ဒီကေဘီအေတပ်ဖွဲ့မှ ဘုရားတည်ရန်အတွက် ရွာသားများကို အဓမ္မ လုပ်အားပေးခိုင်း

ဒီကေဘီအေတပ်ဖွဲ့မှ ဘုရားတည်ရန်အတွက် ရွာသားများကို အဓမ္မ လုပ်အားပေးခိုင်း
မြဝတီမြို့နယ်ရှိ ကလိုထူးဘောစစ်ဗျူဟာမှှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် ဖလူးစခန်းနှင့် မြဝတီမြို့နယ်ကြား မောတိုကလေး ကျေးရွာ အနောက်ဘက်် ဘုန်းကြီး ကျောင်းအနား ကျောက်တောင် ထိပ်တွင် ပြီးခဲ့သော အပါတ်မှ ဘုရားတစ်ဆူတည်ခဲ့ ...

မြဝတီမြို့နယ်ရှိ ကလိုထူးဘောစစ်ဗျူဟာမှှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် ဖလူးစခန်းနှင့် မြဝတီမြို့နယ်ကြား မောတိုကလေး ကျေးရွာ အနောက်ဘက်် ဘုန်းကြီး ကျောင်းအနား ကျောက်တောင် ထိပ်တွင် ပြီးခဲ့သောအပါတ်မှ ဘုရားတစ်ဆူတည်ခဲ့သည်။

အဆိုပါဘုရားတည်ဆောက်ရာတွင် အပြင်ကွင်းကလေးရွာသား (၁ဝ) ဦး၊ အထဲကွင်းကလေးရွာသား (၁ဝ) ဦး၊ မယ်က နဲ့ရွာသား (၁ဝ) ဦး အပါအဝင် စုစုပေါင်းရွာသား (၃ဝ) ကို အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခဲ့သည်။ ဘုရားတည် မပြီးမခြင်း အလှည့်ကျ (၃ဝ) ယောက်လဲလှယ်ပေးရသည်။

ဘုရားတည်နေရာနှင့် လုပ်အားပေးခံရသည့်ကျေးရွာမှာ (၈)  မိုင်ခန့်ကွာဝေးနေပါသည်။ ထို့အပြင် အပြင်ကွင်းကလေး ရွာနှင့် အထဲကွင်းကလေးရွာသား အများစုမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများ ဖြစ်သည်။ ဘုရားတည်သော နေ ရာမှာ မြဝတီမြို့မှ   (၆) မိုင်ကွာဝေးပြီး အရှေ့တောင်အရပ်တွင် တည်ရှိသည်။

အဆိုပါရွာသားများမှာ ဒီကေဘီအေတို့၏ ညွှန်ကြားချက်အတိုင်း စောဒကမတက်ရဲဘဲ ကြိတ်မှိတ်ပြီး လုပ်အား ပေးနေ ရကြောင်း ကရင်အမျိုးသားရေး လေ့လာသူ ပုဂ္ဂိုလ်တစ်ဦးမှ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။