ယနေ့ မြန်မာသံရုံးရှေ့ အိတ်ဖွင့် ပေးစာကမ်း ဆန္ဒပြနေမှု မြင်ကွင်း (ဓါတ်ပုံ-Tai Community Online)ကချင် စစ်ပွဲ ရပ်ဆိုင်ရေး အပါအဝင် အချက် လေးချက် ပါသည့် အိတ်ဖွင့် ပေးစာအား ကချင်နှင့် အခြား တိုင်းရင်သား ညီအစ်ကို များမှ သမ္မတထံ လိပ်မူ၍ အိပ်ဖွင့် ပေးစာပေးပို့ခဲ့ရာ ဗန်ကောက် မြန်မာ သံရုံးမှ အရာ ရှိများက လက်ခံ ယူခဲ့ခြင်း မရှိဘဲ ထိုင်းရဲမှ တဆင့် ပေးအပ် ခဲ့ရကြောင်း အိတ်ဖွင့် ပေးစာ ကမ်းရာ၌ ပါဝင် တက်ရောက် ခဲ့သူ တစ်ဦး ဖြစ်သည့် ကို Slg.La Nu Nam မှ ပြောသည်။
“အဓိက ကတော့ ကျွှန်တော်တို့ အိတ်ဖွင့်ပေးစာ သွားကမ်း တာပါ၊ အဲဒါကို သံရုံးက မြန်မာ အရာရှိတွေ တစ်ယောက်မှ ထွက်မလာ ပါဘူး၊ ကျွှန်တော်တို့ သံရုံး ရှေ့ကို ရောက်သွားတော့ လုံခြံုရေး ယူထားတဲ့ ထိုင်းရဲ တွေပဲ စောင့်နေတယ်၊ အဲဒီ ထိုင်းရဲ တွေက သူတို့ ကိုယ်တိုင် သံရုံးကို ပေးပေး မယ်ဆိုပြီး ယူသွား ပါတယ်” ဟု ကို Slg.La Nu Nam မှ ပြောသည်။
ကချင် ဒေသသို့ အစိုးရ တပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ လုံးဝ ရပ်ဆိုင်း ပေးရေး၊ လေကြောင်း အသုံး ပြု၍ ပြင်းပြင်း ထန်ထန် တိုက်ခိုက် နေမှုများ ရပ်တန့်ရေး၊ စစ်ပြေး ဒုက္ခသည် များအား ပြည်တွင်းနှင့် နိုင်ငံ တကာ အကူ အညီများ တိုက်ရိုက် ပေးအပ် နိုင်ရန် အတွက် အစိုးရမှ လမ်းဖွင့် ပေးရန်နှင့် နောက်ဆုံး တစ်ချက် အနေနှင့် ကချင် ဒေသရှိ အစိုးရ ဧည့်တပ်များ အားလုံး ရုပ်သိမ်း ပေးရန် စသည့် အချက်များကို အိတ်ဖွင့် ပေးစာ၌ ရေးသား ထားသည်။
ကချင် လူမျိုး အများစုနှင့် အခြား ရှမ်း၊ ရခိုင်၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသား လူမျိုးများ အယောက် (၁၀၀) ကျော်ခန့် စုပေါင်းကာ ယနေ့ နံနက် (၁၀) နာရီ ခန့်မှ (၁၁) နာရီ ခန့်အထိ (၁) နာရီ ခန့် စုဝေးကာ အချက် (၄) ချက်ပါ အိတ်ဖွင့် ပေးစာ ကမ်းခဲ့ ကြခြင်း ဖြစ်သည်။
အလားတူ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ့ သံရုံး ရှေ့၌လည်း ယနေ့ ညနေ၌ ဆန္ဒပြ တောင်းဆို ခဲ့ကာ အဆိုပါ အချက်များ ပါဝင်သည့် တိုက်တွန်း တောင်းဆိုစာ တစ်စောင်ကို သံအမတ်ကြီး မှတဆင့် သမ္မတ ဦးသိန်းစိန် ထံပေးပို့ တောင်းဆို ခဲ့ကြကြောင်း ဂျပန်နိုင်ငံတွင် နေထိုင်သည့် ကိုမိုင်းကျော်ဦး၏ ဖေ့ဘွခ် စာမျက်နှာ၌ ဖော်ပြ ထားသည်။
ကချင် ဒေသ များတွင် ထိုးစစ်ဆင် တိုက်ခိုက် နေခြင်း များကို ချက်ချင်း ရပ်စဲပြီး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး မှုများ အမြန်ဆုံး အကောင် အထည် ဖော်ရန်၊ ဓားစာခံ အဖြစ် ဆက်လက် ဖမ်းဆီး ချုပ်နှောင် ထားသည့် ကျန်ရှိ နေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ် ပေးရန်နှင့် စစ်ပွဲများ အမြန် ရပ်ဆိုင်း ပေးရန် အတွက် ကချင် တိုင်းရင်းသား များနှင့်အတူ ဂျပန်ရောက် တိုင်းရင်းသား များတို့ စုပေါင်း ဆန္ဒပြကာ တောင်းဆို ခဲ့ကြခြင်း ဖြစ်သည်။