KNU နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ မှားယွင်းကြောင်း ၀န်ခံ

KNU နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ မှားယွင်းကြောင်း ၀န်ခံ
by -
ရွှေဟင်္သာ

ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုမှ KNU ဥက္ကဌ မူတူး ဆေးဖိုးနှင့် အတူ ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုမှ KNU ဥက္ကဌ မူတူး ဆေးဖိုးနှင့် အတူကြိုတင်အကြောင်း ကြားခြင်း မရှိသည့် အတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် မယ်သဝေါဒေသတွင် တိုက်ပွဲ ဖြစ်ခဲ့ရ သည်ဟု အစိုးရ တပ်ဖွဲ့ ဖက်မှ ၀န်ခံကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက ဆိုပါသည်။

“ ဖြစ်ဖြစ်ချင်း တပ်မ (၂၂) ဌာနချုပ်ကို ကျနော်တို့ အကြောင်း ကြားတယ်။ သူတို့က ၀န်ခံတယ်။ တောင်းပန် တယ်ပေါ့။ အကြောင်း မကြားဘဲ သွားမိလို့။ တိုက်ပွဲက ခန လေးပါ။ (၁၀) မိနစ်လောက် အများဆုံး ပါဘဲ” ဟုဆိုပါသည်။

phophtaw-news-aung-min-knu-

ယင်းပစ်ခတ် မှုတွင် နှစ်ဖက် စလုံးမှ ထိခိုက် ဒဏ်ရာ ရမှု မရှိဟု ဆိုပါသည်။ ဖြစ်စဉ်မှာ အစိုးရ တပ်မ (၂၂) မှ တောင်ကလေး အခြေစိုက် ခမရ (၂၀၂) တပ်ဖွဲ့မှ အင်အား (၁၀) ဦးခန့်သည် မယ်သဝေါ ဒေသ မဲပေါက်ချောင်းရှိ KNU တပ်မဟာ (၇) နယ်မြေ ထဲသို့ ကြိုတင် အကြောင်း မကြားဘဲ လူသွားလမ်း မဟုတ်သည့် ခိုးဝင် လမ်းကြောင်းမှ တောတိုးပြီး ၀င်ရောက် လာခြင်း ဖြစ်သဖြင့် KNU တပ်မဟာ (၇) အထူး တပ်ရင်း၏ တပ်ဖွဲ့ တခုက အနီးကပ် ပစ်ခတ် လိုက်ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် KNU တပ်ဖွဲ့များ ရှိသည့် ကန့်သတ် နယ်မြေ ထဲသို့ ၂ မိုင်ခန့် ကျော်ဝင် လာခဲ့ သော်လည်း အပစ်အခတ် ရပ်စဲရေး ကာလ၌ ပြသနာ မဖြစ် စေလို သဖြင့် မိုးပေါ် ထောင်ပစ် ခဲ့ခြင်း ဖြစ်သည်ဟု KNU ဖက်က ဆိုပါသည်။ ဤပစ်ခတ်မှုသည်  အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်း တပ်မဟာ (၇) နယ်မြေ၌ ပထမ အကြိမ် ပစ်ခတ် ကြခြင်း ဖြစ်ပါသည်။

သို့သော်လည်း KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့နယ်ထီးသဒေါင့်ထာ ကျေးရွာ အုပ်စုရှိ ၀ဲကြီး ၌လည်း ပြီးခဲ့သည့်  သြဂုတ်လ ၁၆ ရက်နေ့ တွင် အစိုးရ နယ်ခြား စောင့်တပ် BGF တပ်အား KNU တပ်မဟာ (၅) တပ်ဖွဲ့မှ တိုက်ခိုက် ခဲ့ပါ သည်။

ဤဖြစ်စဉ်တွင် BGF အယောင် ဆောင်သော အစိုးရ တပ်များသည် KNU ဒေသ တပ်ဖွဲ့ များအပေါ် သွားလာရေးတွင် အမျိုးမျိုး ကန့်သတ် ချုပ်ချယ် လာခဲ့ရမှ မခံနိုင်သည့် အဆုံး တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်ဟု KNU ဖက်က ဆိုပါသည်။ ယခု ပစ်ခတ် မှုတွင်လည်း ကြိုတင် အကြောင်း မကြား ခဲ့သည်ကို ၀န်ခံသည့် အတွက် အစိုးရ တပ်များသည် သိလျှက်နှင့် တမင် ပြသနာ ဖြစ်ရန် ၄င်းတို့သာ လိုက်လံ ဖန်တီး နေသည်မှာ ထင်ရှားကြောင်း  KNU ဖက်က ရှူ့မြင် နေပါသည်။

ဤသို့ကြောင့် KNU တပ်ဖွဲ့ များသည် အစိုးရ တပ်ဖွဲ့ များ၏ လုပ်ရပ် များကို သိရှိ လာသဖြင့် ဤကဲ့ သို့သော ဟန်ဆောင် မှုမျိုး အစိုးရ  တပ်ဖွဲ့မှ ထပ်မံ ကျူးလွန် လာပါက မိုးပေါ် ထောင်ပစ် တော့မည် မဟုတ်ကြောင်း KNU တပ်မဟာ (၇) အထူးတပ် ရင်းမှ ဆိုပါသည်။

Most read this week