NCUB-FM ရေဒီယိုအစီအစဉ် ယနေ့တွင် ရပ်ဆိုင်း

NCUB-FM ရေဒီယိုအစီအစဉ် ယနေ့တွင် ရပ်ဆိုင်း
ကရင်နီကယားပြည်နယ်ဒေသ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်နယ်စပ်တစ်လျှောက် တွင် အသံလွှင့်လျှက်ရှိသောNCUB-FM ရေဒီယိုအစီအစဉ် ယနေ့မှစတင်၍ ယာယီရပ်ဆိုင်း ...

စံခလပူရီ(သြဂုတ်-၃၁)။    ။ ကရင်နီကယားပြည်နယ်ဒေသ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်နယ်စပ်တစ်လျှောက် တွင် အသံလွှင့်လျှက်ရှိသောNCUB-FM ရေဒီယိုအစီအစဉ် ယနေ့မှစတင်၍ ယာယီရပ်ဆိုင်းလို်က်ကြောင်း အသံ လွှင့်အစီအစဉ်မှူးအဖြစ် ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမင်းရဌက ပြောကြားခဲ့သည်။

“ ဦးဆောင်မှုမကောင်းလို့ ဒီလိုရပ်ဆိုင်းလိုက်ရတာပဲလို့ ကျတော်မြင်တယ်” ဟု ဦးမင်းရဌက ဆက်လက်ပြောကြား ခဲ့သည်။

အဆိုပါ NCUB- FM ကို မြန်မာနိုင်ငံအလုပ်သမားများသမဂ္ဂအဖွဲ့ FTUB ဦးဆောင်မှုဖြင့် ၂၀၀၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှစတင် အသံလွှင့်ခဲ့သည်ဟု ဆိုပါသည်။ အပတ်စဉ် စနေ၊ တနင်္ဂနွေ၊ တနင်္လာနေ့များ၌ နံနက်ပိုင်းနှင့် ညနေ ပိုင်းတို့တွင် ၄၅ မိနစ်ကြာ FM လိုင်း ၈၈ နှင့် ၉၉ မီဂါဟတ်လိုင်းများမှ အသံလွှင့်ခဲ့သည်ဟု သိရသည်။

အသံလွှင့်အစီအစဉ်မှူး တစ်ဦးဖြစ်သူ မနီလာအောင်ကလည်း “ဘာကြောင့်မှန်းမသိ ရုတ်တရက် ရပ်ဆိုင်းလိုက်တာ ကို ဒီလလယ်ကျတော့မှ ဝန်ထမ်းအားလုံးကို အသိပေးခဲ့ကြပါတယ်။ အလုပ်သမားတွေရသင့်တဲ့ အပိုလစာကို ၂ လလောက်တော့ ပေးဖို့သင့်ပါတယ်၊ ကြိုတင်လည်းမပြောဘူး၊ အခုလိုအလုပ်ပြတ်သွားတော့ ဝန်ထမ်းတွေအားလုံး ဒုက္ခရောက်ကြရတာပဲ၊ လောလောဆယ်အလုပ်သစ် ရဖို့က မလွယ်သေးဘူး၊” ဟု ပြောကြားခဲ့ပါသည်။

ဤအသံလွှင့်ဌာနသည် အထူးသဖြင့် ILO အကြောင်း၊ အလုပ်သမားအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့် အရေး၊ တိုင်းရင်းသားများအရေးနှင့် ပတ်သက်သော ပညာပေးမှုများကို အဓိကထား ထုတ်လွှင့်ပေးခဲ့ပါသည်။ အသံလွှင့်အစီအစဉ်၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး ဖြစ်သည်ဟု သိရသည်။

Most read this week