ဒီကေဘီအေနှင့် ခမရ (၅၄၃) တိုက်ပွဲဖြစ်

ဒီကေဘီအေနှင့် ခမရ (၅၄၃) တိုက်ပွဲဖြစ်
by -
မိအိန်ပိုင်

DKBA ယမန်နေ ့ညနေ (၃)နာရီ(၂၀)မိနစ်၌၊ ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို ့နယ်၊ ဘုရားသုံး ဆူမြို ့အနောက် ဖက် (၁၀)ကီလိုခန် ့အကွာ၊ တာတိန်ရွာအနီးတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့

Battle_photoDKBAယမန်နေ ့ညနေ (၃)နာရီ(၂၀)မိနစ်၌၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို ့နယ်၊ ဘုရားသုံးဆူမြို ့အနောက် ဖက် (၁၀)ကီလိုခန် ့အကွာ၊ တာတိန်ရွာအနီးတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို ့ကနေ တက်လာ သော စကခ (၅) လက်အောက်ခံ ခမရ (၅၄၃)စစ်ကြောင်းနှင့် ဘုရားသုံးဆူဒေသ၌လှုပ်ရှားနေ သော ဒီကေဘီအေ (၇၀၂)တပ် ရင်းစစ်ကြောင်းနှင့် (၁၅)မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ဤတိုက်ပွဲ၌ခမရ(၅၄၃)မှ ရဲဘော်နှစ်ဦး ပြင်းထန်စွာ ဒါဏ်ရာ ရရှိခဲ့သည်ဟု ထွက်ပြေးလာသော ပေါ်တာ အထမ်းသမားတဦးက ပြောပါသည်။

ဤတိုက်ပွဲသည်၊ ဘုရားသုံးဆူမြို ့နယ် လုံခြုံရေးအတွက် အင်အားဖြည့်ရန် တက်လာသော အင်းအား(၁၀၀) ခန် ့ ရှိသည့် ခမရ(၅၄၃) တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်သည့် စစ်ကြောင်းကို ပျောက်ကြားပစ်ရန် စောင့်နေ သော အင်းအား(၂၀)ခန် ့ရှိ ဗိုလ်မှူးအေဝမ်း ဦးဆောင်သည့် ဒီကေဘီအေ(၇၀၂)တပ်ရင်းက  ခြုံခိုတိုက်ခိုက် လိုက်ခြင်းဖြစ်ပါသည်။

“ကျနော်တို ့သတင်းရထားလို ့စောင့်ပစ်နေတာ တပါတ်လောက်ကြာနေပါပြီး။ တိုက်ပွဲဖြစ်ပြီးတော့ သူတို ့က ရှေ ့မတိုးတော့ပါဘူး၊ အဲဒီတာတိန်ရွာမှာဘဲ အိပ်လိုက်တယ်။ ကျနော်တို ့တိုက်ပွဲပြီးတဲ့ အချိန်မှာဘဲ အဲဒီ နားမှာ ရှိတဲ့ ကျော်ဂူရွာထဲကို 60-MM လက်နက်ကြီးနဲ ့အနဲဆုံး(၄၀)လုံးလောက်ရှိမယ် လှမ်းပစ်တယ်။ ရွာသားတွေရဲ့ထိ ခိုက်မှု တွေတော့ မသိရသေးပါဘူး၊ ဒါကလည်း သူတို ့လုပ်နေကြဗျူဟာတခုပါဘဲလေ။ ရွာထဲကို လက် နက်ကြီး နဲ ့ပစ် မယ်၊ ပြီးတော့ တိုက်ပွဲဖြစ်လာပြီးဆိုရင် အဲဒီအချိန်မှာတွေ ့တဲ့ရွာသားတွေကို ပစ်သတ်တယ်။ ဒီ လိုမျိုး ကရင်ရွာ တွေကို လုပ်နေတာကြာလှပါပြီး။ သဘောက ကျနော်တို ့ကရွာသား တွေကို သနားတဲ့အနေ နဲ ့ တိုက်ပွဲတွေ မဖေါ် ဖြစ်အောင်၊ လုပ်တဲ့နည်းပါဘဲ၊ အခုဆိုရင်တွင်တွင်ကျယ်ကျယ် ကို သုံးလာနေတယ်လေ” ဟု ဗိုလ်မှူး အေဝမ်းက ဆိုပါသည်။

လက်နက် ကြီးဒဏ်ကြောင့် ကျောက်ဂူရွာက နွား၂ကောင်သေပြီး နွားမနှစ်ကောင် ဒါဏ်ရာရရှိခဲ့ပါသည်။ သေသွားသည့်နွားကို စစ်တပ်က ဖေါ်စားလိုက်ကြပါသည်။ ဤခမရ(၅၄၃)တပ်ဖွဲ ့သည်၊လက်ရှိဘုရားသုံးဆူ ၌ လှူပ်ရှားနေသော စကခ(၅)မှ ခရလ (၅၆၆)နှင့် တပ်ချင်းလဲရန် ဖြစ်နိုင်သလို စစ်ဆင်ရေး အတွက်လည်း တပ်အင်အားဖြည့်တင်းနိုင်သည်ဟု စစ်ရေးအကဲ ခတ်များကခန် ့မှန်းနေပါသည်။ အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၁၈)ရက် နေ ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို ့နယ်ရှိ စကခ (၁၂)လက် အောက်ခံ ခလရ (၂၈၄)နှင့် အရှေ ့တောင်တိုင်း လက်အောက်ခံ ခလရ (၃၂)တပ်ရင်းတို ့ တပ်ချိန်းခဲ့ပါသည်။

ပြီးခဲ့သည့် သြဂုတ်လ(၁၂)ရက်နေ ့ကလည်း အဲဒီကျောက်ဂူရွာ၌ပင် ဒီကေဘီအေ ဗိုလ်မှူးအေဝမ်းအဖွဲ ့နှင့် ခမရ(၅၆၆)တို ့မိနစ်(၃၀)ခန် ့တိုက်ပွဲဖြစ်ခဲ့ပါသေးသည်။ ယခုလည်း ခမရ(၅၆၆)သည်၊ ခမရ (၅၄၃အတွက် စစ် ကူသွားနေရသည်ဟု သိရပါသည်။