ငြိမ်းချမ်းရေး မရသေးသည့် ကာလပတ်လုံး ဒုက္ခသည်များ ပြန်လည် နေရာမချနိုင်သေး

ငြိမ်းချမ်းရေး မရသေးသည့် ကာလပတ်လုံး ဒုက္ခသည်များ ပြန်လည် နေရာမချနိုင်သေး
by -
ရွှေဟင်္သာ

မေလ(၂၁) ရက်နေ့ ကထိုင်းနိုင်ငံ မဲ့စရီးယန်း ဒုက္ခသည်စခန်း အုပ်ချုပ်ရေး အလုပ် အမှုဆောင် အဖွဲ့ ၏(၃) လ တစ်ကြိမ် ပုံမှန်အစည်းအဝေးတွင် ငြိမ်းချမ်းရေးရရှိမှု အပေါ် မူတည်ပြီးမှသာ ဒုက္ခသည်များ နေရပ်သို့ ပြန်လည်နေရာချထားနိုင်မည်ဟု ကရင်ဒုက္ခသည်များ ကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူ တီးကျော့ က ပြောပါသည်။

“တချို့ဒုက္ခသည် တွေက သူတို့ ဒေသ ငြိမ်းချမ်းရေးရင် တော့ပြန် ချင်ကြ တာပေါ့ အခုအခြေနေက မဖြစ်နိုင် သေးဘူး။ တချို့ ကတော့ တတိယ နိုင်ငံသွား ချင်တယ် တချို့ ကတော့ ထိုင်းမှာပဲ နေချင် ကြတာ လည်းရှိတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရ ဖို့အတွက်တော့ တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစု နဲ့ မြန်မာအစိုးရပေါ် မူတည်တယ်”ဟုပြောပါသည်။

ယင်းအစည်းအဝေးသို့ ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်း (၉) ခုမှ ဒုက္ခသည်စခန်းတခုလျှင် ကော်မတီဝင် (၅) ဦးစီတက်ရောက်ခဲ့ကြပြီး စုစုပေါင်း ကော်မတီဝင် (၄၅) ဦးတက်ရောက်ခဲ့သည်။

အစည်အဝေးတွင် ဒုက္ခသည်များ၏ ကာကွယ် စောင့်ရှောက်ရေး၊ အသက်မွေးဝမ်းကြောင်း ရံပုံငွေမှ (အသေးစား ငွေစု ငွေချေးလုပ်ငန်း၊ မွေးမြူ းရေး၊ စိုက်ပျ ုိးရေး၊ အဟာရအစားအစာရရှိရေး၊ ကျန်းမာရေး နေရာထိုင်ခင်းနှင့် အိမ်အဆောက်ဦးကိစ္စ ဆွေးနွေးခဲ့ ကြသည်ဟု ပြောပါသည်။

ဒုက္ခသည် စခန်းတွင် အထောက်အပံ့ လျော့နည်း သွားသည် ဆိုသော်လည်း စားဝတ်နေရေးအတွက် ဆက်လက် ထောက်ပံ့ကူညီသွားမည်ဟု အလှူ ရှင်များက ဂတိပေးထား သည်ဟုဆိုပါသည်။

ဒုက္ခသည်စားနိုင် သောက်နိုင်သူများအား လူကြီးတစ်ဦးကို တလလျှင် ဆန်(၈)  ကီလို ခလေး (၄) ကီလိုပေးပြီး ဆင်းရဲသူ၊ သား များကို လူကြီး တဦးကို ဆန် (၁၂) ကီလို ပေးပြီး ခလေး တဦးကို (၆) ကီလိုအထိပေး သည့်အပြင် ဆီ၊ ဆား၊ပဲ၊ အဟာရဖြစ်သည့် အစားအစာ များပေးသည်ဟု ဆက်ပြောပါသည်။

ထိုင်း- မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်း(၉)ခု တွင် စုစုပေါင်း ဒုက္ခသည် ဦးရေ ၁ သိန်း ၄ သောင်း ၀န်းကျင်ရှိပါသည်။ ဒုက္ခသည်များသည် လတ်တလော အခြေအနေအရ အခက်အခဲများစွာနှင့် ကြံုတွေ့ နေကြရပြီး တတိယနိုင်ငံအခြေချ ရေးအပါအဝင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိသားစု ပြန်လည် ပေါင်းစည်းရေး စသည့်ကဏ္ဍများတွင် အခက်အခဲများစွာရှိ နေကြောင်း ကရင်နီဒုက္ခသည် စခန်းမှအမျ ုိးသမီးတစ်ဦးက ပြောပါသည်။

ထိုင်းနယ်စပ်ရှိ ဒုက္ခသည် တသိန်းခွဲခန့်ရှိနေဆဲ ဖြစ်ပါသည်။ ယင်းဒုက္ခသည် များသည် နေရပ်ပြန်ပို့ရန် ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရတို့က လိုလား နေသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး အပါအဝင် သက်ဆိုင်ရာ လူမျ ုိးစု နိုင်ငံရေး အဖွဲ့အစည်းများက ဒုက္ခသည်များအား ငြိမ်းချမ်းရေး အခြေအနေပေါ် မူတည်ပြီး ပြန်လည်နေရာ ချထားရေးကို လိုလားနေကြပါသည်။