လမ်းပြမြေပုံချောရရှိသည်အထိ MPC အထူးအဖွဲ့ NCCT နှင့် ညှိနှိုင်းမည်

လမ်းပြမြေပုံချောရရှိသည်အထိ MPC အထူးအဖွဲ့ NCCT နှင့် ညှိနှိုင်းမည်
by -
ရွှေဟင်္သာ

တနိုင်ငံလုံး အတိုင်း အတာဖြင့် အားလုံး ပါ၀င်နိုင်သော နိုင်ငံရေး အခင်း အကျဉ်း ပုံစံရ ရှိရေး အတွက် လက်နက် ကိုင် တိုင်းရင်း သားများ၏  တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာညှိ နှိုင်းရေး အဖွဲ့ (NCCT) နှင့် အသေးစိပ် ညှိှနှိုင်း ရန် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အထူး အဖွဲ့သည် ဇန္နာဝါရီ (၉)ရက်နေ ့တွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို ့သို့ရောက် ရှိနေကြောင်း ပြောခွင့်ရသူ ဦးညိုအုန်းမြင့်ကဆိုပါသည်။

“ဒီတပတ် ကတော့ နှစ်ဖွဲ့ဆိုတာ မျိုးထက် တဖွဲ့တည်း ဖြစ်အောင်နဲ ့နှစ်ဖက် လက်ခံနိုင်မယ့် မူချောကိုရတဲ့ အထိ ညှိနှိုင်းဖို ့ရောက် လာ တာဖြစ်တယ်။ ကျနော် တို့ ကတော့ နည်းပညာ အဖွဲ့ဖြစ် တယ်။ အဆုံးအဖြတ် မပေးနိုင်ပေမယ့်ဒီတခေါက် မှာတော့ နှစ်ဖက်လက် ခံနိုင်တဲ့မူချော တခုရတဲ့ အထိ ညှိနှိုင်း ခွင့်ရခဲ့ပါတယ်။” ဟု ဆိုပါသည်။

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေး ထိုးနိုင် ရန်အတွက် (NCCT) သည် လက်နက် ကိုင်တိုင်းရင်း သား အဖွဲ့များ ကိုကိုယ် စားပြုသလို ယခုရောက် ရှိလာသော (MPC) နည်း ပညာ အဖွဲ့သည် လည်း  အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော် မီတီကို ကိုယ်စားပြုသည် ဟုဆိုပါသည်။

(MPC) အဖွဲ့၏ ယခုခရီး စဉ်သည် လည်း ဤကဲ့သို့ နှစ်ဖွဲ့ မျိုးဖြစ်နေ မည့် အစား ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အတွက် လမ်းပြမြေပုံ (သို့မဟုတ်) နိုင်ငံရေး သဘော တူညီချက် (သို့မဟုတ်) ပြည်တွင်း စစ် ရပ်စဲရေး အတွက် လိုအပ်သည့်  မူချော အထိ ညှိနှိုင်း ဆောင်ရွက်ပေးနိုင် မည့်အဖွဲ့ သစ်တခု ဖြစ်ပေါ် လာရေးကို ရည်ရွယ်ကြောင်း ဦးညိုအုန်းမြင့် ကဆိုပါသည်။

ကွာဟမှု များ ၊ဝေါဟာရ ပြသနာ ၊ရည်ရွယ် ချက် အမှန်များ ၊ဘာသာ ဗေဒ အဓိပ္ပါယ် ဖွင့်ဆို ချက်၊ နားလည်မှု များအ ထိ နှစ်ဖက် လက်ခံ နိုင်လောက် သည့် အသေး စိပ် အဆင့် အထိ ပေါ်လာရန် ညှိနှိုင်းမည့် အဖွဲ့မျိုး ဖြစ်ကြောင်း၊ ဤအဖွဲ့ သည် မူများ အပါ၀င် သတ်မှတ်ချက် အချောထည် များကို သာ ဖြစ်သင့် မဖြစ်သင့် သည့် ရှုဒေါင့်မှ နည်းပညာ အရ ထုတ်ပေးမည့် တာဝန်သာ ရှိပါသည်။ နိုင်ငံရေး အဆုံး အဖြတ် ကိုမူ ၄င်းတို့ နှင့် မဆိုင်ဘဲ လက် နက်ကိုင် တိုင်းရင်း သား အဖွဲ့များနှင့် အစိုးရ ခေါင်း ဆောင်ပိုင်း အပေါ် တွင်သာ မူတည်သည်ဟု ဆိုပါသည်။

ဤကဲ့သို့ လက်တွေ့ကျသော အဖွဲ့ မျိုးကို ဖွဲ့စည်းရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ယုံကြည်မှု အဆင့် ကျော်လွန် လာခဲ့ပြီး ဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ် အခတ်ရပ် စဲရေးအတွက် လက်တွေ့ကျသော ပူးပေါင်း ဆောင် ရွက်ရေး လုပ်ငန်းပိုင်း သို့ ရောက်ရှိ လာပြီး ဖြစ်သဖြင့် လက်တွေ့ကျသော အဖွဲ့ မျိုး ဖေါ်ဆောင်ပြီး ဆောင်ရွက် သွားရန် လိုအပ်လာသည်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဤရည် ရွယ်ဖြင့် (NCCT) အဖွဲ့နှင့် ညှိနှိုင်းရန် ရောက်ရှိ လာခြင်း ဖြစ်သော် လည်း လောလော ဆယ်တွင် (NCCT) မှ အဖွဲ့ဝင် များ စုံညီစွာ မရောက် ရှိ သေးခြင်း ကြောင့် တွေ့ဆုံရက် ကို မသတ်မှတ် နိုင်သေးဟု (NCCT) အဖွဲ့ဝင် ခွန် ဥက္ကာမှ ဆိုပါသည်။

“ လောလော ဆယ်မှာ ဝေါ့ရှော့တွေ လည်း ရှိနေတယ်။ ပြီးတော့ ပဒိုကွယ် ထူးဝင်း နဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ လို အရေး ကြီးတဲ့ အဖွဲ့ဝင်တွေ လည်း မရောက် ကြ သေး ဘူးလေ။ ကျနော်လည်း ဒီနေ့မှ ဇင်းမယ် ကို သွားနိုင်မယ် ဖြစ်နေတယ် လေ” ဟု ဆိုပါသည်။

ဤအဖွဲ့ အား (MPC) အတွင်း ရေးမှူး ဖြစ်သူ သမ္မတ ရုံး ဒုတိယဝန်ကြီး ဦး အောင်သိန်းဦး ခေါင်းဆောင်ပြီး ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးညို အုန်းမြင့် နှင့် ဥပဒေ ဌာနမှူး ဦးသီဟ မျိုးညွန့် တို့ ပါ၀င် ခဲ့ပါသည်။ဤ ခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၂၉)ရက်နေ့ တွင် ရောက်လာသော ၀န် ကြီး ဦးအောင်မင်း ခေါင်းဆောင် သည့်  ခရီးစဉ်ပြီးတွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။