အစိုးရနှင့် တွေ့ဆုံ ပွဲကို ပြည်ထောင်စုနေ့ ပြီးမှ ကျင်းပလိုဟု NCCT ဆို

အစိုးရနှင့် တွေ့ဆုံ ပွဲကို ပြည်ထောင်စုနေ့ ပြီးမှ ကျင်းပလိုဟု NCCT ဆို
by -
ရွှေဟင်္သာ

တိုင်းရင်းသား အဖွဲ့ အစည်းကြား အပစ် အခတ် ရပ်စဲရေး နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စ ရှင်းလင်း တင်ပြရန် နှင့် အမြင်ချင်း ဖလှယ်ရန် အချိန် လိုအပ် နေသေးသည့် အတွက် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ပြည်ထောင်စုနေ့ နောက်ပိုင်း အထိရွှေ့ဆိုင်းရန် တစ်နိုင်ငံ လုံးဆိုင်ရာ အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ကဆုံးဖြတ် သည်ဟု အဖွဲ့ဝင် တဦးဖြစ်သူ ကရင်ငြိမ်း ချမ်းရေး ကောင်စီမှ ဗိုလ်မှူးချုပ် တိမသေက ဆိုပါသည်။

“ ဒီကိစ္စ တွေက တိုင်းရင်းသား တွေအတွက် သိပ် အရေးကြီး တယ်။ လောလို့ မဖြစ်ဘူး။ အချင်းချင်း အသေ အချာ ညှိနှိုင်းပြီးမှ လုပ်ရ လိမ့်မယ်။ ပြီးတော့ အားလုံး ပါ၀င်ဖို့လည်း လိုပါတယ်။ ဒီတော့ အချိန်က သိပ်နီး နေတော့ အကောင် အထည်ဖေါ် ဖို့က မလွယ် ဘူးလေ။ ဒါကြောင့် အချိန် ရွှေ့ဆိုင်း သင့်တယ်လို့ ဆုံးဖြတ် လိုက်တာပါ” ဟု ဆိုပါ သည်။

(NCCT) သည် ပြည်ထောင်စု နေ့ နောက်ပိုင်း သို့ ရွှေ့ဆိုင်းမည်ဟု အစိုးရ ပြည် ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင် ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင် မင်းတို့ အား တင်ပြရာ ၄င်းတို့ လက်ခံသည် ဟု (MPC) အဖွဲ့ဝင် ဦးညို အုန်းမြင့် က ဆို ပါသည်။ ဤသို့ ကြောင့် ယခင်က ဇန္နာဝါရီ လကုန်ပိုင်း တွင် ကရင်ပြည်နယ် ဖါးအံမြို့၌ တွေ့ဆုံ ဆွေးနွေးရန် ချိန်းဆို ထားမှုသည် ယခု ဖေဖေါ်ဝါရီ တတိယ အပါတ်သို့ ရွှေ့ဆိုင်း သွားခဲ့ခြင်း ဖြစ်ပါသည်။

(NCCT) သည် လာမည့် ဇန္နာ ၀ါရီလ (၂၀) ရက် နေ့တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) နယ်မြေ လေးဝါးခေါ် လောခီးလာ စခန်းတွင် ဒုတိယ အကြိမ် လက်နက် ကိုင် တိုင်းရင်း သား ညီလာခံ ကို ကျင်းပ မည်ဖြစ်ပါ သည်။ ဤညီ လာခံ၌ အကြေအလည် ဆွေးနွေးရန် လိုအပ် သဖြင့် အချိန်ကြန့် ကြာ နိုင်ပါသည်။ ထို့အပြင် ရရှိ လာသော ဆုံးဖြတ် ချက်များ ကို လည်း တက်ရောက် နိုင်ခြင်း မရှိခဲ့ သော တိုင်းရင်း သား အဖွဲ့များ အား လိုက်လံ ရှင်းလင်း တင်ပြရန် လည်း လိုအပ်ပြန် ပါသည်။ ဤကဲ့သို့ ရှင်းလင်း တင်ပြပြီး မှ  ၄င်းတို့၏ ဆန္ဒ အမြင်များ ကို ရရှိမည် ဖြစ်ပါသည်။

ဤကဲ့သို့ သော လုပ်ငန်းများ ရှိနေသဖြင့် အစိုးရ ကိုယ်စား လှယ်များ နှင့် ချိန်းဆို ထားသော ဇန္နာဝါရီ လကုန် ပိုင်း ဆွေးနွေးမှု သည် မည်သို့မှ မဖြစ်နိုင် သဖြင့်  ရွှေ့ ဆိုင်းရန် လိုအပ်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးချုပ် တိမသေက ဆိုခြင်းဖြစ် ပါသည်။

မူလ အစီစဉ်တွင် ဇန္နာဝါရီ (၂၄)ရက် တွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ၏ ဒုတိယ ညီလာခံ ပြီးဆုံးပြီး နောက် လကုန် ပိုင်းတွင် အစိုးရ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေး ရန် လျာထား ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ (MPC) ကိုယ်စားလှယ် များသည်  (NCCT) အဖွဲ့နှင့် ဆွေးနွေး နိုင်ရန် ပြီးခဲ့သည့် ဇန္နာဝါရီ လ (၉) ရက်နေ့ တွင် ထိုင်းနိုင်ငံ ဇင်း မယ်မြို့့သို့ ရောက်ရှိခဲ့ ပါသည်။ လမ်းပြမြေပုံ ရရှိသည် အထိ ဆွေးနွေး လိုကြောင်း အဖွဲ့ဝင် ဦးညိုအုန်းမြင့်က ဆိုပါသည်။

သို့သော် (NCCT) အဖွဲ့ဝင် များသည် နိုင်ငံ တကာကျွှမ်းကျင် ပညာရှင် များနှင့် အတူ၊ အစိုးရနှင့် နိုင်ငံရေး အရ ဆွေး နွေးရာတွင် လိုအပ်မှု အပိုင်းများ ကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် အမြင်ချင်း ဖလှယ် နေကြချိန် နှင့် တိုက်ဆိုင် နေပါ သည်။  ယင်းအလုပ်ရုံ ဆွေးနွေးပွဲ မျိုးကို  ဇန္နာဝါရီလ (၉) ရက်နေ့မှ (၁၀) ရက်နေ့ အထိ တကြိမ် နှင့် ဇန္နာ ၀ါရီလ (၁၃)ရက်နေ့ မှ (၁၅) ရက်နေ့ အထိ တကြိမ်၊ နှစ်ကြိမ် ကျင်း ပကြပါသည်။ ဤ အလုပ်ရုံ ဆွေးနွေး ပွဲများကို (NCCT) ခေါင်းဆောင် ဖြစ် သည့် နိုင်ဟံသာ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူး ဝင်း နှင့် KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆွမ်လွတ် ဂွမ်မော် တို့အပါ၀င် အဖွဲ့ဝင် (၁၅) ဦးဖြင့် ကျင်း ပနေခြင်း ဖြစ်ပါသည်။

(NCCT) အဖွဲ့သည် ပြီးခဲ့ သည့် နိုဝင်ဘာ (၂) ရက်နေ့တွင် ကချင် လွတ်လပ်ရေး အဖွဲ့ဌာနချုပ် (လိုင်ဇာမြို့)တွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ များ၏ ပထမ အကြိမ် ညီလာခံမှ ဖွဲ့စည်း ပေးထား ခဲ့ခြင်း ဖြစ်ပါ သည်။ ၄င်းတို့၏ တာဝန် များမှာ လက်နက်ကိုင် တိုင်းရင်းသားများ ညီလာခံမှ ချမှတ် သည့် ဆုံးဖြတ် ချက်များ ကို အစိုးရနှင့် ဆွေးနွေး ရန်ဖြစ် ပါသည်။ ဤသို့ကြောင့် (NCCT) အဖွဲ့တွင် လက်နက် ကိုင် တိုင်းရင်း သား အဖွဲ့အစည်း တိုင်းမှ အရေးကြီး ပုဂ္ဂိုလ် များဖြင့် စုဖွဲ့ခဲ့ ကြ ပါသည်။

Most read this week