မြန်မာစစ်တပ် စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း ကေအန်ယူကြေညာချက်ထုတ်ပြန်

မြန်မာစစ်တပ် စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း ကေအန်ယူကြေညာချက်ထုတ်ပြန်
by -
နော်ဂျူးနီဒါး

မြန်မာစစ်အစိုးရသည် အရပ်သားအစိုးရအဖြစ် ပြောင်းလဲသော်လည်းတိုင်းရင်းသားလူထုများအပေါ် အုပ်ချုပ်မှုနှင့် စစ်အာဏာကြီးစိုးမှုကပြောင်း လဲခြင်းမရှိသည့်အပြင်နိုင်ငံတကာ ရာဇဝတ်မှုနှင့် စစ် ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေ ကြောင်း  ကေအန်ယူခေါ်ကရင်အမျိုးသား အစည်းအရုံးမှ မေလ (၂၆) ရက်နေ ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ထိန်းချုပ်နယ်မြေ (၅) ခုအတွင်းရှိလှုပ်ရှားနေသည့် မြန်မာ စစ်တပ်များက လေးလတာ ကာလအတွင်း ကရင်ပြည်သူ ၂ ထောင်ကျော်အား အကာအကွယ်အဖြစ်အသုံး ပြုကြောင်းထုတ်ပြန်ထားသည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှစ၍ ဧပြီလကုန်ထိ လူ့အခွင့်အရေးချိုးဖေါက်ခံရ သည့် ရွာသားပေါင်း (၂၀၅၁) ဦးထဲတွင် အမျိုး သမီး (၁၂၂၀)ဦးလည်းပါ၀င်သည်။ထိုရွာသူရွာသားများ သည် စစ်တပ်အတွက် အကာအကွယ်အဖြစ်သော်လည်းကောင်း၊ မိုင်းရှင်းပေးရန်အတွက်သော်လည်းကောင်း အသုံးပြုခံရသည်ဟု ကြေညာချက်ထဲတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြီးစီး၍ အစိုးရသစ်တစ်ရပ်ပေါ်ထွက်လာသည်ဆိုသော်လည်း တိုင်းရင်းသားဒေသတွင် ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းလူ့အခွင့်အရေးချိုးဖေါက်ခံရဆဲဟု ကေအန်ယူခေါ် ကရင်အမျိုးသားအစည်း အရုံးအတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေကယခုလိုပြောပါသည်။

“သမ္မတကြီးဦးသိန်းစိန်တို့အဖွဲ့တွေကတော့ အစိုးရသစ်ပေါ်လစီသစ်တွေနဲ့ တိုင်းပြည်ကို ပြောင်းလဲမယ်ဆို ပြီးတော့ နိုင်ငံရေးအရရော  တိုင်းရင်းသားတွေရဲ့ ဖွံ ့ဖြိုးမှုအရရော  ငြိမ်းချမ်းရေးအရရော အဲဒါသူတို့ က တကယ့်ကိုပဲကြားကောင်း အောင်ပြောနေပါတယ်။ လုပ်မယ်ဆိုတော့ ပြည်တွင်းပြည်ပ တော်တော်များများ ကနေပြီးတော့ သူတို ့ကိုမျှော်လင့်ကြတာပေါ့၊ တကယ်တမ်းပြောင်းလဲလာမလားဆိုပြီး။ ဒါပေမယ့် ကျနော်တို ့ရဲ့ကနေ ့လက်ရှိကရင်အမျိုးသားတွေရဲ့ စစ်မြေပြင်တွေမှာတော့ ဘာမှ အပြောင်းအလဲမရှိသေးဘူး၊ပေါ်တာ ဆွဲမြဲဆွဲ။ လူတွေကိုခိုင်းမြဲခိုင်း။ သတ်မြဲသတ်။ လုမြဲလု။ ရှို ့မြဲရှို ့ဆိုတော့ အဲဒီထဲမှာ လည်းပဲအမျိုးသမီး တွေကလည်း ဆက်လက်အကြမ်းဖက်ခံနေရတယ်၊ ကလေးတွေ ကိုလည်းချမ်းသာမပေးပဲနဲ့ တစ်ပြည် နှစ်ပြည်ကစ နို့ဆီဗူးသုံးလေးငါးလုံးလောက်အစ ထမ်းခိုင်းတယ်ဆိုတဲ့ခါကျတော့ ဒီအဖြစ် အပျက်တွေကို ကြည့်ပါအုံးဗျာ နိုင်ငံတကာကြီးရယ်။

ယခုလို ကြေညာချက်ထုတ်ပြန်ခြင်းသည် ကေအန်ယူအနေနှင့်ကရင်တိုင်းရင်းသားတစ်ခုတည်းအတွက် ထုတ်ပြန်ခြင်းမဟုတ်ဘဲ နိုင်ငံတစ်ဝှမ်းလုံးတွင် ပြည်သူများခံစားနေရသောအဖြစ်အပျက်လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု များကို ကမ္ဘာမှသိရှိရန် ရည်ရွယ်ချက်နှင့်ထုတ်ပြန်ရသည်ဟု ဗိုလ်မှူးစောလှငွေ ကပြောသည်၊

အမျိုးသမီးများနှင့် ကလေးငယ်များကို စစ်တပ်အကာအကွယ်အဖြစ် အသုံးခံနေရသောကြောင့် နိုင်ငံတကာ ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကိုပါ ကျူးလွန်နေသောကြောင့် ကမ္ဘာကုလသမဂ္ဂကအဖွဲ ့ဝင်နိုင်ငံ များနှင့် ဒီမိုကရေစီနိုင်ငံများကိုပါ မြန်မာစစ်အစိုးရခေါင်းဆောင်များဧ၊် လူမဆန်သောလုပ်ရပ်များကို ရပ်တန့် ရန် ပြင်းထန်သောအရေးယူမှုများပြုလုပ်ပြီး တစ်ချိန်တည်းမှာပင်မြန်မာပြည်အတွက် အမြန်ဆုံး စုံစမ်းရေး ကော်မရှင် တစ်ရပ်ဖွဲ ့စည်းပေးပါရန် ု ကရင်အမျိုးသားအစည်းအရုံးအနေနှင့် အလေးအနက်တောင်းဆိုထား ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်၊။

ကရင်အမျိုးသားအစည်းအရုံးသည် ၁၉၄၉ခုနှစ်မှစ၍ အာဏာရမြန်မာအစိုးရအဆက်ဆက်ကိုတော်လှန်နေ သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။