နိုဝင်ဘာလ (၃၀) ရက် ည (၈)နာရီ (၁၅)မိနစ်အချိန်တွင် နမ့်ဆန်မြို့ပေါ်မှ အစိုးရ တပ်ဖွဲ့သည် နမ့်ဆန်မှ နှစ်မိုင် ကျော်ရှိသည့် ပန်ရောင်ရွေး ကျေးရွာအား လက်နက်ကြီး ဖြင့် (၁၀) ချက်မက ပစ်ခတ်ခဲ့သည်ဟု အာရမ်ကျေးရွာ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါသည်။
သူက “ အာရမ်ကျေးရွာဆိုတာကနမ့်ဆမ်မြို ့နဲ့ပန်ရောင်ရွေးကျေးရွာကြားမှာပါ။လက်နက်ကြီးပေါက်ကွဲသံနဲ့ အတူမီးလုံးတွေမြင်နေရတယ်လေ။မိုးချုပ်နေတဲ့အတွက်အထိအခိုက်တော့မသိရဘူး ထွက်ပြေးနေတဲ့ အသံတွေတော့ကြားနေရတယ်လေ။ဘာကြောင့် ပစ်တာတော့မသိဘူး။အကြောင်းမဲ့ပစ်နေတာတော့ကြာပြီး” ဟုဆိုပါသည်။
ပစ်ခတ်မှုသည်နမ့်ဆမ်မြို့ပေါ်မှပစ်ခတ်နေခြင်းဖြစ်ကြောင်း ကျေးရွာမှလူရွယ်များသည်တရုတ်ပြည်ဖက်သို့ အလုပ်လုပ်နေကြသဖြင့်ကျေးရွာ၌ သက်ကြီးနှင့် ကလေးများနှင့် အမျိုးသမီးများသာ များပြားသဖြင့် ထွက်ပြေး တိမ်းရှောင်နေကြသော အော်သံများ ကြားနေရကြောင်း ဆိုပါသည်။
အလားတူ နမ့်ဆန် တပ်မှ တပ်မမှူး သက်ဇော်ဦး နှင့် နမ့်ဆန် ပြည်သူစစ် ခေါင်းဆောင်သောထွန်မြတ်လေး တို့ အဖွဲ့သည် ပြီးခဲ့သည့် နို၀င်ဘာလ (၂၅)ရက်နေ့ နံနက်(၁၀) နာရီခန့် တွင်လည်း နမ့်ဆန်မြို့နယ် အထက်မန်လွယ် ကျေးရွာအား (၁၂၀)မမလက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင် ခဲ့ကြသည်။
အစိုးရတပ် များသည် တအာင်းလွတ် မြောက်ရေး တပ်မတော် (PSLF/TNLA) ကို အကြောင်းပြပြီး ပစ်ခတ် တတ်ကြကြောင်း တအာင်း ကျောင်းသား နှင့် လူငယ်များအဖွဲ့ (TSYU) မှ မိုင်းသိန်းဇော် ကပြောပါသည်။
သို့သော် ယခု ပစ်ခတ်မှုသည် ဤကျေးရွာသို့ (TNLA) တပ်များ မလာကြ သည်မှာ သုံးလခန့် ရှိနေပြီး ဖြစ်ကြောင်း၊ အစိုးရတပ်ဖွဲ့ များ၏ အ ကြောင်းပြချက် ကို ရှောင်ရှားသည့် အနေဖြင့် ပလောင်ပြည်သူ များမှ မေတ္တာရပ်ခံ ထားခဲ့သဖြင့် TNLA တို့ မလာကြ ခြင်းဖြစ် ကြောင်း ဆိုပါသည်။
သို့သော်လည်း နမ့်ဆမ်မြို့မှ အစိုးရ တပ်များ၏ အကြောင်းမဲ့ ပစ်ခတ်မှု သည် ရှိနေဆဲဖြစ်သည့် အပြင် စစ်ဆင်မှုများ လည်း ဆက်လက်ရှိ နေဆဲဖြစ်ပါသည်။ ဤကဲ့သို့ (TNLA )ကို ထောက်ခံ နေကြသော ပလောင် ပြည်သူများအား အစိုးရ တပ်များသည် စစ်ပြေး ဒုက္ခသည်ဘဝ ရောက်စေရန် ဖန်တီးလေ့ ရှိသည်ဟု ဆိုပါသည်။ ကျေးရွာကို စွန့်ခွာစေခြင်း၊ နေရာသစ်တွင် ဒုက္ခရောက်ရှိ စေခြင်းဖြင့် (PSLF/TNLA) အား နိုင်ငံရေးအရ အကြပ်ကိုင် ကြကြောင်း ဆိုပါသည်။
အစိုးရ တပ်များသည် ပလောင် ဒေသတွင် မူးယစ်ဆေးဝါး တရားဝင်စိုက်ခွင့် ပေးထားသလို မူးယစ်ပြသနာ ထူပြောစေရန် တရားဝင် စိုက်ခွင့် ပေးထားသဖြင့် (TNLA) မှ လိုက်လံ ဖျက်ဆီးစဉ် အစိုးရ တပ်များက ကာကွယ် ပေးခဲ့ရာမှ မကြာခဏ တိုက်ပွဲဖြစ် ပွားခဲ့ပါသည်။
အစိုးရ တပ်များသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အကြပ်ကိုင်ရာမှာ အသုံးပြုနေသည့် နည်းတနည်းမှာ လူထု စစ်ပြေးဒုက္ခသည် ဘဝသို့ ရောက်ရှိ စေခြင်းဖြင့် အကြပ်ကိုင် ခဲ့ပါသည်။ (၁၉၉၄) ခုနှစ် ကရင် အမျိုးသား အစည်း အရုံး (KNU) ကို စစ်ဆင်ရာတွင် ကရင်လူထုများ သိန်းနှင့်ချီပြီး ထိုင်း - မြန်မာနယ်စပ်တွင် ယနေ့အထိ သောင်တင်နေဆဲ ဖြစ် ပါသည်။
အလားတူ (၂၀၀၀)ခုနှစ် တချိန်က (MTA) ဟုခေါ်သည့် ခွန်ဆာတပ် (ယခု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ) ကို စစ်ဆင်ရာ တွင်လည်း ရှမ်း လူထု သိန်းချီပြီး ထိုင်းနယ်စပ်၌ ယနေ့အထိ သောင်တင် နေဆဲဖြစ်ပါသည်။ ထို့အတူ (၂၀၁၁)ခုနှစ် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ကို စစ်ဆင် ရာတွင်လည်း သိန်းနှင့် ချီသော လူထုကို စစ်ပြေး ဒုက္ခသည် ဘဝ ဖြစ်စေခဲ့ပါသည်။ အလားတူ KNPP၊ NMSP၊ SSPP အဖွဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်း ကို စစ်ဆင်ရာတွင် အစိုးရ တပ်များသည် စနစ်တရပ် အဖြစ် လူထုအား စစ်ပြေး ဒုက္ခသည်ဘဝ ရောက်ရှိစေသည့် လုပ်ရပ်ကို ကျင့်သုံးခဲ့ ပါသည်။
ဤသို့ကြောင့် (PSLF/TNLA)ကို စစ်ဆင်နေသည့် ယခုလို အချိန်တွင် ပလောင် လူထုအား နည်းမျိုးစုံဖြင့် စစ်ပြေး ဒုက္ခသည် ဘဝ ရောက်စေ လိမ့်မည်မှာ သေချာသည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) မှ သုံးသပ်ပါသည်။