ရှမ်းပြည် မြောက်ပိုင်းရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မိုးမိတ် အခြေစိုက် အစိုးရ ခမရ (၃၄၈) နှင့် ခမရ (၄၃၇) တို့၏ စစ်ကြောင်း များသည် ရှမ်းပြည် မြောက်ပိုင်း မဘိန်း မြို့နယ်တွင် လှုပ်ရှား နေသော ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၃) မှတပ်ရင်း (၁၂) တပ်ဖွဲ့များနှင့် စကနမ်ခုန် ရွာဟောင်း၌ ယနေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ (၃) နာရီ အထိ တိုက်ပွဲ ဖြစ်ပွား နေဆဲဟု အမှတ် (၁၂) KIA တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဂျွှမ်းအောင်က ဆိုပါသည်။
“သတင်း ပေါက်ကြားမှု မရှိအောင် တောလမ်း ကနေ ချီတက် လာတယ်။ ရွာတွေကို လျှပ်တပြက် ၀င်ပြီး၊ လူတွေကို ရွာပြင် မထွက်ရ အမိန့် ထုတ်ပြီး၊ ရွာထဲမှာ ရှိတဲ့ ဖုန်းတွေကို ပိတ်ခိုင်း ပါတယ်။ အဲဒီလို ချီတက် လာတော့ ကျနော်တို့ သတင်း မရ လိုက်ဘဲနဲ့ ဒီမနက်မှာ ကျနော်တို့ တပ်ရေး ဗိုလ်ကြီး ဦးစီးတဲ့ အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ခဲ့ တာပေါ့ ကျနော်တို့ ဖက်က အရင် တိုက်နေ တာတော့ မဟုတ်ပါဘူး” ဟု ဆိုပါသည်။
အစိုးရ တပ်ဖက်မှ စစ်ကြောင်း (၃ ကြောင်းဖြင့် အင်အား(၂၀၀) ကျော်ရှိသည့် နည်းဗျူဟာ တခုဖြင့် စစ်ဆင် နေပြီး ယခု တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ အလောင်း (၅) လောင်း ကျန်နေ ခဲ့သဖြင့် အများအပြား ဒဏ်ရာ ရဖွယ် ရှိနေ သည်ဟု ဆိုပါသည်။ KIA တပ်ဖွဲ့မှ ဗိုလ်ကြီး တဦး အပါ၀င် တပ်ကြပ် တဦး အနည်းငယ် ဒါဏ်ရာ ရရှိ ခဲ့သဖြင့် အခြေအနေကောင်းပြီး အသာစီး ရနေကြောင်း ဆိုပါသည်။ ဤသို့ကြောင့် KIA တပ်ရင်း(၁၂) မှူးသည် ယင်း စစ်မျက် နှာသို့ အင်အား ဖြည့်တင်းရန် ရောက်ရှိ နေပြီး အထိနာ နေသော အစိုးရ စစ်ကြောင်းကို ချေမှုန်းရန် စီစဉ် နေသည်ဟု ဆိုပါသည်။
တိုက်ပွဲ ဆက်လက် ဖြစ်ပွားရန် ရှိနေပြီး၊လက်ရှိ တိုက်ပွဲ၌ အစိုးရ တပ်များသည် ၄င်းတို့၏ စစ်ကြောင်း များအားကူညီရန် အားထုတ် နေသဖြင့် ၆၀မမ နှင့် (၈၁) မမ လက်နက်ကြီး များကို အားသွန် ခွန်စိုက် အသုံးပြု နေကြကြောင်းတိုက်ပွဲသည် ညနေ (၃) နာရီ အချိန်ထိ ဖြစ်ပွား နေဆဲဟု ယင်းတိုက်ပွဲရှိ ရှေ့တန်းရောက် တပ်မှူးက ဆိုပါသည်။
အစိုးရ တပ်များသည် ဗန်းမော် အခြေစိုက်အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်ဖွဲ့ များကို အခြေခံပြီး နည်းဗျူဟာ (၄) ခုဖြင့် KIA တပ်မဟာ (၃) မှ တပ်ရင်း (၁၂) လှုပ်ရှားရာ ဧရိယာအား စစ်ဆင် နေခြင်း ဖြစ်ပါသည်။
ယမန်နေ့၌ လည်း တပ်ရင်း(၁၂)စခန်းဟောင်း ရှိရာ မန်စီ မြို့နယ် မုန်ဒိန်းပါ ကျေးရွာ အနီးရှိ ဒုက္ခသည် (IDP) စခန်းအားလက်နက် ကြီးများ ပစ်ခတ်ပြီး သိမ်းပိုက် ခဲ့ပါသည်။ ဖမ်းဆီး ထားသော ဒုက္ခသည် များကိုလည်း ဘုရားရှိခိုး ကျောင်းဝင်း ထဲတွင်ထိမ်းသိမ်း ထားခဲ့ ပါသည်။
အစိုးရ တပ်များ၏ လုပ်ရပ်သည် အစိုးရ၏ ငြိမ်းချမ်းရေး ပေါ်လစီနှင့် ပြဒါးတလမ်း သံတလမ်းလို ဖြစ်နေသည်ဟု ဆိုရ ပေမည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် အစိုး ရသည် ၄င်းတို့၏ နိုင်ငံရေး နည်းဗျူဟာနှင့် စစ်ရေး နည်းဗျူဟာ များသည် ငြိမ်းချမ်းရေးကို ရှေ့ရှု နေခြင်း မဟုတ်ကြောင်း ထင်ရှား လှပါသည်။
အစိုးရ တပ်ဖွဲ့သည် သမ္မတ၏ အမိန့်ကို မနာခံဟု ၀ါဒဖြန့် နေသည်မှာ စိတ်ဓါတ် စစ်ဆင်ရေး နည်းဗျူဟာ တခုသာ ဖြစ် ဖွယ်ရှိပါသည်။ သမ္မတ၏ နိုင်ငံ ခြားရောက် မိန့်ခွန်းများ၊ စစ်တပ်၏ အခြေခံမူ (၆) ချက်၊ ကာချုပ်၏ နိုင်ငံခြားရောက် မိန့်ခွန်း များနှင့် လက်တွေ့ ကျင့်သုံး နေသောလုပ်ရပ် များက ငြိမ်းချမ်းရေး ရလိုဖွယ်ရာ မဟုတ်ဟု ထင်ရှားစွာ ပြသ နေခဲ့ ပါသည်။
တိုင်းရင်းသား အဖွဲ့ များကမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များထိခိုက် သွားမည်ကို စိုးရိမ် နေပြီး၊ လှုပ်ရှားမှု တိုင်းတွင် အစိုးရ ဖက်မှ ဂတိ တည်မှုကိုအားကောင်းသော သက်သေများ ရှေ့တွင် ရရှိရန် ကြိုးစား နေကြ ပါသည်။ သို့သော် အစိုးရ ဖက်က မူ၄င်းတို့၏ ဂတိ ကိုပင် ၄င်းတို့ ဖက်မှ ဖေါက်ဖျက်ပြီး မိမိတို့ ဆန္ဒ အတိုင်း ရရှိရန် တိုင်းရင်းသား အဖွဲ့ များအား ၄င်းတို့ ဆန္ဒ ကိုသာ လိုက်လျော ပေးသော အဖွဲ့များ အဆင့်၌ ထားရှိ လိုပါသည်။
ဤသို့သော သဘောထား မျိုးကြောင့် တိုင်းရင်းသား အဖွဲ့များအား၄င်းတို့ ပေးခဲ့သော ပြည်ထောင်စု အဆင့် ဂတိများနှင့် ပြည်နယ် အဆင့် ဂတိများမှ ကျောခိုင်း ခဲ့ခြင်း ဖြစ်ပါသည်။ အပစ်ရပ် ထားသော အဖွဲ့ များအားလည်း အချိန်မရွေး တိုက်ခိုက် နေခဲ့ခြင်း ဖြစ်ပါသည်။ ယခုလည်း KIA နှင့် မကြာ ခင်က တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်းတပ်မဟာ (၃) တွင် ယခု တိုးပြီး စစ်ဆင် ခဲ့ပါသည်။
ဤအခြေ အနေကြောင့် လာမည့် အောက်တို ဘာလ ကုန်တွင် ကျင်းပသော တိုင်ရင်းသား အဖွဲ့ များ၏ သမိုင်းဝင် လိုင်ဇာ ဆွေးနွေး ပွဲကို ဖိအား ပေးနေ သလိုထိခိုက် လာနိုင် ဖွယ်ရာလည်း ရှိနေမည် ဖြစ်ပါသည်။