ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ တွေ့ဆုံဆွေးနွေးသည့် သြဂုတ်လ ၁၅ရက်နေ့ ပထမရက်တွင် အဓိကအခြေခံမူများကိုဆွေးနွေးနိုင်ခဲ့သည်ဟု MPC မှ Peace Dialogue Program မှတွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောသည်။
MPC မှ Peace Dialogue Program မှတွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦးက “အဓိကအရေးကြီးဆုံးအပိုင်းပေါ့ဗျာ အခြေခံမူ၊ ဖက်ဒရယ်ကိစ္စတွေပေါ့ ဆွေးနွေးကြတယ်ပေါ့ဗျာ အရေးကြီးဆုံးအပိုင်းကိုပေါ့ ပြီးသွားပြီလို့ပြောလို့ ရတာပေါ့ မနက်ဖြန်တော့ပြီးမယ့်သဘောရှိတယ် ״ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
နှစ်ဖက် ဆွေးနွေးရမည့် အဓိကအချက်များ ဖြစ်သည့် အခန်း(၁) အခြေခံမှု အပါအဝင် ဖက်ဒရယ်ကိစ္စများ ယနေ့ဆွေးနွေးခဲ့သည့် အခန်းများမှ အနည်းငယ်ကျန်ရှိနေသည့် အချက်များကို ကိုသြဂုတ်လ ၁၆ ရက်ဒုတိယနေ့တွင် ထပ်မံဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင် ဦးရွှေမျိုးသန့်က “ကျွန်တော် အရင်ရထားတဲ့ (Single Tex) ပေါ်မှာပဲတစ်ခန်းပြီးတစ်ခန်း ဆွေးနွေးခဲ့ကြတယ် အဓိကခက်ခဲတဲ့ အပိုင်းတွေ ကျော်နိုင်ခဲ့ ပြီလို့ပြောလို့ရပါတယ်။ အခုကတစ်ခန်းနှစ်ခန်း ပဲပြီးသေးတော့ မနက်ဖြန်ဆက်ဆွေးနွေးဖို့ ရှိပါသေးတယ်״ ဟုကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။
နှစ်ဖက်မှမူများအားညှိနှိုင်း ကာအပစ်ခက်ရပ်စဲရေးတစ်ခုလုံး၏ အခြေခံမှုများကို ချနိုင်ခဲ့ပြီး အရေးကြီးသည့် အချက်များကို အနည်းငယ် ဖြက်ကျော်နိုင်ခဲ့ပြီ ဖြစ်ကြောင်း နှစ်ဖက်လက်ခံနိုင်သည့် အနေထားကို ရောက်နိုင်ရင် ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း ဦးရွှေမျိုးသန့်က ဆက်ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင်နှစ်ဖက် မှ ဆွေးနွေးမှုများတွင် နှစ်ဖက် ယုံကြည်မှု ပိုမိုရလာကြောင်း Peace Dialogue Program မှတွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦး ကပြောသည်။
၎င်းက̏ ဦးအောင်မင်းပြောတာကတော့ ဆွေးနွေးတာကို တစ်ဖက်နဲ့တစ်ဖက် ပုံစံမျိုးမဟုတ်ဘဲ တစ်ဖက်တည်း ပုံစံမျိုး နဲ့ဆွေးနွေးကြပါ လို့ပြောတဲ့ အတိုင်းဆွေးနွေးကြတယ် နှစ်ဖက်လုံးက ဆွေးနွေးမှုတွေ ယုံကြည်မှုတွေ တော်တော် ရတယ်လို့ ပြောလို့ရတယ် ״ဟု ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။
သြဂုတ်လ ၁၆ ရက်နေ့ဆွေးနွေး အပြီး အားလုံးအပြီးပြက် ဆွေးနွေးနိုင်လိမ့်မည်မဟုတ်ဘဲ အသေးစိတ် အနည်းငယ် ကျန်ရှိ ၍ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးရနိုင်ကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် အစိုးရဖက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင် ၍အလုပ်အဖွဲ့အပါအဝင် ၂၄ ဦးတတ်ရောက် ဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ဘက်မှ ဦးနိုင်ဟံသာ ဦးဆောင် ၍ ၁၇ ဦးတတ်ရောက်ဆွေးနွေးခဲ့ကြသည်။