ထိုင်းနှစ်သစ်ကူး ၅ ရက်တာကာလအတွင်း လူ ၃၃၄ သေဆုံးခဲ့

ထိုင်းနှစ်သစ်ကူး ၅ ရက်တာကာလအတွင်း လူ ၃၃၄ သေဆုံးခဲ့
by -
ရွှေဟင်္သာ

ထိုင်းကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ နှစ်သစ်ကူး (၅) ရက်တာကာလဖြစ်သော ဒီဇင်ဘာ (၂၇) ရက်နေ့မှ (၃၁) ရက်အတွင်း  လူပေါင်း (၃၃၄) ဦးသေဆုံးပြီး လူပေါင်း (၃၀၄၁) ဦးဒါဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန် ထားသည်။

အထူး သဖြင့် ကားတိုက်ခြင်း မှောက်ခြင်း၊ ဆိုင်ကယ် တိုက်ခြင်း မှောက်ခြင်းကြောင့် ဖြစ် သည်ဟု ဆိုပါသည်။ ယာဉ်တိုက်မှု နှင့် တိမ်းမှောက်မှု များသည်လည်း  အများစုသည် အရက်မူးပြီး ယာဉ်မောင်း မှုကြောင့် ဟု  ့ထိုင်း ကျန်းမာရေး ဌာနမှ ထုတ်ပြန်ထားသည်။

ယာဉ်တိမ်းမှောက်မှု ဆိုးကြိးမြင်ကွင်း

ထိုင်းနိုင်ငံ၏ ဘေးအန္တရာယ် အရှိဆုံး သတ်မှတ် ရက်  (၇) ရက် သည် ဒီဇင်ဘာ ၂၇ ရက်နေ့မှ နှစ်ဆန်း ဇန္နဝါရီလ ၂ ရက်နေ ့များတွင်  အန္တရာယ်လျှော့ချရေးကိုနိုင်ငံတော်အဆင့်ဖြင့် သတိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သော်လည်း လိုက်နာမှုအားနည်းလျှက်ရှိနေဆဲဖြစ်သည်။

အရက်သောက်ပြီး ယာဉ်မောင်းလျှင်၊ ကားပေါ်တွင်အရက် သောက်မိလျှင် ဒဏ်ငွေနှင့် ထောင်ဒဏ်များ အထိ သတ်မှတ် ထားသော်လည်း ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် နှစ်သစ်ကူး ကာလတွင် သေဆုံးသူ (၃၆၅) ဦးရှိပြီး ဒဏ်ရာရ သူ (၃၃၂၉) ဦးရှိခဲ့သည်။

၂၀၁၃ခုနှစ် တွင်သေဆုံးမှု (၃၃၄) ဦး၊ ဒါဏ်ရာ (၃၃၂၉)ဦးရရှိရာမှ (၃၀၄၁) ဦး ရှိ လာ သဖြင့် အနည်းငယ် လျော့ကျလာသော်လည်း အရက် သေစာသောက်စားပြီး ယာဉ်မောင်း မှုမှဆိုးကျိုးများဖြစ်ကြောင်း ထိုင်း ကျန်းမာရေး ဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

Most read this week