တိုက်ပွဲကြောင့် KIA တပ်မဟာ (၃) မှ ဂွန်ငူယာန် ရှေ့တန်းစခန်း တခုဆုတ်ခွာရ

တိုက်ပွဲကြောင့် KIA တပ်မဟာ (၃) မှ ဂွန်ငူယာန် ရှေ့တန်းစခန်း တခုဆုတ်ခွာရ
by -
ရွှေဟင်္သာ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) လက်အောက်ခံ ဗန်းမော်ခရိုင် အူလန်ပါ တိုက်နယ်ရှိ တပ်ရင်း (၂၇)၏ ရှေ့တန်း စခန်း တခု ဖြစ်သည့် ုဂွန်ငူယာန် (Gawk Ngu Yang Post ) စခန်းသည် အစိုးရ တပ်မ (၈၈) စစ် ကြောင်း များ၏ (၂)ကြိမ်တိုင် ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ဇွန်လ (၁၇) ရက် နေ့ ည(၉)နာရီတွင် ဆုတ်ခွာ ခဲ့ရ ကြောင်း KIA စစ်ရုံးချုပ် သတင်းမှ ဆိုပါ သည်။

အဆိုပါ စခန်းအား ဇွန်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် တကြိမ်နှင့် ညနေ (၆)နာရီမှ ည(၈)နာရီခွဲ အထိ တကြိမ် လက်နက်ကြီး အင်အား သုံးပြီး KIA နှင့် ပြင်းပြန်းထန်ထန် အပြန်အလှန် တိုက်ခဲ့ ပြီးမှ ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်ဟု KIA ဖက်က ဆိုပါ သည်။

phophtawnews1801

ဤကဲ့သို့ စခန်းသိမ်းပြီး ၀င်ရောက် တိုက်ခိုက်ခဲ့ ခြင်းကို မြောက်ပိုင်းတိုင်း အရာ ကြီးတဦးသည် KIA တပ်ရင်း (၁၂)နှင့် တပ်ရင်း(၂၇) တပ်များက ၄င်းတို့အား ပစ် ခတ်ခြင်း ကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါ သည်။

‘‘ပုံမှန် အ တိုင်းသွား လာ နေတဲ့ ကျွန် တော်တို့ စစ်ကြောင်းတွေကို ရွာဘေး ကနေ ထွက်ပစ် လို့ဖြစ်တာပါ။သွားရောက်ပြီး တော့မှ ရည်ရွယ် ချက်နဲ့ တိုက်တာ မျိုးမဟုတ်ပါ ဘူး’’ ဟုမြောက်ပိုင်းတိုင်း ထိပ်တန်း တပ်မတော် အရာရှိတစ်ဦးက ပြန်လည် ဖြေကြား ခဲ့ကြောင်း ဇွန်လ (၁၇)ရက်နေ့ထုတ် (7) Day သတင်းတွင် ဖေါ်ပြထားပါသည်။

KIA တပ်မဟာ (၃) နယ်မြေ တပ်ရင်း (၁၂) နှင့် တပ်ရင်း (၂၇) ဧရိယာတွင် တပ်မ (၉၉) နေရာတွင် တပ်မ(၈၈) စစ် ကြောင်းများ ပြောင်းလဲ တာဝန်ယူလာရာမှ စတင်တိုက်ခိုက် လာခြင်းဟု ဆိုပါသည်။ ဧပြီလ သင်းင်္ကြန်ကာလ တပတ် ကြာ စစ်ဆင် ရေးတွင် တပ်မ(၉၉) စစ်ကြောင်း များနှင့် ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) စစ်ကြောင်းများက အဓိကအင်အား အဖြစ် စစ်ဆင်ခဲ့ပါသည်။

အစိုးရတပ်များသည် မေလတွင် စစ်ဆင်ရေး ရပ်ထားရာမှ ယခုဇွန် (၁၅)ရက်နေ့မှ စပြီး ပြန်လည် စတင်လာခြင်းဖြစ်သည်။ ပြီး ခဲ့ သည့် ဇွန်လ(၁၆)ရက် မနက် (၅းဝဝ)နာရီ အချိန်တွင် တပ်ရင်း (၁၂) ဧရိယာရှိ မုန်ဒိန် ပါ ကျေးရွာ ရပ်ကွက် (၃) တွင်နေထိုင်သူ ကလေး(၅) ယောက် ဖခင် အင်ဗျန် ဂမ်ရှောင်(အသက် ၄၄ နှစ်)အား  ခမရ (၃၁၈) တပ်ဖွဲ့မှ ပစ် သတ်ခဲ့ကြောင်း ဒေသခံ ရွာသားများမှ ဆိုပါသည်။

အင်ဗျန် ဂမ်ရှောင်သည် မန်ဂျယ် ဒုက္ခသည် စခန်း တွင် နေထိုင်ပြီးမိမိအိမ်ရှိရာ မုန်ဒိန်ပါ ကျေးရွာသို ့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်းခရီး တနေ ရာ၌အစိုးရ ခမရ (၃၁၈) တပ်ဖွဲ ့ဝင်များ နှင့် တိုးပြီးစစ်ဆေး မေးမြန်းမှု မရှိဘဲပစ်သတ် လိုက်ကြောင်း မုန်ဒိန်ပါ ဒေသခံများ မှ သိရသည်။ သို့သော် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဤကဲ့သို့ ပစ်ခတ်လိုက်သည့် အပြင် ခမရ (၃၁၈) စစ်ကြောင်း များသည်မုန်ဒိန်ပါ ကျေးရွာထဲ သို ့ဝင်ရောက်လာပြီး တစ်အိမ်တက်ဆင်းမွှေနှောက်ရှာဖွေ ခဲ့ ရာ ကျေးရွာ အသင်းတော်၏ ဘာသာရေး ဆရာမ(၂)ဦး အား သေနတ်ဖြင့် ချိန် ရွယ် ခြိမ်းခြောက် စစ်ဆေးခဲ့သည်ဟုဒေသခံများမှ ဆိုပါသည် ။

ထို့အပြင် စစ်ဆင်ရေး အသစ် ၀င်ရောက် လာသော တပ်မ(၈၈) လက်အောက်ခံ တပ်ရင်း (၇၇) တပ်ရင်းမှူးသည် ရှမ်း ပြည်မြောက်ပိုင်း KIA, တပ်မဟာ(၄) ဒေသ မုန်ပေါ် ၊ မိုင်ဖန်ကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာလူထုအား ခေါ်ယူပြီး  ၄င်းတို့ ၏ ရဲ ဘော်များမှ ကျူးလွန် သော မုဒိမ်းမှှု ၊ ခိုးမှှု၊လုယက်မှှု နှင့် ဘယ်လူ့အခွင့်အရေးချိုးဖေါက်မှှုမျိုးကိုမျှ တာဝန်ယူမည်မဟုတ် ကြောင်း၊ သို့ကြောင့် မည်သူမျှ လာရောက် တိုင်းတန်းခြင်း မပြု ကြရန် ပြောကြားခဲ့ သည်ဟု ဒေသခံ ရွာ သားများမှ ဆိုပါသည်။

အလားတူ မုံးကိုးအုပ်စု၊ Gawn Sam ကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာ သို့ရောက်ရှိနေ သော အစိုးရ စစ်တပ် တပ်မ (၈၈) လက်အောက် ခံ ခမရ (၄၁၅) စစ်ကြောင်း များသည် ရွာသားများအား ကျေးရွာ အပြင်သို့ ထွက်ခွင့် မပြုကြောင်း ဤကဲ့သို့ ပိတ်ပင် လိုက်သဖြင့် လယ်ယာ စိုက်ပျိုးရေး များ၌ ထိခိုက်ေ နပြီး ဖြစ်ေ ကြာင်း  ဒေသခံများက ဆိုပါသည်။