ယခုလပိုင်းတွင် ဓါတ်ဆီ ဒီဇယ်ဆီစျေးနှုန်း မြင့်တက်မှုကြောင့် ထိုင်းမြန်မာ နယ်စပ် တလျှောက်တွင် ပြေးဆွဲ နေသော မော်တော်ယာဉ်များ အခက်တွေ့နေရသည်ဟု ယာဉ်ပိုင်ရှင်များမှ ပြောပါသည်။ ...
ယခုလပိုင်းတွင် ဓါတ်ဆီ ဒီဇယ်ဆီစျေးနှုန်း မြင့်တက်မှုကြောင့် ထိုင်းမြန်မာ နယ်စပ် တလျှောက်တွင် ပြေးဆွဲ နေသော မော်တော်ယာဉ်များ အခက်တွေ့နေရသည်ဟု ယာဉ်ပိုင်ရှင်များမှ ပြောပါသည်။ ထိုင်းနိုင်ငံတွင် ယခင်က ဓါတ်ဆီစျေး တစ်လီတာကို ဘတ်ငွေ(၄၀)ကျော်လောက်တာရှိသော်လည်း ယခုအခါ(၄၈)ဘတ်အထိ ထိုးတက်လာ သည့်အတွက် ယာဉ်ပြေးဆွဲသူများအတွက် အခက်ကြံုနေရသည်ဟု စံခလပူရီမှ ဆိုင်ကယ်တက္ကစီ မောင်းသူတစ်ဦးမှ ယခုလို ပြောပါသည်။
“အရင်ကခေါက်တိုဆို တစ်ဆယ်ဘတ်ယူတယ်။ အခုတော့(၁၅)ဘတ်ယူရတယ်။ တွက်ခြေမကိုက်ပေမဲ့ ဒီလိုဘဲပြေးဆွဲနေရတာပေါ့။”
ယခုလိုလောင်စာဆီစျေးတက်လာသည့်အတွက် သယ်ယူပို့ဆောင်ရေးအတွက်စရိတ်နှုန်းကြီးမြင့်လာသည့် နည်းတူ ကုန်သည်များအတွက် သယ်ယူပို့ဆောင်စရိတ်ကြီးမားလာသည်နှင့်အမျှ စရိတ်ကာမိစေရန် စျေးနှုန်းတင် ထားရသည်ဟု ကုန်သည်တစ်ဦးမှပြောပါသည်။
“ကုန်တင်ခတိုးပေးရလို့ ကုန်ပစ္စည်းတွေကို စျေးတင်ရောင်းရတဲ့အနေအထားမှာရှိနေတယ်။ ကုန်တင်ခ လျော့သွားရင်တော့ စျေးလျှော့ရောင်းရတယ်။ စျေးတင်ရောင်းရတော့ ရောင်းအားမကောင်းဘူး။ စျေးရောင်း ရနှုန်း ထက်ဝက်ကျသွားတယ်။ ခါတိုင်းမှာတစ်ရက်ကို သုံးသောင်းလောက်ရောင်းရတဲ့ဆိုင်တွေမှာဆိုရင် တစ်သောင်း လောက်သာရောင်းရတယ် ဟု ဘုရားသုံးဆူ ကုန်စုံရောင်းသူတစ်ဦးမှပြောပါသည်။
အလားတူဘဲဝယ်သုံးသူဘက်ကလည်း “ကျမတို့တော့မပါမဖြစ်တဲ့ ဆီ။ဆားကြက်သွန်ုတော့ မစားဘဲနေလို့ မရဘူးလေ။ စျေးတက်လည်းဝယ်ရတာဘဲ လောင်စာဆီစျေးတက်လည်း ကုန်ပစ္စည်းစားစရာတွေ စျေးလိုက်တက် လာတော့ မပြေလည်ဘူး။ ပိုက်ဆံတွေမစုမိဘူး ရလိုက်။ ကုန်လိုက်နဲ့ ဖြစ်နေတယ် ဟု ရေးမြို့နယ်မှ အနန်းပုန်ရွာသူ တစ်ဦးက ပြောပါသည်။
အလားတူမြန်မာနိုင်ငံဘက်လည်း ယခင်ကဆီတစ်ဂါလံကို နှစ်ထောင်ကျပ်ကျော် သုံးထောင်လောက်သာ ရှိသော်လည်း ယခုအခါတွင် လေးထောင်ကျပ်ပေါက်စျေး ဖြစ်နေတဲ့အတွက် မော်တော်ယာဉ်သမားများအနေနှင့် အခက်ခဲများနှင့်ရင်ဆိုင်နေရပြီး ပြေဆွဲရနှုန်းလည်း ယခုအခါမှာ လျော့သွားကြောင်း ယာဉ်ပိုင်ရှင်များမှ ပြောပါသည်။