ဖက်ဒရယ် ပြည်ထောင်စုကို လိုလားသော တိုင်းရင်းသား အစုအဖွဲ့ တခုသည် ဖက်ဒရယ် ပြည်ထောင်စု ပါတီ (Federal Union Party) ကို တည်ထောင်ခွင့် ရရန်အတွက်် ယနေ့ လျှောက်ထား လိုက်ပြီး ဖြစ်ကြောင်း ပါတီ တည်ထောင်သူ ဦးစောသန်းမြင့်က ဆိုပါသည်။
“ တိုင်းရင်းသား (၁၇) ဦးကနေ လျှောက်ခွင့်တောင်းတာပါ။ အဓိကကတော့ ပြည်မတွေမှာ အရွေးခံဖို့ အတွက် ရည်ရွယ်ပြီး တည်ထောင်တာဖြစ်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေကိုလည်း မွေးထုတ်သွားမယ်။ FUP ပါတီ ၀င်မယ်ဆိုရင် မူလ ပါတီ ထဲကနေ နှုတ်ထွက်ပေးရမယ်။ အထူးသဖြင့် ညီနောင် တိုင်းရင်းသား ပါတီများဖက်ဒ ရေး ရှင်း(NBF) အဖွဲ့ဝင်တွေ ဆီက များပါတယ်” ဟုဆိုပါသည်။
FUP ပါတီ တည်ထောင်ရန် အတွက် NBF သည် ယမန်နေ့၌ ပြီးဆုံးသွားသည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပါ သည်။ FUP သည် တန်းတူရေးကို အခြေခံသည့် ဖက်ဒ ရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးနှင့် တိုင်းရင်းသား အခွင့်အရေး ကာကွယ် ထိန်းသိမ်းရေး အကျိုးကို ရည်ရွယ်ပြီး ရေရှည် အကျိုးရှိစေရန် ဆောင်ရွက်သွားမည့် ပါတီ ဖြစ်သည်ဟု ဆိုပါသည်။
FUP အဖွဲ့ဝင်များသည် တိုင်းရင်းသား အားလုံး ပါ၀င်နိုင်ရန် ရည်ရွယ်ထားသည်ဟုဆိုပါသည်။ သို့သော် လောလောဆယ် အခြေ အနေတွင် FUP ပါတီမှ “၀” ဒီိမိုကရက်တစ် ပါတီ (WDP)၊“၀” အမျိုးသား စည်းလုံး ညီညွှတ်ရေး ပါတီ (WNUP)၊ ကယန်း အမျိုးသား ပါတီ (KNP)၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP) နှင့် တအာင်း (ပလောင်) အမျိုးသား ပါတီ (TNP)တို့မှ ကိုယ်စားပြုသူများ မပါသေးချေ။
NBF သည် FUP ကဲ့သို့သော ပါတီမျိုးကို ဥပဒေတွင်း၌တည်ဆောက်နိုင်သော်လည်း တရားဝင် မဝင်သေးသည့် မည်သည့် တိုင်းရင်းသား အဖွဲ့အစည်းကိုမျှ ဆက်ဆံခွင့်မရှိပေ။ ဤသို့ကြောင့် သတိထားသည့် အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် (၃၁) ရက်နေ့၌ ကျင်းပသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဦးဆောင်သော တိုင်းရင်း ညီလာခံသို့ ကိုယ် စားလှယ် စေလွှတ်နိုင်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း NBF သည် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် ကြိုးစား သွားမည်ဟု ဆိုပါသည်။
NBF အဖွဲ့ဝင်များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ၊ချင်းအမျိုးသား ပါတီ CNP၊ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ (INDP)၊ “၀” ဒီိမိုကရက်တစ် ပါတီ (WDP)၊ ဓနူတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ (DNDP)၊ မွန်ဒေသလုံး ဆိုင်ရာဒီိမိုကရေစီ ပါတီ (AMDP)၊ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ဖလုံစဝေါ် ဒီ မိုကရက်တစ် ပါတီ (PSDP)၊ ကယန်းအမျိုးသား ပါတီ (KNP)၊တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP)၊ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ (PNO)၊တအာင်း (ပလောင်) အမျိုးသား ပါတီ (TNP)၊အရှိုချင်း အမျိုးသား ပါတီ (ACNP)၊တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ (ENDP)နှင့် “၀” အမျိုးသား စည်းလုံး ညီညွှတ်ရေး ပါတီ (WNUP) တို့ဖြစ်ကြသည်။