ခြစားမှုတိုက်ဖျက်ရေးအတွက် လွှတ်တော်အမတ်မှ ပြည်နယ်အစိုးရအားတင်ပြ

ခြစားမှုတိုက်ဖျက်ရေးအတွက် လွှတ်တော်အမတ်မှ ပြည်နယ်အစိုးရအားတင်ပြ
by -
ရွှေဟင်္သာ

တယ်လီဖုန်းဆင်းကဒ်ခွဲတမ်းများ ဖြန့်ဖြူး ရာတွင် ခြစား မှုများ ရှိခဲ့သဖြင့် အရေးယူရန် ပြည်နယ် အစိုးရအား တင်ပြ ခဲ့ကြောင်း မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်ပြည်နယ်လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးက ဆိုပါသည်။

“သူတို့က ဆိုကရေးတီး အတွက် ဆိုပြီး တစ်ရွာကို တစ်ကဒ်ဆီ နှုတ်ပြီး ၄၅ ကဒ်ကို ပြင်ပ ပေါက်စျေးနဲ့ ပြန်ရောင်း လိုက်တယ်၊ အဲတော့ ပိုဒ်ဆံ (၄၇) သိန်း ရတယ်၊အဲဒီ ပိုက်ဆံ ထဲက ဆိုကရေးတီးမှာ (၁၁) သိန်း ထည့်လိုက်တယ်၊ ကျန်တဲ့ (၃၆) သိန်းနဲ့ (၂)သောင်းကို ငွေတိုး ချစား ထားတယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

phophtaw17101

မွန်ပြည်နယ် ချောင်းဆုံ မြို့နယ် အုပ်ချုပ် ရေးမှူးသည် ချောင်းဆုံ မြို့နယ်ရှိ ကျေးရွာပေါင်း (၄၅) ရွာ အတွက် ရရှိထား သည့် တယ်လီဖုန်း ဆင်းကဒ် ခွဲတမ်း ထဲမှ တစ်ရွာလျှင် တစ်ကဒ်နှုန်း ဖြတ်ယူ၍ ပြင်ပ ပေါက်စျေးဖြင့် ရောင်းချ ခဲ့သည်ကို ပြည်နယ်လွှတ်တော် အမတ်က စုံစမ်း သိရှိ ခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် တယ်လီဖုန်း ဆင်းကဒ် ခြစားမှုအား ချောင်းဆုံ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ထွန်းသိန်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးအား တာဝန်ယူ ရောင်းချစေခဲ့သော်လည်း ၄င်းကိစ္စအား ဦးအောင်ထွန်းသိန်း မှ ရောင်းချရန်ခိုင်းစေ ခဲ့ခြင်း မဟုတ်ကြောင်း ငြင်းချက် ထုတ်ခဲ့သည်။

သို့သော် ဤမသမာ မှုများကို ပြည်သည် လူထုမှ တိုင်ကြားသဖြင့် ကွင်းဆင်း စစ်ဆေးရာမှ တွေ့ရှိ ခဲ့ရခြင်း ဖြစ်ပြီး မြို့နယ် အုပ်ချုပ် ရေးမှူးမှ ၄င်း တယ်လီဖုန်း ဆင်းကဒ်များ ရောင်းချရန် စေ ခိုင်းသည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးအား မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်းဝန်ခံခဲ့သည်ဟု လွှတ်တော် အမတ်က ဆိုသည်။

ချောင်းဆုံ မြို့နယ်တွင်းရှိ ကျေးရွာ (၄၅) ရွာ အတွက် ပြည်နယ် အစိုးရမှတဆင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး မှူးများအား ပြီးခဲ့သည့် စက်တင်ဘာလတွင် တယ်လီဖုန်း ဆင်းကဒ်ခွဲတမ်းများချပေးခဲ့ရာ တယ်လီဖုုန်း ဆင်းကဒ်များမှာ အောက်တိုဘာ လဆန်း ၌ပင် စတင် ဖြန့်ဖြူး နိုင်ခဲ့သည်။

ထိုကိစ္စအား သက်ဆိုင်ရာ မွန်ပြည်နယ် အစိုးရ၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် ပြည်နယ် ဥပဒေချုပ် ဦးမင်းကြည် တို့အား သွားရောက် တင်ပြ ခဲ့ပြီးဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

၄င်းမြို့နယ်အုပ်ချုပ် ရေးမှူးအား အရေးယူ သွားနိုင်ရေး အတွက် ပြည်နယ် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုကို ယခု အောက်တိုဘာလ (၂၂) ရက်အထိ အချိန်ပေးထားခဲ့ပြီး အကယ်၍ ပြည်နယ် အစိုးရမှ တစ်စုံတရာ ကိုယ်တွယ် အရေးယူ ခဲ့ခြင်း မရှိပါက ပြည်ထောင်စု လွှတ်တော်တို့ တင်သွင်း သွားမည် ဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆိုပါသည်။

Most read this week