ဦးဝင်းတင်အား ဂုဏ်ပြု တမ်းချင်း

ဦးဝင်းတင်အား ဂုဏ်ပြု တမ်းချင်း
by -
ရွှေဟင်္သာ

ကွယ်လွန် သွားပြီဖြစ် သော ဆရာကြီး ဦးဝင်းတင်အား ထပ်မံ ဦးညွှတ် ဂုဏ်ပြုသည့် အနေဖြင့် စာရေးသူ ရေးခဲ့သည့် ဆောင်းပါး တစောင်အား ပြန်လည် ဖြန် ့ဝေပါသည်။

သတ္တိရှင် ဆရာကြီး ဦးဝင်းတင် သို ့ဂုဏ်ပြု တမ်းချင်း လူဆိုတာသေမှ ချီးမွမ်းရ တယ် ကွ ဟု စာရေးသူ၏ ဖခင်က သင်ကြား ဆုံးမခဲ့ ဘူးပါသည်။ မသေခင်ချီး မွမ်းမိလျှင် အကယ်၍ ထိုသူသည် ငွေကြေး၊ အာဏာ၊ အရှိန်အဝါ၊ စာရိတ္တ နှင့်ရပ်တည်ချက်များ၌ ဖေါက်ပြန် ပျက်စီး သွားမည်ဆို ပါက ချီးမွမ်းထားမှုမှာအချည်း နှီး ဖြစ်နိုင်သောကြောင့်ပင်။ သို ့ရာတွင် မသေခင်မှာပင်စာရေးသူတန်ဘိုးထား ချီးမွမ်း လိုသော၊ ဂုဏ်ပြုလိုသော၊ ထိုသို ့ချီးမွမ်းဂုဏ်ပြု ကြောင်းလဲ ကြားသိစေ လိုသော ပုဂ္ဂိုလ် အချို့အနက် ဆရာကြီး ဦး ၀င်း တင်သည် ထိပ်ဆုံး မှပါရှိ ပါသည်။

u win-tin 21

စာရေးသူ အနေဖြင့် ပြည်တွင်း မှာ နေထိုင်စဉ်က ဆရာကြီး ဦးဝင်းတင် အားလူကိုယ်တိုင် သိကျွမ်းခဲ့ခြင်း မရှိပါ။ သူ၏ အရည်အ ချင်း များ အကြောင်း ကိုတစွန်း တစတော့ ကြားဘူး ခဲ့သည်။ သူနှင့် ပထမဆုံး စတင် စကား ပြောခွင့်ရ ခဲ့ သည်မှာအာရ် အက်ဖ်အေ မှ စီစဉ်ထုတ် လွှင့်သော ဦးဝင်းတင်နှင့် ဆွေးနွေး ခန်း တွင် ဖြစ် သည်။ ထိုအချိန်က အီလက် ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ တံခိုးထွား နေသည့်ကာလ ဖြစ်ပြီး အီးမေး တခု ဖမ်းမိရုံနှင့် ထောင် ၁၅နှစ် ချမှတ် သည့် မှုခင်းများ ပေါ်ခဲ့ပြီးချိန် ဖြစ်သည်။ စာရေးသူ အထွေထွေ အတွင်းရေးမှုး တာဝန်ယူ ခဲ့သည့် မြန်မာ နိုင်ငံ ရှေ့နေများ ကောင်စီ အား မတရားအ သင်း ကြေငြာထား သည်မှာ မကြာလှ သေးသော ကာလဖြစ်သည်။

ကျွန်တော် လိုလူမျိုး နဲ့ ဆက် သွယ် ပြောဆို ရင် ဆရာ့အတွက် အန္တရယ်မရှိနိုင်ဘူးလား ဟု ပွင့်ပွင့်လင်း လင်း မေး ဖြစ်သည်။ "ကိုအောင်ထူး ရယ်ဆရာလဲ အ သက်ကြီး လှပါပြီ။ ပြောစရာ ရှိတာတော့ ပြောမှာဘဲ။ သူတို ့မကြိုက်လို ့ဖမ်းခြင်လဲ ဖမ်းကြပါစေ။ သတ်ခြင် လဲသတ်ကြ ပါစေ။” ဟူ၍ ဖြေသည်။ ဆရာ၏ အဖြေ ကိုကြား လိုက်ရ သောအခါ စိတ်ထဲမှာ လေးစား လွန်း သဖြင့် ငိုင်သွား မိသည်။

ဟုတ်မ ဟုတ်တော့ မသေချာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အ နေဖြင့် ရွှေဂုံတိုင် ကြေငြာချက် ပါရပ်တည် ချက်အတိုင်း၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံ၊ ကြားဖြတ် ရွေးကောက် ပွဲမဝင်၊စစ်အစိုးရ တည်ထောင် ထားသော လွှတ်တော် မတက်ရန် မူလက ဆရာ့တွင်သဘော ထားရှိခဲ့ ကြောင်း ကြားရ သောအခါ ထပ်ဆင့်လေးစားမိသည်။ ပါတီအ တွင်းအများ ဆန္ဒအရ ဆရာ့ဘက်က လိုက်လျော ခဲ့ရ သည် ဆိုလျှင်လည်း အပြစ်မ တင်ရက်ပါ။သို့ရာတွင် ယခုအချိန် အ ထိ ဖွဲ့စည်းပုံ၏ အခြေခံကြော ရိုးများကိုထိထိရောက် ရောက် ပြင်ဆင်နိုင် မည့် အလားအလာ ဝေးရုံသာ မက မည် သည့် အပိုင်းများ အားမည်သို့ပြင်ဆင် သွားမည်ဖြစ် ကြောင်းကို ပင် အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်က လူထုအား ရှင်းပြသည့် တိကျသော လုပ်ငန်းစဉ်ကို မကြားရ သေးသော အခါ ရင်လေးမိသည်။

ဒုတိယ အကြိမ် ဆရာနှင့် ဆက်သွယ်ဖြစ် သည်မှာ (၁၉၇၄- ရ၆) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဆလိုင်းကိုတင် မောင်ဦး၏ အတ္ထုပတ္တိ ကိုစာရေး သူပြုစုပြီးခဲ့ ချိန်က ဖြစ်သည်။ ကိုတင်မောင် ဦးမှာ စစ်အာဏာ ရှင်စနစ် ကိုပြတ်ပြတ် သားသားဆန့်ကျင်ခဲ့ရာတွင် သူ့ခေတ်သူ့အခါ၌ ကျော်ကြားခဲ့ သူပါ။သည်လိုစာ အုပ်မျိုး ကို စစ်အာဏာ ရှင်တွေ မုန်း တီး လေ့ရှိသဖြင့် စာအုပ် နှင့်ပတ်သက်သူများ ကို ပြသနာရှာ လေ့ရှိသည်။  စာအုပ် အတွက် အမှာရေး ပေးပါရန်စာ ရေး ူက ဆရာ့အား ပန်ကြား ရာ မဆိုင်း မတွပင် လက်ခံခဲ့သည်။

စစ်အစိုးရ ကများ အရေးယူလေ မည်လားဟု ဆံခြည် တမျှင်မျှ ပင် စိုးရိမ် ပုံမရခဲ့ပါ။ စာအုပ်ထွက် ရက်နီးနေပြီဖြစ် သော ကြောင့် ဆရာသည် ဆေးရုံမှ ဆင်းပြီး ကာစ အစာ ပင်ကောင်း ကောင်းမစား နိုင်သေး သော အချိန်တွင် အ တော်ပင် ရှည်လျှား သော အမှာစာကို ရေးပေးခဲ့သည်။

ဆလိုင်း ကိုတင်မောင် ဦး၏ နှစ်ပတ်လည် နေ့အခန်း အနားကို ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့က ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမ၌ ကျင်းပခဲ့သည်။ စစ်အာဏာ ရှင်စနစ်လွှမ်းမိုးခဲ့ သည့် နှစ်ပေါင်း ၅၀ ကျော် အတွင်း ယင်းစနစ်ကို ပြတ် ပြတ် သားသားတိုက်ပွဲဝင်ခဲ့ သည့် အာဇာနည် ကျောင်းသား ခေါင်းဆောင် တဦးအားဂုဏ်ပြုပွဲ ကျင်းပ နိုင်ခြင်း မှာ လူ ထုတိုက် ပွဲ များ ကျောင်းသား တိုက်ပွဲများလက်နက်ကိုင် တိုက်ပွဲများမှ ပေါ်ထွက်လာ သည့် ရှားရှားပါးပါး ရ လာဒ် တခု ဟုပြောနိုင် သည်။

ထိုပွဲတွင်ဆရာ့အား ၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင် ဦးလှရွှေနှင့် ထိုခေတ်ကကျောင်း သားကြီးများ၊ ကိုမင်း ကို နိုင် အပါအဝင် ရှစ်ဆယ့် ရှစ်မျိုးဆက်ကျောင်းသား ခေါင်းဆောင် များ၊ ကိုကျော်က ိုကို အပါအဝင် လက်ရှိ ဗကသ ခေါင်းဆောင်များ နှင့် အတူ ရှေ့ဆုံးတန်းတွင် တွေ့မြင်ခဲ့ရသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း စာရေးသူ ရင်တွင်းတွင် အတိုင်း မသိ ၀မ်းမြောက် ဂုဏ်ယူမိသည်။ကိုတင်မောင်ဦး အတွက် သာမက တော်လှန်သော ကျောင်းသားမျိုးဆက် ကို အဆင့် ဆင့်လက်ဆင့်ကမ်း ဘို ့ကြိုးပမ်း နေကြသော ကျောင်းသား ခေါင်းဆောင်များ အားလုံးအတွက်၊ အထူးသ ဖြင့် အလံမလှဲ သည့် သတ္တိကို အိုကြီးအိုမ နှင့် ဇွဲခိုင်ခိုင်ဆက်ပြလျှက် ရှိသော ဆရာကြီးဦး ၀င်းတင် အတွက် ဖြစ် သည်။

ထိုမျှနှင့် မပြီးသေးပါ။ ဆဲဗင်းဇူလိုင် နှစ်ငါး ဆယ်ပြည့် အခန်းအနား ကိုစည်ကား သိုက်မြိုက် စွာ ကျင်းပ မည် စီစဉ် လိုက် သောအခါ စစ်အာဏာ ရှင်များကဇာတိပြန်ပြ လာပြန်ပါသည်။ တော်ဝင်နှင်း ဆီခန်းမ တွင် ကျင်းပ ခွင့်မပေး သည့်အပြင် စီစဉ်လုပ် ဆောင်နေ ကသည့် ကျောင်းသား အတော်များ များကို ပါဖမ်းဆီးမှု များပြုခဲ့ သည်။ မည်သို့ ပင် ဖမ်း ဆီးပါစေ မဖြစ်မနေ ကျင်းပမည် ဟုကိုမင်းကို နိုင် နှင့် ကျောင်းသား ခေါင်းဆောင် များက ကြေငြာပြီးကျင်းပ ပြန်သော အခါ ဆရာ ကြီးဦးဝင်း တင် အား ရှေ့ဆုံးတန်း နေရာတွင်တွေ့ရပြန်သည်။

ငါတို့ကတော့ အသက်လည်း ကြီးပါပြီ၊ အေး အေး ဆေးဆေးဘဲ နေပါတော့ မည် ဟူသောအဖိုးအို များအား စစ်အာ ဏာရှင်စနစ် ဆန် ့ကျင်ရေး တိုက်ပွဲ အတွက် ဆရာ ကြီးဦးဝင်းတင် က တပ်လှန် ့နိုးလိုက်ခြင်း မည်ပါသည်။ ကြည့် စမ်း၊ အဖိုးကြီးတောင်အိုမင်း မစွမ်းနဲ့ ရှေ့တန်းမှာ ထွက် လှုပ်ရှားနေ တယ် ငါတို့လူကြီး၊ လူလတ်၊လူငယ်တွေ ဘာ ကြောင့်ငြိမ် နေရမှာလဲ ဟု ကျန်လူထုအား လုံးကိုပါ  တပြိုင် တည်းလှုံ့ဆော်ရာ  ရောက်သည်။ ကျေးဇူးကြီး ပါသည် ဆရာကြီး ဦးဝင်းတင်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဆရာကြီးက ကော်မရှင်ကို ဝေဘန်သည့် ဆောင်းပါး တပုဒ်ရေး ခဲ့ သည်။ဟီး ---ဟီး --- ဟဲ--- ဟဲ --- ဟား--- ဟား --- ဟင်း ----ဟင်း ရယ်သံတွေဟားသံတွေ မပြံုးဘဲ ၀ါးလုံးကွဲ သံတွေ မဟုတ် ပါဘူး ဗျာတို့။ ကျုပ်ဆိုတဲ့အိုနာကျိုး ကန်းက လူအို ကလောင် အို စာအိုကိုဗျ။ ----- (ဟူ၍ အစချီကာ)နိုင်ငံရေး ပါတီ အဖွဲ့အစည်းတို ့လောကမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဆိုတာကြီး  ရှိတယ်ဗျ။ နေပြည် တော်မှာ ရုံးစိုက် တယ်ဗျ။ အဲသည်ကော်မ ရှင်ကြီးက ၂၀၁၂ ဇွန်လ ၁၈ နေ့စွဲနဲ့ စာတစောင် ထုတ်ခဲ့တယ်။ -----ကော်မရှင်ကြီး ကို တော့ မချစ်အောင့် နမ်း သောက်ရမ်း ကို ကြောက်ပါသဗျ။ရိုသေပါသဗျ။ -------- စသဖြင့် ဖြစ်သည်။

စင်စစ်အားဖြင့် ဆိုလျှင် ဤကဲ့သို့သော စာမျိုးမှာ စာပေလော က တွင်အဆင့်အမြင့် ဆုံး ဟု သတ်မှတ်ကြ လေ့ရှိ သည့် သရော်စာ Satire ဖြစ်သည်။ကော်မရှင်မှ ပုဂ္ဂိုလ်များ သည် စာနှင့် ပေနှင့် နီးစပ်ကြ ပုံမရ။ ပညာရှင် တို့၏တန်ဘိုး ကိုလည်း နားမလည်။ ဥပဒေနှင့် မူ ပို၍ အလှမ်းဝေး သည့် သဘောရှိသည်။ပညာရှင်ကြီး က မိမိတို့ကို ဆို ဆုံးမ သည် ဟူ၍ အပြု သဘောဖြင့် ခံယူရ မည့်အစားမည်သို ့သော ဥပဒေကြောင်း အထောက် အထားမျှ မပြနိုင်ဘဲ ဆောင်းပါး ရေး သားသောဆရာကြီးကို သတိပေးခဲ့ ကြောင်း သိရသည်။  တိုင်းပြည် ၏ အိမ်ဦး ခန်းမှာတင်ထားပြီး၊ လိုလေ သေးမရှိ ပြုစု စောင့်ရှောက်ထား ရမည့် ပညာရှိကြီး တဆူအားစော်ကား လိုက်ရာ ရောက်သဖြင့် စိတ် မ ကောင်း  ခြင်း ကြီးစွာ ဖြစ်မိခဲ့သည်။

သို့ရာတွင် ကော်မရှင် ၏ သတိပေး ချက်သည် နိုင်ငံရေး အမြှော် အမြင်ရှိပြီးလွတ်လပ်ရဲ တင်းစွာ ထုတ်ဖေါ်တတ် သည့် ဆရာကြီး အား မဟန့်တားနိုင်ပါ။ ၂၀၁၂ ခုနှစ်သြဂုတ်လ (၈) ရက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် နိုင်ငံရေး အရ တိုးတက်မှု တွေရှိပါသလား ဟူသော ဘီဘီစီ ၏ အမေးကို ဆရာကြီးက တပြည်လုံး သိအောင်အောက် ပါ အတိုင်း ဖြေကြားခဲ့သည်။

"ဒီမိုကရေစီ ရေးနဲ့ပတ်သက် ရင် သတင်းစာ လွတ်လပ်ခွင့်၊ နိုင်ငံရေး ပါတီတွေ လွတ်လပ်စွာ စည်းရုံးလှုပ် ရှားခွင့် စ တာ တွေ အခုအထိ အသေအချာ ကို မရှိဘူး။နိုင်ငံရေး အကျဉ်းသား တွေလဲ လွှတ်တာ မရှိသေးဘူး။ ငြိမ်းချမ်း ရေးနဲ ့ ပတ်သက်ရင်လဲ ပြောဆို ညှိနိုင်းဆက် ဆန်တာတွေ ရှိပေမယ့် တကယ်ထိ ရောက်တဲ့ပုံသဏ္ဍာန်နဲ့ မဖြစ်ဘူး။ ကချင် ပြည်နယ် မှာ ဆိုရင်လဲ တိုက်တုန်း ခိုက်တုန်းဘဲဘာမှ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘူး လို့ဘဲ ပြောလို ့ ရတယ်။ ----------- အာဏာရှင် စနစ် က ဒီကနေ ့အထိ ဂျိုးကပ်နေတုံး၊အာဏာရှင် မှိုင်းတွေ ညှော်တွေ ဟာ ဒီကနေ့ အထိ တိုင်းပြည်မှာ လွှမ်းမိုး နေတုံးဘဲ ရှိသေး တယ်။”

စစ်အာဏာ ရှင်စနစ်၊အာဏာရှင် စနစ် ဟူသော စကားလုံး များမှာ စစ်အစိုး ရ၏ အပေါ်ယံ လိုက်လျော မှုများအောက် တွင် နိုင်ငံရေး သမား အများ စုကြီး အကြား၌ ရေပန်းမစား လှတော့ပါ။အလွန် အနည်းစု ကလေး မှ လွဲ၍ သုံးနုန်း သံ ကျယ် ကျယ် လောင်လောင်မကြားရ သလောက်ဖြစ် နေပါပြီ။ ဤကဲ့သို့ သောအချိန် ပြည်တွင်းစစ်အာ ဏာ ရှင်အုပ် ချုပ်မှု အောက်တွင် ရှင်သန် လှုပ်ရှား လျှက်ကပင် ဆရာကြီး ကမကြောက် မရွံ့ လူသိ ရှင်ကြား ထုတ် ဖေါ်လိုက်ပါပြီ။  ထိုမျှနှင့် မပြီး သေးပါ။ထိုနေ့ တနေ့တည်း မှာပင် ဆရာကြီး က အာရ်အက်ဖ် အေ ရုပ်မြင် သံကြား အစီအစဉ် တွင်အောက်ပါ တိုင်း တိတိ ကျကျ ထပ်မံ ထောက်ပြ သွားခဲ့သေး သည်။

"အာဏာရှင် စနစ်ဟာ ဒီကနေ ့အထိ ရှိနေတုန်းဘဲ။ ဒီကနေ ့အစိုးရ ဟာလဲ အာဏာရှင် တွေက ဘောင်းဘီ ချွတ်ထား တဲ့ အစိုးရဖြစ် တယ်။”

သွေးထွက် အောင်သာမက ငယ်ထိပ် တည့်တည့် သံနှင့် ရိုက်သလို မှန်လိုက်လေ ဆရာကြီးရယ် လို ့သာရင့်ကျူး လိုက် ခြင်ပါသည်။ အမှန်ကို အမှန် အတိုင်း ပြတ်သားစွာ ပြောရဲသည့်သတ္တိသည် ဆရာကြီး၏ သမိုင်း ဖြစ်သွားပါပြီ။

ကဗျာဆရာ ၀င်းတင့် ထွန်းက ၄င်း၏ "နိုးနေသော လင်္ကာသည်” အမည်ရှိ ကဗျာစာ အုပ်တွင် "လူတိုင်း လူတိုင်း ကိုယ့် သမိုင်းကိုယ် ဘယ်လိုရေး မလဲ၊ ရွေးချယ် ပိုင်ခွင့် ရှိပါတယ်” ဟုစပ်ဆိုခဲ့ဘူး သည်။ ဆရာကြီး ဦးဝင်းတင် သည် သူ့ဘ ၀  အတွက် လှပ ဂုဏ်ပြောင်သောသမိုင်းစာ မျက်နှာများ ရေးသား လျှက်ရှိ နေပြီမှာ အငြင်း မပွားပါ။

ဆရာကြီး တွင် ငွေမရှိ၊ အာဏာ မရှိ၊ မယ်မယ်ရ ရရုပ်ဝတ္တု  ပိုင်ဆိုင်မှု ဘာမျှမရှိပါ။ သို့ရာတွင် လူ့လောက ၌တန်ဘိုး မဖြတ်နိုင် သော အရာများ ရှိသည်။အထူးသဖြင့် ဆရာကြီး တွင် အမှန်တရား ကို မြတ်နိုး သည့် စိတ်ဓါတ် ရှိသည်။အ မှန်တရား ကို မကြောက်မရွံ့ ထုတ်ဖေါ်ပြော ရဲသည့် သတ္တိ ရှိသည်။ အမှန်တရား အတွက်တိုက်ပွဲဝင် ရဲသည့် ရပ် တည် ချက်ရှိသည်။

ဆရာကြီးသည် စစ်အာဏာ ရှင်များ လွန်မင်း စွာစိုးရွံ့သော လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ကို ပိုင်ပိုင် နိုင်နိုင် သုံး လျှက် လူထုတ ရပ်လုံးငြိမ်းချမ်း ပျော်ရွှင်သော ဘဝကို ရရှိခံစား စေရန် စေတနာ ရိုးဖြင့်စွမ်းစွမ်း တမန် ကြိုးပမ်း နေ သူ ဖြစ်သဖြင့် လူဖြစ်ရ ကျိုး အနပ်ဆုံး နှင့်တန်ဘိုး အရှိဆုံး ပုဂ္ဂိုလ်များ အနက် တဦး အပါ အဝင် ဖြစ်ကြောင်း အလေး အနက်အသိ အမှတ်ပြု ပါသည်။ ဆရာကြီး သက်တော် ရာကျော်ရှည် ပါစေကြောင်းဆုတောင်း မေတ္တာပို့သရင်း ဤ ဆောင်း ပါးငယ် ဖြင့် ဂုဏ်ပြုအပ် ပါသည်။