ယနေ့ ကျရောက်သော (၅၃) ကြိမ်မြောက် KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ တော်လှန်းရေးနေ့ အခမ်းအနားကို KIA တပ်ဖွဲ့ အသီးသီး၌ ကျင်းပခဲ့သလို ဖါးကန့်ဒေသ ၌လည်း ကျင်းပ ခဲ့ကြောင်း တပ်ရင်းမှူး ဒုတိယ-ဗိုုလ်မှုုးကြီး အင်ခွန်ဇော်တွဲက ပြောသည်။
“(၅၃) ကြိမ်မြောက် တော်လှန်နေ့ကို ကျနော်တို့ တပ်ရင်းမှာလဲလုပ်တယ်။ တပ်ခွဲအလိုက်မှာလဲ လုပ်ကြတယ်။ ကျနော်တို့ ကချင် တော်လှန်းရေးကြီးက (၅၃) နှစ်ရှိသွားပြီး ဖြစ်တယ်။ အဆက်ဆက် ခေါင်းဆောင် (၅) ဦးတို့က ဦးဆောင် လာခဲ့တယ်။ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး မရရှိသရွေ့တော့ ဒီကချင်ပြည် လွတ်လပ်ရေး တော်လှန်ရေးကြီးက ဆက်ရှိနေမှာပါ။” ဟုပြောဆိုသည်။
အဆိုပါ အခမ်းအနားအား KIA တပ်မဟာ (၂) လက်အောက်ခံ၊ တပ်ရင်း (၆) စခန်းတွင် ပြုလုပ်ခဲ့ပြီး လူအင်အား (၃၀၀) ခန့် တက် ရောက်ခဲ့သည်။ မနက် (၉) နာရီ အချိန်တွင် အခမ်းအနား စတင်ခဲ့ပြီး KIO ဥက္ကဌ ပေးပို့လာသော မိန့်ခွန်းကို တပ်ရင်းမှူး မှဖတ်ကြားခဲ့ပြီး ဆုတောင်းပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။
KIO ဥက္ကဌ မိန့်ခွန်းတွင် “ပြည်ထောင်စုဆိုတာ မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးတဲ့ အချိန်ကစပြီး ပေါ်ပေါက် လာပါတယ်။ ဒါပေမဲ့ အဲဒီ ပြည်ထောင်စု၏ အနှစ်သာရ အရသာကို ယနေ့အထိ ကျနော်တို့ ကချင်တွေ မခံစားရ ခဲ့ပါဘူး။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဆိုတာလဲ ညီညွတ်အောင် လုပ်ဆောင်နေတဲ့ အပိုင်းကို မမြင်ရသေးပါဘူး။
ဒါ တွေကို ပြန်လည်ရရှိဖို့အတွက် အားလုံးဝိုင်းဝန်း လုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။” ဟု ပါရှိသည်။
KIO သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ်တွင် ကချင်တော်လှန်ရေးကို စတင်ခဲ့သည်။ ဂျပန်ကျ ပစ္စတို (၃) လက်၊ ရိုင်ဖယ် (၃) လက်၊ စတင်းဂန်း (၂) လက် စုစုပေါင်း လက်နက် (၈) လက် နှင့်လူအင်အား (၅၀) ခန့်ဖြင့် စတင်ခဲ့ပါသည်။
အင်္ဂလိပ်တပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသည့် ဗိုလ်ချုပ်လထော်ဇော်ဇင်းက အဖွဲ့၏ ဥက္ကဌ အဖြစ် ဦးဆောင်လာခဲ့ ပါသည်။
“၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက် ကျနော်တို့ တိုင်းရင်းသား အားလုံး ပူးပေါင်းကြပြီး ပြည်ထောင်စုအတွင်း အတူ နေကြမယ်။ ဗမာတွေက ဒီလို ပြောတယ်လေး။ ကျနော်တို့ကချင်တွေက (၈) နှစ်ကြာအောင် တတပ်တအားပါဝင် လုပ် ဆောင်ပေးခဲ့တယ်။ ပြည်ထောင်စု အနှစ်သာရကို မတွေ့ရဘဲနဲ့ ကျနော်တို့ ကချင်က အဖိနှိပ်ခံ ဘဝထဲမှာ ဆက်ရှိနေတယ် ဆိုတော့ လက်နက်ကိုင် တောတွင်း တော်လှန်ရေးကို စတင်ခဲ့ရတယ်။” ဟု တော်လှန်ရေး စတင် ကတည်းက ပါဝင်လာ ခဲ့သူ နိုင်ငံခြား ဆက်ဆံရေး ဒုတာဝန်ခံ ဂျိမ်းလွန်တောင်က ပြောသည်။
ဤအတောတွင်း ကချင်တော်လှန်ရေးသည် (၂) အတွင်း ကချင်ပြည်နယ် တခုလုံးသို့ ပြန်နှံ့ သွားခဲ့သည်ဟု ဆိုပါသည်။ ရှမ်း ပြည်မြောက်ပိုင်း လာရှိုးမြို့နယ်မှ ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုအထိ ရောက်ရှိသွားခဲ့သည်။
၁၉၄၇ ခုနှစ်လွတ်လပ် ရေး မရခင် အချိန်မှာ ကချင်အမျိုးသား စတာ (၇) ယောက်တို့က မြစ်ကြီးနားမြို့ တနေရာတွင် တွေ့ဆုံကြပြီး ကချင်လူမျိုး ရေးရာများကို တိုင်ပင်ခဲ့သည်။
၁၉၅၇ ခုနှစ်က စိန်ဟန်ပေါက်တောင်းက ဦးဆောင်ပြီး မြို့တွင်း မြေအောက် ကချင် တော်လှန်းရေး အဖွဲ့အစည်း ဖွဲ့ခဲ့သည်။ ဤ ကချင် တော်လှန်ရေးနေ့သည် လွတ်လပ်သည့် နယ်မြေရောက် ကချင် တိုင်းရင်းသားများ တို့က နှစ်စဉ် ကျင်းပလျက်ရှိပါ သည်။
ဒီနှစ်မှာ ထိုင်းနိုင်ငံရောက် ကချင် အမျိုးသားများက ကျင်းပခဲ့သလိုု အမေရိကန်ရောက် ကချင်များကလဲ ပြုလုပ်ခဲ့ပါ သည်။ စစ်ပွဲဒဏ်ခံခဲ့ရသည့် KIO မြို့တော် လိုင်ဇာ မှာလဲ အခမ်းအနား ပြုသွားကြောင်း သတင်း ရရှိပါသည်။