TNLA တပ်များနှင့် အစိုးရ တပ်မ (၇၇) တပ်ဖွဲ့ များ တိုက်ပွဲဖြစ်

TNLA တပ်များနှင့် အစိုးရ တပ်မ (၇၇) တပ်ဖွဲ့ များ တိုက်ပွဲဖြစ်
by -
ရွှေဟင်္သာ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် လှုပ်ရှားနေသော တအာင်း လွတ်မြောက်ရေး တပ်မတော် ကို အစိုးရ တပ်မ (၇၇) စစ်ကြောင်းများက လိုက်လံ စစ်ဆင်နေလျှက် ရှိရာ မတ်လ (၁၈)ရက်နေ့ ညနေ (၆)နာရီ အချိန်၌ ကျောက်ဖြူ ကျေးရွာ နှင့် ပန်လုံ(ပန်လော) ကျေးရွာ ကြားတွင် နာရီဝက် ကျော််ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA ပြန်ကြားရေး ဌာနမှ ဆိုပါသည်။

ယင်းတိုက်ပွဲ တွင် TNLA အမှတ် (၂) စစ်ဗျူ ဟာမှ တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ ဖက်မှ ထိ ခိုက်မှု မရှိဟု ဆိုပါသည်။ အစိုးရတပ် များသည် လက်နက်ကြီး ပစ်အားများ အလွန်အကျွံသုံး သော်လည်း ထိခိုက်မှု မရှိဟု ဆိုပါသည်။

တိုက်ခိုက် မှုများသည် အမိန့်အရ လိုက်လံတိုက်ခိုက် နေခြင်းဖြစ်ပြီး ထိပ်တိုက် ရင်ဆိုင်မှုထက် မလွှဲမရှောင်သာ တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ယူဆကြောင်း TNLA ဖက်က ဆိုပါသည်။

တပ်မ (၇၇) တပ်များသည် တိုက်ပွဲ ထက် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပိုမို ကျူးလွန်နေခဲ့ကြောင်း၊ ရိုက်နှက်ခြင်း၊ ပစ္စည်းသိမ်းခြင်းနှင့် အမျိုးသမီး များအား နှောက်ယှက်ခြင်း ပြုလုပ်ကြ သည်ဟု ဆိုပါသည်။

TNLA နှင့် အစိုးတပ်များသည် နှစ်ပတ်ကျော်ကြာ တိုက်ခိုက်မှုများ ရပ်စဲလာသည်မှ စပြီး ယမာန်နေ့တွင် တိုက်ပွဲ ပြန် လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အပစ် အ ခတ် ရပ်စဲခြင်း မရှိသေးသော TNLA သည် စစ်ဗျူဟာ (၃)ခုဖြင့် ဘိန်းပင် ဖျက်ဆီးမှု စစ်ဆင်ရေးများကို ပြီးခဲ့ သည့် ဇန္နာဝါရီ လဆန်းက တည်းက ပြုလုပ်ခဲ့ပါသည်။ မိုးမိတ် ကျောက်မဲ နမ့်ခမ်း မြို့နယ် နှင့် ပန်းဆေး ဒေသ များမှ ဘိန်းခင်းဧက (၆၀၀) ကျော် ဖျက်ဆီး နိုင်ခဲ့သည်ဟု ဒေသခံ များက ဆိုပါသည်။

တိုက်ပွဲများ အကြိမ် (၃၀)ခန့် ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်များဖက်မှ အရာရှိများ အပါ၀င်  (၂၀)ဦး ခန့် ကျဆုံးပြီး (၃၀) ခန့် ထိခိုက်ဒါဏ်ရာ ရဖွယ် ရှိနေသည်ဟု ဆိုပါသည်။