အိန္ဒိယမြန်မာ နှစ်ဆတိုးကုန်သွယ်ရန် သဘောတူ

အိန္ဒိယမြန်မာ နှစ်ဆတိုးကုန်သွယ်ရန် သဘောတူ
by -
ဆူးပန်း

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာကျင်းပခဲ့တဲ့လေးကြိမ် မြောက်ကုန်သွယ်ရေးကော်မစ်ရှင်အစည်းအဝေးမှာ  နှစ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးတွေက  လာမဲ (၂၀၁၅) ခုနှစ်မှာ  ကုန်သွယ်မှုနှစ်ဆတိုးပြီးလုပ် ဆောင် သွားမယ်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာကျင်းပခဲ့တဲ့ လေးကြိမ်မြောက်ကုန်သွယ်ရေးကော်မစ်ရှင်အစည်းအဝေးမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးတွေက  လာမဲ့(၂၀၁၅)ခုနှစ်မှာ  ကုန်သွယ်မှုနှစ်ဆတိုးပြီးလုပ်ဆောင် သွားမယ်ဖို့သဘော တူညီမှုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်စိုက်ပျိုးရေးသုတေသနလုပ်ငန်းမြင့်တင်ဖို့ကို အိန္ဒိယနိုင်ငံကနေကူညီ မှာဖြစ်ပြီး မြန်မာနိုင်ငံကထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ရှာဖွေရေးကဏ္ဍမှာလဲ ပူးပေါင်းပါ၀င် ချင်တယ်လို့အိန္ဒိယ နိုင်ငံကုန်သွယ် ရေး နဲ့စက်မှုဝန်ကြီးအနာမ်ရှားမားကပြောပါတယ်။

၀န်ကြီးအနမ်ရှားမားပြောဆိုချကိအပေါ်မြန်မာနိုင်ငံကုန်သွယ်ရေးဝန်ကြီးဦးဝင်းမြင့်ကကြိုဆိုတယ်လို့ပြောပါတယ်။

အခုလိုနှစ်နိုင်ငံအစိုးရခြင်းသဘောတူညီချက်အရကုန်သွယ်ရေးတိုးမြင့်လုပ်ဆောင်တဲ့အပေါ် နိုင်ငံဖွံ့ဖြိုးရေး အတွက်အခွင့်အလမ်းပိုမိုရရှိမယ်လို့  ပြည်တွင်းကုန်သည်ကြီးတစ်ဦးကပြောပါတယ်။

ဟုတ်ကဲ့အခုမြန်မာနဲ့အိန္ဒိယနဲ့နှစ်နိုင်ငံကုန်သွယ်မှုတိုးမြင့်လုပ်ဆောင်ဖို့ ဒီကိစ္စဟာကျွန်တော်တို့ကုန်သည်တွေ အနေနဲ့ တကယ့်ကိုကြိုဆိုရမဲ့အဆင့်ဘဲခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာလွတ်လပ်တဲ့ စျေးကွက်စီးပွါးရေးစံနစ်ဖေါ်ဆောင်တဲ့နိုင်ငံမှာ ဒီလိုကုန်သွယ်မှုတွေဟာ အရမ်ကိုအရေးကြီး ပါတယ်။နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်တာဟာ နိုင်ငံရဲ့ဖွံ့ဖြိုးရေး တခြားဒီစီးပွါးရေးတို့လူမှုရေးတို့ စိုက်ပျိုးရေးတို့ အဲဒီကဏ္ဍမှာလဲအဆင့်မြင့်မားလာတဲ့သဘောလို့ကျွန်တော်တို့မြင်ပါတယ်။ ကုန်သွယ်မှုစံနစ်တိုးမြင့်လာမယ် ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက်နိုင်ငံခြားဝင်ငွေရဖိုကအခွင့်အလမ်းလဲများတယ်။ နို်ငံအတွက်လိုအပ်တဲ့ ပစ္စည်း တွေကိုလဲ တင်သွင်းခွင့်ရမယ်။ ဒါ့အပြင်ကျွန်တော်တို့နိုင် ငံမှာ ရှိတဲ့မြေပေါ်မြေအောက်သယံဇာတတွေကိုလဲ နိုင်ငံခြားကိုရောင်းဝယ်ခွင့်ရမယ်ဆိုရင်တော့ နိုင်ငံဝင်ငွေတွေပိုပြီးတော့ရလာနိုင်တယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက်ကိုတော့ ကုန်သွယ်ရေးစံနစ်ဟာ ကောင်းမွန်ဖို့အခြေခ့တော့လိုအပ်တယ်။

လက်ရှိအခြေအနေကတော့မြန်မာနဲ့အိန္ဒိယနဲ့နှစ်နိုင်ငံကုန်သွယ်မှုဟာ (၁.၅)ဘီလီယံရှိနေပြီး သားငါး သစ်တော ဆေးဝါးနဲ့တခြားထုတ်ကုန်(၂၂)မျိုးကုန်သွယ်မှုပြုလုပ်နေပါတယ်။ ကုန်သွယ်မှုနှစ်ဆတိုးမြင့်ဖို့အစီ အစဉ် အတွက် ကုန်ပစ္စည်းအပေါ်အခွန်ကင်းလွတ်ဖို့လိုအပ်တယ်လို့ အိန္ဒိယနိုင်ငံကုန်သွယ်ရေး နဲ့စက်မှုဝန်ကြီး အနာမ်ရှားမားကအကြံပေးသွားပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ အခုလိုမြန်မာနိုင်ငံအပေါ်ကုန်သွယ်မှုတိုးမြင့်လာတဲ့ရည်ရွယ်ချက်ဟာ မြန်မာပြည်တွင်းမှာ တရုတ်နိုင်ငံကနေ စီးပွါးရေးချုပ်ကိုင်လာမှုကိုမလိုလားဘူးလို့ လွတ်မြောက်နယ်မြေမှာရှိတဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံခြားဆက်ဆံရေးကော်မိတီ ဦးညိုအုန်းမြင့်ကအခုလိုသုံးသပ်ထားပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှုအဲတာကိုလဲတစိပ်တပိုင်းဖြေရှင်းခြင်တယ်လို့ကျွန်တော် မြင်ပါတယ်။ အိန္ဒိယအစိုးရဟာဗမာ အရင်စစ်အစိုးရ နေတုန်းနဲ့က ကူးသန်းရောင်းဝယ်ရေးနဲ့ သဘာဝဓါတ် ငွေ့ထုတ်လုပ်ရေးစီမံချက်တွေမှာလဲကျွန်တော်တို့တွေ့ရပါတယ်။ အထူးသဖြင့်ရခိုင်ပြည်နယ်မှာသဘာသဓါတ် ငွေ့၊ ရေနံကြောတွေပါတွေ့လာတယ်။ အိန္ဒိယအစိုးရနဲ့ အခုမြန်မာအစိုးရကြားထဲမှာပိုပြီးတော့ပူးပေါင်းဆောင် ရွက်မှုတွေလုပ်ခြင်းအားဖြင့် တရုတ်အစိုးရရဲ့တကိုယ်တော်စီးပွါးရေးချုပ်ကိုင်မှု အဆုံးသတ်အောင် ကြိုးစား နေတယ်လို့ကျွန်တော်မြင်ပါတယ်။

အိန္ဒိယအစိုးရရဲ့စီမံကိန်းကတော့ အမေရိကန်ဒေါ်လာသန်း(၁၂၀)တန် ပြင်ပကမ္ဘာကြီးအား ဆက်သွယ် ပေးမည့် ကုလားတန်ပရောဂျက်အစီအစဉ်အရ (၂၀၁၃)ခုနှစ်မှာအိန္ဒိယအရှေ့မြောက်ပြည်နယ်ကနေ ရေလမ်းမီးရထား လမ်း တိုးချဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး အိန္ဒိယအရှေ့ပိုင်းကမ်းခြေကနေ ရခိုင်ပြည်နယ် စစ်တွေအထိ ထိုမှ တဆင့်မီဇိုရမ် ပြည်နယ်အထိ လမ်းဖေါက်လုပ်သွားမယ်လို့သဘောတူညီချက်တွေရရှိထားပါတယ်။ မီဇိုရမ်ပြည် နယ်မှာ အကောက်ခွန်ဂိတ်ဖွင့်ဘို့ကိုလဲ သဘောတူညီခဲ့ပါတယ်။လက်ရှိမှာလဲ အိန္ဒိယမြန်မာကုန်သွယ်ရေး လမ်းကြောင်းမှာ မိုးရေးနဲ့ မြန်မာဘက်မှာတမူးဂိတ်တွေရှိနေပါတယ်။

ကုန်သွယ်ရေးဌာနချုပ်ကို အိန္ဒိနိုင်ငံက မီဇိုရမ်ပြည်နယ် ဆောကဒါမှာဖွင့်လှစ်ပြီး မြန်မာနိုင်ငံမှာချင်းပြည်နယ် ထဲက Rhi(ရိ မှာထားရှိသွားမယ်လို့နှစ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးတွေကသဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါ့အပြင် နှစ်နို်င်ငံ ကုန်သွယ်ရေးအရ အရင်ကသတ်မှတ်ထားတဲ့ကုန်ပစ္စည်း(၂၂)မျိုးကနေ (၄၀ မျိုးအထိခွင့်ပြုသွားမယ် လို့ သဘော တူညီချက်တွေရရှိထားပါတယ်။

Most read this week