပြီး တစ်ရွာပြောင်းရွှေ့ခိုင်းနေသော ကြောင့် KNOမှ ဆန္ဒပြနေခြင်းဖြစ်သည်။

“စစ်အစိုးရက မတရားတဲ့နည်းလမ်းဖြင့် လုပ်ဆောင်နေတာဖြစ်တယ်၊ ဒေသခံရွာသားများ  မပြောင်းရွှေ့ချင်ကြ သည်ကို အစိုးရမှ ဆက်လက်လုပ်ဆောင် နေတာကြောင့် ဆန့်ကျင် ဆန္ဒပြတာဖြစ်တယ်၊ ပြည်တွင်းရှိ ပြည်သူများ နှင့် ပြည်ပရောက်မြန်မာပြည်သားများဟာ အတူတကွ တစ်စုတစ်စည်းတည်း ဖြစ်တယ်ကို ပြသခြင်းလည်းဖြစ် တယ်” ဟု ဦးဂွန်းတောင်မှ ဆိုသည်။

KNO သည် ပြည်ပရောက် ကချင်လူမျိုးများဖွဲ့စည်းထားသည့် အဓိကကချင်အဖွဲ့စည်းတခုဖြစ်ပြီး မြန်မာစစ် အစိုးရဆန်ကျင်သည့် ဆန္ဒပြပွဲများကို နိုင်ငံတကာ နှင့် မြန်မာ့ အိမ်နီးချင်း နိုင်ငံများ တွင် မကြာခဏ ဦးဆောင်ပြုလုပ်ပါသည်။

KNO-UK မှ ဦးဆောင်ပြီး လန်ဒန် မြန်မာသံရုံး ရှေ့တွင် ကချင်ပြည်နယ် မြစ်ဆုံရေကာတာရှိ ရပ်ရွာများ အတင်းရွှေ့ပြောင်းခြင်းအား ရပ်တန့်ပေးရန် ဆန္ဒပြနေစဉ်။ ဓါတ်ပုံ - KNO

ဒီနှစ် စောစောပိုင်ကလည်း KNO မှ စည်းရုံးကာ မြစ်ဆုံရေကာတာစီမံကိန်း ဆန့်ကျင်ဆန္ဒပြပွဲများကို လန်ဒန်မြန်မာသံရုံးသာမက အမေရိကန်၊ ဂျပန်၊ ဒိန်းမတ်၊ မလေးရှား နှင့် အိန္ဒိယ နိုင်ငံများတွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည် မေလ၂၈ရက်နေ့က အိမ်ခြေပေါင်း ၆၃ အိမ်ရှိသည့် မဇွပ်ရွာကို စစ်အစိုးရမှ ပထမဦးဆုံး အတင်းအဓမ္မပြောင်းရွှေ့လိုက်ပြီး အခြား ဒေါင်ပန်၊ ခမ်းပူ နှင့် လဖဲ့ရွာများကိုလည်း ထပ်မံပြောင်းရွှေ့ လိုက်ကြောင်း ဒေခံများပြောပါသည်။

ယင်းသို့ရွာပြောင်းရွှေ့ရာတွင် စစ်တပ်များ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွွ့ံဖြိုးရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့များမှ အဓ္ဓမ လုပ်အားပေးရန် ဆင့်ခေါ် ထားသည့် ပြည်သူများလည်း ပါ၀င်ကြသည်။

ပြီးခဲ့သည့် ဇွန် ၁ရက်နေ့တွင်လည်း ကျိန်ခရန်ရွာ နှင့် အင်ဂျန်ယန်မြို့နယ်ရှိ အင်ပွမ်ခက်ရွာ (Npawn Hkyet) တို့ကို ထပ်မံပြောင်းရွှေ့လိုက်သည်။

ဧပြီလ ၁၇ ရက်နေ့က မြစ်ဆုံတွင် ဗုံးဆက်တိုက်ပေါက်ကွဲပြီးနောက် ယခုတိုင် လက်သည်မပေါ်ရှိသေးသဖြင့် နအဖမှ ကချင်လူငယ်များနှင့် ခေါင်းဆောင်များကို ဖမ်းဆီး မှုများ ပြုလုပ်ကာ မြစ်ဆုံရပ်ရွာများပြောင်းရွှေ့ရေးကို လည်း အတင်းအကျပ်လုပ်ဆောင်လာသည်။

Most read this week