ဒုက္ခသည်နှင့် ပတ်သက်သည့် အစိုးရ ထုတ်ပြန်ချက် မှားယွင်းနေ

ဒုက္ခသည်နှင့် ပတ်သက်သည့် အစိုးရ ထုတ်ပြန်ချက် မှားယွင်းနေ
by -
ရွှေဟင်္သာ

Kachin refyge 04မြို့ပေါ်၌ရှိသော ကချင်စစ်ပြေး ဒုက္ခသည်စခန်း များအား အစိုးရဘက်မှ တာဝန်ယူ ဖွင့်လှစ်ပေးထားရသည်ဟု ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် နေပြည်တော် ထုတ်ပြန်ချက် မှားယွင်းကြောင်း ကချင်ဒုက္ခသည် စခန်းတာဝန်ခံ ဦးဒွဲပီဆာ က ပြောဆိုလိုက်သည်။

1 thumb medium640 361

“အစိုးရဘက်က တာဝန်ယူ ကိုယ်တိုင်ဖွင့်ထားတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းဆိုလို့ မရှိပါဘူး။ မြို့ပေါ်မှာ ရှိနေတဲ့ ဒုက္ခ သည်စခန်းတွေဟာ အများစုဟာ ဘာသာရေးအသင်းတော်တွေ၊ ဆရာတော်တွေ ဦးဆောင်ပြီးတော့ ဖွင့်လှစ်ထားတဲ့ စခန်းပါ။ အစိုးရအသိအမှတ်ပြုတဲ့ စခန်းတော့ရှိပါတယ်။ သိပ်မများပါဘူး။ ကျန်တဲ့ စခန်းတွေကိုတော့ လုံးဝတာဝန်မယူ ပါဘူး။” ဟု ဆိုသည်။

http://www.president-office.gov.mm/briefing-room/news/2013/01/04/id-2290

ကချင်စစ်ပြေး ဒုက္ခသည်များအနက် KIO ထိန်းချုပ်နယ်မြေ အတွင်း နေထိုင်သည့် ဒုက္ခသည်၊ တောထဲသို့ ထွက် ပြေးနေထိုင်သည့် ဒုက္ခသည်၊ တရုတ်ပြည်တွင်းရှိ နီးစပ်ရာ ဆွေမျိုး အသိုင်းဝိုင်းများထံ နေထိုင်နေသည့် ဒုက္ခသည်၊ အစိုးရ မဟုတ်သည့် ပြည်ပအဖွဲ့အစည်းများ ဖွင့်လှစ်ထားသော စခန်း၌ နေထိုင်သည့် ဒုက္ခသည်၊ မြို့ပေါ်ရှိ ဒုက္ခသည် စခန်းအတွင်း နေထိုင်သည့် ဒုက္ခသည် စသည်ဖြင့် ရှိကြောင်း သိရသည်။

ကချင် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦခက်ထိန်နန် က “မြို့ပေါ် စစ်ပြေးဒုက္ခသည်တွေ အတွက် အစိုးရဘက်က အားလုံး တာဝန်မယူနိုင်ဘူး။ အဓိကကတော့ အသင်းတော် တွေကဘဲ အသင်းတော်ဝင်းထဲမှာ၊ အသင်းတော်ရဲ့ ဘုရားကျောင်းတွင်းမှာ၊ အသင်းတော်ရဲ့ ပိုင်တဲ့မြေနေရာမှာ ဖွင့်ထား ပြီးတော့ အနီးကပ် စောင့်ရှောက်ထားပေးပါတယ်။” ဟု ပြောဆိုသည်။

ယင်းစခန်းများတွင် အစိုးရမဟုတ်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ၊ ပါတီများ၊ လုပ်ငန်းရှင်များက လာရောက်လှူဒါန်းမှု ပိုမိုများပြားကြောင်းနှင့် အစိုးရဘက်မှ အကူအညီတချို့သာ ပေးသည်ဟုလည်း ဆိုသည်။
1     
မိုးမောက်မြို့ ကချင်စစ်ပြေး ဒုက္ခသည်စခန်း (ဓါတ်ပုံ ဂျိမ်လန်)     

ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားလာပါက မြို့အနီးဝန်းကျင် ၁၅ မိုင်ခန့်ရှိ ကချင်ပြည်သူများသည် မြို့ပေါ်သို့ ထွက်ပြေး တိန်းရှောင်ကြရကြောင်း သိရသည်။

ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာခဲ့သည့် ကချင်လူငယ်အဖွဲ့ခေါင်းဆောင် နော်စန့်က မြို့ပေါ်သို့ ထွက်ပြေးလာသူများအား နိုင်ငံတကာအပါ၀င် မီဒီယာများက တွေ့ဆုံနိုင်သည့်အတွက် အစိုးရက ထိုစခန်းရှိ ဒုက္ခသည် များအား “စစ်ပွဲများ မရှိတော့သည့် အတွက် နေရပ်သို့ ပြန်ကြရန်” အမြဲတိုက်တွန်းပြောဆို လေ့ရှိသည်ဟု ပြောဆိုသည်။

ထို့အပြင် နေရပ်စွန့်ပြီး တောတောင်အတွင်းသို့ ထွက်ပြေးနေရသော ဒုက္ခသည်များ၏ အခြေအနေသည် အကူအညီမဲ့ လျှက်ရှိနေကြောင်းနှင့် အခြေအနေ ဆိုးဝါးနေကြောင်း ဆက်လက် ပြောဆိုသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်စခန်းပေါင်း (၃၀) ကျော်ရှိပြီး ဒုက္ခသည်ပေါင်း (၅၀,၀၀၀) ဝန်းကျင်ခန့် ရှိကြောင်းနှင့် မြို့ပေါ်တွင် ကချင်စစ်ပြေး ဒုက္ခသည်ပေါင်း ၃၃,၀၀၀ ခန့်ရှိသည်ဟု ဦးဒွဲဗီဇာက ပြောဆိုသည်။