သြဂုုတ်လ ၆ရက်နေ့က မြန်မာနိုုင်ငံ ပြည်တွင်းမှ ကုုလသမ္မဂ UNHCRကိုုယ်စားလှယ်များသည် ထိုုင်းနိုုင်ငံ မယ်ဟောင်ဆောင်ခရိုုင်အတွင်းရှိ ကရင်နီဒုုက္ခသည်စခန်းသိုု့လာရောက်ပြီး ပြည်တွင်းပြန်လှည်နေရာ ချထား ရေးနှင့်ပါတ်သက်ပြီး ဒုုက္ခသည်တိုု့၏ စိုုးရိမ်ပူပန်မှုကိုုလာရောက်လေ့လာသွားခဲ့သည်။
မြန်မာနိုင်ငံ အရှေ့တောင်ဒေသဖြစ်သည့် ကယားပြည်နယ်UNHCR၊ ကရင်ပြည်နယ်UNHCRနှင့် မွန်ပြည်နယ် UNHCRကိုုယ်စားလှယ်တိုု့မှ ကရင်နီအမှတ်-၁ ဒုုက္ခသည်စခန်းတွင်းရှိ ကျောင်းသားလူငယ်များ၊ အရပ်ဘက် လူမှုအသင်းအဖွဲ့များနှင့် ဒုုက္ခသည်ကိုုယ်စားလှယ်များနှင့်တွေ့ဆုံုခဲ့ခြင်းဖြစ်သည်။
“ဒုက္ခသည်တွေရှိတဲ့ ဒုက္ခသည်စခန်းကို ကိုယ်တိုင်သွားရောက်ပြီးတော့မှ သူတို့မှာ ဘာစိုးရိမ်ချက်ရှိပါသလဲ သူတို့မှာ ဘာမေးခွန်းတွေရှိပါသလဲ သူတို့မှာဘယ်လိုသော အကြောင်းအရာအကြံတွေရှိပါသလဲ ဆိုတာကို သွားပြီးတော့ ကိုယ်တိုင်တွေ့ဆုံ တာဖြစ်တယ်”ဟု UNHCR အရှေ့တောင်ဒေသစီမံကိန်းညှိနိုုင်းရေးမှူး Vicky Tennentက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
လက်ရှိပြုပြင်ပြောင်းလဲရေးစတင်ချိန်တွင် UNHCRအနေနှင့် မြန်မာနိုင်ငံ၏အရှေ့တောင် ဖက်ခြမ်းတွင် အခြေစိုုက်ရုံုးငါးနေရာဖွင့်လှစ်ပြီး ၀န်ထမ်း၃၅ဦးဖြင့် အဓိက ဒုုက္ခသည်များမိမိဆန္ဒအလျောက် ဌာနေဟောင် တွင်ပြန်လှည်အခြေချနေထိုုင်ရာမှာ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟုုသိရသည်။
“UNHCRအနေနဲ့ကတော့ ဒီလိုအယုံအကြည်ရှိပါတယ်။ တကယ်လို့များဒီပြန်နို်င်တဲ့ အနေအထားမျိုးမှာ ရှိခဲ့ရင်တော့ ဒီ UNHCRအနေနဲ့က ဒီဒုက္ခသည်တွေကို ကူညီဖို့ အဆင်သင့်ရှိပါတယ်။ ဒါကတော့ ဒီဒုက္ခသည် တွေအပေါ်မှုတည်တယ်ဆိုပေမယ့်လည်း တကယ်လို့ ဟိုဖက်ကိုရောက်မယ်ဆိုရင် UNHCRအနေနဲ့ ဆက်လက် ကူညီဖို့ တာဝန်ရှိပါတယ်လို့ ပြောချင်ပါတယ်”ဟု Vicky Tennentကပြောသည်။
ကယားပြည်နယ် လွိုင်ကော်မြို့အခြေစိုက်သည့် UNHCRရုံးမှာ နိုင်ငံခြားUNHCRဝန်ထမ်းတစ်ဦးနှင့် ကယားပြည် နယ် နယ်ခံ UNHCRဝန်ထမ်းနှစ်ဦးတို့ရှိပြီး လက်ရှိ ကရင်နီအမှတ်-၁ဒုုက္ခသည်စခန်းမှ ရှားတောဒေသဘက်တွင် မိမိဆန္ဒအလျောက်ပြန်လာနေထိုုင်ရန် အခြေအနေများပြန်လှည်လေ့လာကြသည့် ဒုုက္ခသည်များကိုုကူညီဆောင်ရွက်ပေးလျက်ရှိသည်။
“လက်ရှိမှာ ကယားပြည်နယ်ကို ကူညီပေးမယ့်အဖွဲ့ပေါင်း ၃၄ဖွဲ့ ရှိနေပြီ။ ဒီကဖွဲ့ကနေပြီးတော့ ကယားပြည်နယ် တိုးတက်ရာ တိုးတက်ကြောင်းပါဝင်လုပ်ဆောင်နေကြပါပြီ။ ဒီအဖွဲ့အစည်းအားလုံးရဲ့ လက်ရှိမှာလုပ်ဆောင် နေတဲ့အကြောင်းအရာတွေကတော့ အထူးသဖြင့် သူတို့ဦးစားပေး လုပ်ဆောင်ပေး နေတာကတော့ ကျန်းမာရေးအပိုင်းပေါ့”ဟု ကယားပြည်နယ်မှ UNHCR၀န်ထမ်းတစ်ဦးကပြောသည်။
မြန်မာပြည်တွင်း၌ ၀င်ရောက်လုုပ်ဆောင်စဉ် အချို့ဒေသတွေမှာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်စေ နိုင်ငံသား ဝန်ထမ်းများဖြစ်စေ၊ ဒေသခံ မိဘပြည်သူများဖြစ်စေ သွားရေးလာရေးအပိုုင်း၌ အနည်းငယ် လွတ်လပ်လာ သည်ကို မိဘပြည်သူ၏ ကိုင်ပိုင်အသံမှသိရကြောင်း UNHCRကပြောသည်။
ပြည်တွင်းမှ UNHCRနှင့်တွေ့ဆုံုစဉ်မှာ ဒုုက္ခသည်ကိုုယ်စားလှယ်များမှ အစိုုးရနှင့် ကရင်နီအမျိုးသား တိုုးတက်ရေး ပါတီ KNPPတိုု့အပစ်အခတ်ရပ်စဲ ထားသည့်အခြေအနေမှာ ၁၉ ၉ ၅ခုုနှစ်က အပစ်ခတ်ရပ်စဲရေးကဲ့သိုု့ပျက်ပျယ် သွား မည့်အနေအထားမျိုးရှိမည် ကိုုစိုုးရိမ်နေကြခြင်းနှင့် လက်ရှိပြန်တွင်းဘက်တွင် အတင်းအဓ္ဓမရွေ့ပြောင်းခိုုင်း ခြင်းခံခဲ့ရသည့် စုုစည်းကျေးရွာအခြေအနေများကိုု မေးမြန်းတင်ပြခဲ့ကြသည်။
ထိုင်း-မြန်မာနယ်စပ် အကူညီပေးရေးအဖွဲ့ TBC ၏ မေလ ၂၀၁၄ခုနှစ် ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံရှိ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း ၁နှင့် စခန်း ၂ နှစ်ခု စုစုပေါင်းလူဦးရေ ၁၄၆၉၉ ဦးရှိပြီး ကုလသမ္မဂ၏ ဒုက္ခသည်အဖြစ် တရားဝင်မှတ်ပုံတင် ရရှိထားသူ စာရင်း စုစုပေါင်းမှာ ၁၀၆၇၅ ဦးဖြစ်သည်။