လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယ အကြိမ် ညီလာခံ စတင်ကျင်းပ

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယ အကြိမ် ညီလာခံ စတင်ကျင်းပ
by -
ရွှေဟင်္သာ

လက်နက် ကိုင်တိုင်းရင်း သားအဖွဲ့ (၁၇)ဖွဲ့မှ ကိုယ်စားလှယ် များနှင့် လေ့လာ သူပေါင်း တစ်ရာခန့်ရှိသည့် ကိုယ်စားလှယ် များသည် ကရင်အမျိုး သား အစည်းအရုံး (KNU) တပ်မဟာ (၇) စခန်း ဌာနချုပ် လေးဝါး (ခေါ်) လောခီးလာ စခန်း ၌ ဒုတိယ အကြိမ် သမိုင်းဝင် ညီလာခံ ကို ယနေ့ စတင် ကျင်းပ လိုက်ခြင်း ဖြစ်သည်ဟု  အခမ်း အနားသို့ ရောက် ရှိနေ သော ရွှေဟင်္သာ သတင်း ထောက်မှ ဆိုပါသည်။

ဒုတိယအကြိမ် လက်နက်ကိုင် တိုင်းရင်းသားများ ညီလာခံကျင်းပစဉ်

ရှေးဦးစွာ သဘာပတိ အဖြစ် (KNU) ဥက္ကဌမှ တာဝန်ယူပြီး အရန် သဘာပတိ အဖြစ်ပအိုဝ့် အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) မှ ဥက္ကဌ ခွန်မြင့် ထွန်း နှင့် ပလောင်ပြည် လွတ်မြောက် ရေး တပ်ဦး (PSLF) မှ ဥက္ကဌ  ဗိုလ်မှူး ကြီး တာ့အိုက်ဖုန်း တို့က တာဝန် ယူပြီး  အခမ်း အနား စတင် ကြခြင်း ဖြစ်ပြီး ညီလာခံ အကျိုးဆောင် များအဖြစ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် (ALP) မှ စောမြ ရာဇာ လင်း တို့က ဆောင်ရွက် ကြ ပါသည်။

ညီလာခံ သို့ ကချင်ပြည် လွတ်လပ် ရေး အဖွဲ့ (KIO) ၊ ပလောင်ပြည် လွတ်မြောက် ရေး တပ်ဦး (PSLF)၊ ရှမ်းပြည် တိုး တက် ရေး ပါတီ (SSPP/SSA), ရှမ်းပြည် ပြန် လည် ထူထောင် ရေး ကောင်စီ (RCSS/SSA), ကရင်နီ အမျိုးသား တိုး တက် ရေး ပါတီ (KNPP), ကရင် အမျိုးသား အစည်းအရုံး (KNU), မွန်ပြည် သစ် ပါတီ (NMSP), ပအိုဝ့် အမျိုးသား လွတ် မြောက်ရေး အဖွဲ့(PNLO), ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ (ALP), ချင်း အမျိုးသား တပ်ဦး (CNF), ဒီမိုက ရေစီ အကျိုးပြု ကရင့်အမျိုး သားတပ်မတော် (DKBA), ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) အဖွဲ့ တို့ တက်ရောက် ခဲ့ကြပါသည်။

ကျောင်းသား တပ်မတော် (ABSDF) အဖွဲ့ကမူ လေ့လာသူ အဖြစ် ကိုယ်စားလှယ် (၃) ဦး တက်ရောက် ခဲ့ပါသည်။ထို့ ပြင် လားဟူ ဒီမိုကရက် တစ် ယူနီယံ (LDU),“ဝ” အမျိုးသား အစည်းအရုံး (WNO), ရက္ခိုင် တပ်မတော် (AA), ရခိုင် အမျိုးသား ကောင်စီ (ANC), မိုင်းလား အဖွဲ့ (MNDAA) သို့ အသီးသီး တက်ရောက် ခဲ့ကြသည်။

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကမူ ဖိတ်စာ နောက်ကျ သဖြင့် ပြန်လည် သုံးသပ်ချိန် နှင့် ဘာသာပြန်ချိန် မရသဖြင့် ယခု ညီလာခံသို့ တက် ရောက်လာ နိုင်ခဲ့ခြင်း မရှိတော့ ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က ဆိုပါသည်။

ညီလာခံ အစီစဉ်အရ ပထမနေ့ တွင် တစ်နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) မှရေးဆွဲ ထား သည့် အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အား တင်သွင်းပြီး ပညာရှင်များ နှင့်အတူ အဖွဲ့ အစည်း ကိုယ်စား လှယ် များက သုံးသပ် ဆွေးနွေး သွားကြရန် ရှိပါသည်။

ထိုတင်ပြ ချက်အား တစ် နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ် မူချော ဖြစ်လာနိုင်ရန် အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ၏ ဘုံ သဘော တူညီချက် တစ်ခု ချမှတ် နိုင်ရန် ဆွေးနွေး ကြရမည်ဖြစ် ပါသည်။

ဒုတိယ အကြိမ်မြောက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယ အကြိမ် ညီလာခံ သည် နိုင်ငံရေး ဆွေးနွေး မှုများမှ တဆင့် စစ်မှန် သည့်ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရန် အရေးကြီးသည့် ခြေလှမ်း တစ်ရပ် ဖြစ် ကြောင်းသဘာပတိ ဖြစ်သူ KNU ဥက္ကဋ္ဌ မူတူး ဆေးဖိုး မှအဖွင့် မိန့်ခွန်းတွင် ထည့် သွင်း ပြောကြား ခဲ့ပါသည်။

အစီစဉ် အရ ညီလာခံ ဆုံးဖြတ်ချက် များကို သက်ဆိုင်ရာ မိခင် အဖွဲ့အစည်း များအားပြန်လည် တင်ပြ၍ သဘော တူ ညီချက် ရယူကြမည် ဖြစ်သည်။ ဤကဲ့သို့ အပြန်အလှန် အကြေအလည် ဆွေးနွေး ကြပြီးမှ တိကျသော နိုင်ငံရေး ဆွေး နွေးမှု မူဘောင် (Political Framework) ဖြင့်  အစိုးရ ကိုယ်စား လှယ်များ နှင့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ် အ ခတ်ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးသည့် ကိစ္စကို ဆွေးနွေး ကြမည် ဖြစ်ပါသည်။

တိုင်းရင်း သား အဖွဲ့များ သည် တိကျသော နိုင်ငံရေး ဆွေး နွေးမှု မူဘောင် (Political Framework) သဘောတူ ပြီးမှ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက် မှတ် ရေးထိုးနိုင် မည် ဖြစ်သလို တစ်နိုင်ငံ အတိုင်းအတာ အပစ်အခတ် ရပ်စဲ ရေးလက်မှတ် ရေးထိုး ပြီးမှသာ နိုင်ငံရေး ဆွေးနွေးမှု အပိုင်းအား ဆက်လက် အကောင် အထည် ဖော်သွားရန် ဖြစ် သည်ဟု ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင် ရေး အဖွဲ့ဝင်များ မှ  ဆိုနေပါသည်။

ညီလာခံ ကျင်းပရေး ကော်မီတီ သည် ညီလာခံမှ ဆုံးဖြတ် လိုက်သည့် သဘော တူညီချက် များကိုညီလာခံ ပြီးဆုံး သည့်  ညနေ (၄) နာရီခွဲ တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး မီဒီယာ များအား အသိပေး သွားမည် ဖြစ်ပါ သည်။