KPF အဖွဲ့အတွင်း ခေါင်းဆောင် ပြောင်းလဲရေးအတွက် အကြိုဆွေးနွေး

KPF အဖွဲ့အတွင်း ခေါင်းဆောင် ပြောင်းလဲရေးအတွက် အကြိုဆွေးနွေး
by -
ဆူးပန်း
အပစ်ရပ်ကရင်လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည့် KPFခေါ်ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အတွင်းပြောင်းလဲဖွဲ့စည်းရေးအတွက် မော်လမြိုင်မြို့ဖက်ခင်းရပ်ရှိ KPF ရုံးအတွင်း ဖေဖေါ်ဝါရီ (၁၇)ရက်တွင်  အစည်း အဝေး တခုပြုလုပ်ခဲ့ကြောင်း...

အပစ်ရပ်ကရင်လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည့် KPFခေါ်ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အတွင်းပြောင်းလဲဖွဲ့စည်းရေးအတွက် မော်လမြိုင်မြို့ဖက်ခင်းရပ်ရှိ KPF ရုံးအတွင်း ဖေဖေါ်ဝါရီ (၁၇)ရက်တွင်  အစည်း အဝေး တခုပြုလုပ်ခဲ့ကြောင်း ဒေသခံတချို့မှ ပြောပါသည်။

အဆိုပါအစည်းအဝေးတွင် ဥက္ကဌစောသမူဟဲ၊  ဒုဥက္ကဌဗိုလ်မှူးကြီးဒေါဒေါ အတွင်းရေးမှူး မန်းအောင်တင်မြင့် ဒုဗိုလ်မှူးကြီးစောသြဘာ ဒုဗိုလ်မှူးကြီးအဲ့ဆေး ဗိုလ်မှူးဖါတဍာ ဗိုလ်မှူး စောဝါးချဲ့တို့တက်ရောက်ခဲ့ပြီး စစ်အစိုးရဘက်မှ စရဖ အဖွဲ့အရာရှိလည်း တက်ရောက်ခဲ့သည်ဟု  KPF နှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

၄င်းအစည်းအဝေးတွင်ကင်ဆာရောဂါဖြင့်အသည်းအသန်ဖြစ်နေသည့် ဥက္ကဌကြီးစောသမူဟဲ နေရာတွင် ဗိုလ်မှူးကြီးဒေါဒေါကို ပြောင်းလဲသွားမည့်အစီအစဉ်ကို ဦးစားပေးဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“ဦးစောသမူဟဲက ရောဂါသည်းနေပြီး။ ဘန်ကောက်မှာဆေးကုသတာ ငွေတအားကုန်သွား ပေမဲ့မထူးဘူး။ သူ့ကင်ဆာရောဂါက ဦးခေါင်းကနေကြောရိုးအထိပြန့်နေပြီး အခုသူ့အိမ်မှာဘဲ အချိန်စောင့်နေရတယ်။ အဲဒီအစား ဗိုလ်မှူးကြီးဒေါဒေါကို ဥက္ကဌအဖြစ်အစားထိုးသွားဖို့ အကြို ဆွေးနွေးထားတယ်လို့သိရတယ်”ဟု KPF နှင့် နီးစပ်သူ တစ်ဦးမှပြောပါသည်။

သို့ရာတွင် စရဖအရာရှိမှ KPF အတွင်းနယ်ခြားစောင့်တပ်ဖွဲ့ အသွင်းပြောင်းလဲရေးကိုသာ ဦးစားပေး ပြောဆိုခဲ့ကြောင်း အဆိုပါ KPF နှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

သီးခြားအတည်မပြုနိုင်သောသတင်းအရ လာမည့်ဖေဖေါ်ဝါရီ(၂၁)ရက်နေ့တွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှနေ၍ KPFခေါင်းဆောင်များကို နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းရေး အတွက်သီးခြားတွေ့ဆုံဆွေးနွေးမည်ဟု မော်လမြိုင်မြို့ရှိ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတစ်ဦးမှ ပြောပါသည်။

Most read this week