တိုင်းရင်းသား အဖွဲ့အစည်းများကို မထောက်ပံ့ရန် ဂျပန်အဖွဲ့အား အစိုးရတားမြစ်

တိုင်းရင်းသား အဖွဲ့အစည်းများကို မထောက်ပံ့ရန် ဂျပန်အဖွဲ့အား အစိုးရတားမြစ်
by -
ရွှေဟင်္သာ

ယခုအချိန်၌ တိုင်းရင်းသား အဖွဲ့အစည်းများကို အကူအညီပေးရန် မသင့်တော်သေးကြောင်း သမ္မတ အပါ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများက လူမှုရေး အကူအညီ ပေးနေသည့် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်း အဖွဲ့အား ပြောခဲ့သည်ဟု သြဂုတ်လ (၁၄) ရက်နေ့ နိပွန်အဖွဲ့၏ အကြောင်းပြန်စာအရ သိခဲ့ရကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ(UNFC) အထွေအထွေ အတွင်းရေးမှူးက ပြောပါသည်။

 ဥက္ကဌ Mr. Yohei Sa

“ နိပွန်အဖွဲ့ကတော့ ဇွန်လ (၂၂ )ရက်နေ့မှာ ကျနော်တို့နဲ့ ဇင်းမယ်မှာတွေ့ခဲ့တယ်။ သူတို့ဟာ လူမှုရေး အကူအညီ ပေးနေတဲ့ အဖွဲ့ အစည်းကြီး တစ်ခုဖြစ်တယ်။ သူတို့လာတဲ့အကြောင်းကတော့ ကျနော်တို့ ကို ဘာအကူအညီများ ပေးရမလဲလို့ လာမေး တာဖြစ်တယ်။ လိုနေတဲ့ အကူအညီကိုလည်း သူတို့ပေးဖို့ ဆုံးဖြတ်ထားတယ်တဲ့” ဟု ဆိုပါသည်။

ဤသို့ဖြင့် UNFC အနေနှင့် လိုအပ်သော အကူအညီများကို တင်ပြတောင်းဆိုခဲ့ပါသည်။ နိပွန်ဖောင်းဒေးရှင်း ဥက္ကဌ Mr. Yohei Sa နှင့် အဖွဲ့သည်လည်း ဇွန်လ (၂၇)ရက် နေ့တွင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတအပါ၀င် အစိုးရအဖွဲ့ ၀န် ကြီးများနှင့် နေပြည်တော်၌ တွေ့ ဆုံဆွေးနွေးခဲ့ပါသည်။ ထိုအစည်းအဝေး၌ “တိုင်းရင်းသား တို့အတွက် အကူအညီပေးရေး မှာ ဒီအချိန်ကာလ၌ ပေးရန်မသင့်သေးကြောင်း” ၀န်ကြီးများကပြော ဆိုလိုက်ခြင်းဖြစ်ပါသည်။

ဤကဲ့သို့ အစိုးရဝန်ကြီးများ၏ ပြောဆိုမှုကြောင့် နိပွန်ဖေါင်းဒေးရှင်းသည် တိုင်းရင်းသား အဖွဲ့များကို ပေးရန်ရှိသောအကူအ ညီများပြီးခဲ့သည့် သြဂုတ်(၈)ရက်နေ့တွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ချိန်းဆိုထားသော်လည်း အကူအညီများမရရှိဘဲ အ ကြောင်းပြန်စာသာပေးပို့ လိုက်ခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား ဂျပန်ယန်းငွေ (၅) ဘီလီယံ အကူအညီပေးရန်ရှိကြောင်း ပြီးခဲ့သည့် ဇွန်လ(၂၇)ရက်နေ့ ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့၌ ပြုလုပ်သည့် တွေ့ဆုံပွဲတစ်ရပ်တွင် ဂျပန်ကိုယ်စားလှယ်များ ပြောကြားပြီး တချိန်ထဲ၌ နိပွန်ဖေါင်း ဒေးရှင်း၏ အကူအညီဖြစ်လာခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းရင်းသား အဖွဲ့အစည်း (၆) ဖွဲ့အပါ၀င် ဂျပန် သံရုံးနှင့် EABO အန်ဂျီအို အဖွဲ့တို့ တက်ရောက် ခဲ့ကြ ပါသည်။ တက်ရောက်ကြသည့် တိုင်းရင်းသား အဖွဲ့အစည်း များမှာ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ကရင်နီ တိုးတက်ရေးပါတီ၊ လားဟူဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့နှင့် ပအိုဝ့် အမျိုးသား လွတ်မြောက်ရေးအ ဖွဲ့တို့ ဖြစ်ကြပါသည်။ ထို့အပြင်ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ပထမသံအရာရှိ မစ္စတာ မာဇာဟီဒီဇာဒို၊ ဒုတိယ သံအရာရှိ မစ္စတာ အာကာရှီကို ဟာမာတို့ တက်ရောက်ရှင်းလင်းခဲ့ပြီး၊ EABO အဖွဲ့အပါဝင် စုစုပေါင်း ကိုယ်စားလှယ် (၁၂) ဦးတက် ရောက်ခဲ့ကြ ပါသည်။

ဂျပန်၏ ကူညီ ထောက်ပံ့ငွေများသည် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဖွံ့ဖြို့ရေးကဏ္ဍများ၊ စိုက်ပျိုးရေးကဏ္ဍများတွင် သာသုံးစွဲရန် ရည်ရွယ်ထားပါသည်။ ဆွေးနွေးပွဲကို မွန်းလွဲ (၁) နာရီ စတင်၍ ညနေ (၄) နာရီ (၅၀) မိနစ်တွင် ပြီးဆုံး သွားပါ သည်။

အစိုးရသည်၊ တိုင်းပြည်ငြိမ်းချမ်းရေး ရရှိရေးမှာ တိုင်းသားအဖွဲ့အပေါ်၌သာတည်ကြောင်း အပစ်ပုံချတတ်သလို၊ အကောင် အထည်မဲ့နေသော တိုင်းရင်းသား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိုလည်း အစိုးရအနေနှင့် ကြိုးပမ်းတည်ဆောက်နေကြောင်း ၀ါဒ ဖြန့်ပြောဆိုဝ င့်ကြွားလေ့ရှိပါသည်။ ဤသည် တိုင်းရင်းသားအပေါ် ထားရှိသော အစိုးရ၏ စေတနာသာ ဖြစ်သည်ဟု အများ က ဝေဖန်ကြပါသည်။