တနသာင်္ရီတိုင်းဒေသတွင် ထိုင်းနိုင်ငံမှဆန်တင်သွင်းနေရ

တနသာင်္ရီတိုင်းဒေသတွင် ထိုင်းနိုင်ငံမှဆန်တင်သွင်းနေရ
by -
ဆူးပန်း

တနသာင်္ရီတိုင်း ကော့သောင်းမြို့မှာဆိုရင် မြန်မာ ဆန်တွေစျေးနှုန်းမြင့်တက်နေတဲ့အတွက် အခုဆိုရင် ထိုင်းနိုင်ငံ ကတင်သွင်းတဲ့ဆန်တွေကိုအဓိက ထားသုံးစွဲနေရတယ်လို့ ကော့သောင်းမြို့ခံဆန် ရောင်းဝယ်သူ တစ်ဦးက ပြောပါတယ်။

အခုကဆန်က ကွာလတီတွေလဲကျနေပြီးဆိုတော့ ယိုးဒယားကတစ်နေ့မှာဆိုလို့ရှိရင် တန်(၃၀)လောက်။ ဒါတွေယိုးဒယားဆန်တွေ ကော့သောင်းမြို့မှာဝယ်စားနေရတာပေါ့။ စျေးနှုန်းကယိုးဒယားဆန်တစ်ကီလိုနဲ့ မြန်မာဆန်တစ်ကီလိုနဲ့ယှဉ်ကြည့်မယ်ဆိုရင် တန်ဖိုးကအများကြီးကွာပါတယ်။ ကီလို(၅၀)တစ်အိတ်ဆိုလို့ရှိရင် သောင်းနီးပါးလောက်ကွာမလား။ ပြည်သူတွေကတော့ယိုးဒယားဆန်ဘဲ ၀ယ်သုံးနေပါတယ်။

ပေါ်ဆန်းကျတော့ ဒီမှာ အရင်က(၃၂၀၀၀)ဘဲလေ။ အခုကဧရာဝတီပေါ်ဆန်း က(၄၃၀၀၀)ရှိတယ်လေ။ STAR သုံးလုံးဆိုရင်လေ။

တနသာင်္ရီတိုင်းဒေသဘက်မှာဆန်တင်သွင်းခွင့်ရတဲ့ အောင်မြင်သူကုမ္ပဏီကနေဆန်စျေးကစားခဲ့လို့ အခုဆိုရင် ဆန်စျေးမြင့်တက်လာတယ်လို့ ဒေသခံဆန်ကုန်သည်တွေကပြောပါတယ်။ အခုလိုဆန်စျေးနှုန်းမြင့်တက်လာ တာနဲ့ပက်သက်ပြီး ဆန်ကုန်သည်အသင်းတွေ ဒေသခံပြည်သူတွေ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၈)ဦးစုပေါင်းပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ(ဗဟို)ကိုတိုင်ကြားခဲ့တာကြောင့် ယခုရက်ပိုင်း တွေမှာ သမ္မတဦးသိန်းစိန်ကနေ တိုင်းဝန်ကြီးချုပ်ဦးခင်ဇော်ကို ပြင်းထန်စွာသတိပေးခဲ့တယ်လို့ ဒီမိုကရက် တစ်ပါတီ (မြန်မာ)တိုင်းစည်းရုံးရေးမှူး ကိုသန်းထွန်းကနေ ပြောပါတယ်။

သမ္မတကနေပြင်းထန်စွာသတိပေးခဲ့ပေမဲ့ ဆန်တင်သွင်းခွင့်လုပ်ငန်းကို တိုင်းဝန်ကြီးချုပ်အနေနဲ့ဆက်လက် လုပ်ကိုင်နေဆဲဘဲလို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) တိုင်းစည်းရုံးရေးမှူး ကိုသန်းထွန်းကနေပြောပါတယ်။

သမ္မတကြီးကနေသူ့ကို ၀မ်နင်ပေးထားတာဘဲ။ ဒါပေမဲ့ဆန်ပါမစ်ကို သူကဆက်ကိုင်နေသေးတယ်ခင်ဗျာ့။ ဆန်ကအောင်မြင်သူကိုဘဲ ပေးထားတယ်။ ဆန်ကုန်သည်ကြီးအသင်းများကိုမပေးဘူး။ အခုထိသူ့ဆန်တွေက ကျွန်တော်တို့ကော့သောင်းကို သူ့တံဆိပ်အနေနဲ့လာနေတုန်းဘဲ။

ကျွန်တော်တို့ကအဲတာလက်ကျန်လားမေးတော့ လက်ကျန်မဟုတ်ဘူးတဲ့။ သူဘဲချုပ်ကိုင်ထားတယ်တဲ့။   ဦးခင်ဇော်က သူကသူ့လူနဲ့လုပ်စားတယ်ဆိုတော့ ဆန်တွေကလဲသူတို့ပို့ထား သလောက်ဘဲရတယ်။ အဲဒိတော့ဒီမှာဆန်စျေးတွေလဲခေါင်းကိုက်နေတယ်။

 ဆန်တင်သွင်းခွင့်ရရှိထားတဲ့ အောင်မြင်သူကုမ္ပဏီဟာ ပြည်မကနေတဆင့် ရေလမ်းကြောင်းနဲ့တနသာင်္ရီတိုင်း ဘက်ကိုဆန်တင်သွင်းနေတာပါ။ ဒေသခံဆန်ကုန်သည်တွေက အောင်မြင်သူကုမ္ပဏီကနေတဆင့်တဖန်ပြန် ၀ယ်ယူနေရလို့ အခက်ခဲတွေရှိနေသလို တကယ်လို့တနသာင်္ရီတိုင်းဆန်ကုန်သည်တွေကိုသာ လုပ်ပိုင်ခွင့်ချ ပေးမယ်ဆိုရင် ဆန်စျေးနှုန်းတွေ ကျဆင်းနိုင်ပြီးပိုအဆင်ပြေမယ်လို့ ဆန်ကုန်သည်ကြီးများအသင်းတာဝန်ရှိ သူတစ်ဦးဖြစ်တဲ့ဦးစိုးနိုင်ကပြောပါ တယ်။

သူတို့ချရောင်းပေးလို့ကိုယ်ဝယ်နေရတာပေါ့။ ကိုယ်ကအိတ်(၁၀၀၀)လိုချင်တယ်။ ဒါပေမဲ့(၅၀၀)ဘဲရတယ်။ ဒီရောက်ကိုယ်ရောင်းရတာပေါ့။ ပိုက်ဆံကိုယ်ကြိုရှင်း ၀ယ်ရတာပေါ့။

အခက်ခဲကတော့စျေးနှုန်းနဲနဲကြီးတာပေါ့နော်။ ကျွန်တော်တို့ဆန်ကစျေးနဲနဲကြီးတာပေါ့နော်။ဒေသခံဆန်ကုန် သည်အသင်းသွားပြီးကိုင်ရင်ပိုအဆင်ပြေတာပေါ့။ စျေးနှုန်းလဲကျနိုင်တာပေါ့။ အခုတော့ ကျွန်တော်တို့ တဆင့်ပြန် ၀ယ်ရောင်းတော့စျေးမြင့်သွားတာပေါ့။

တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဟာ တနင်္သာရီတိုင်းအတွင်း ဆန်တင်သွင်းခွင့် ချုပ်ကိုင် ထားခဲ့ပြီး ၀န်ကြီးချုပ်နဲ့အလျင်းသင့်တဲ့  အောင်မြင်သူကုမ္ပဏီကို သာဆန်တင်သွင်းခွင့်ပြုခဲ့ပါတယ်။

တနသာင်္ရီတိုင်းမှာ တဦးတည်းဆန်တင်သွင်းခွင့်ရတဲ့ အောင်မြင်သူကုမ္ပဏီပိုင်ရှင် ဦးလှမျိုးဟာမန္တလေး အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး ၀န်ကြီးချုပ်ဦးခင်ဇော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူစဉ်ကတည်းက ရင်းနှီးသူဖြစ်ပါတယ်။ ဦးလှမျိုးဟာ အောင်မြင်သူ အမည်ဖြင့်ကုန်မျိုးစုံ ရောင်းဝယ် ရေး လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်တဲ့အပြင် မန္တလေးမြို့ထုတ် ပန်သစ္စာ ဂျာနယ်ကို ထုတ်ဝေခဲ့သူဖြစ်တယ်လို့လည်း ဧရာဝတီသတင်းဌာနကနေရေးသားဖေါ်ပြထားပါတယ်။