ကယားပြည်နယ် ကျေးရွာများတွင် အစိုးရမှ လျှပ်စစ်မီးသွယ်တန်းပေးမည့် ကျေးရွာများ၌ တရွာလျှင် ကျပ် သိန်းတရာ ကောက်ခံသည်ဟု ညောင်ကုန်းကျေးရွာမှ ဥက္ကဌ ဦးပေါလူက ဧပြီလ ၃ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
“ဒီသိန်း ၁၀၀ ဘာလုပ်ဖို ့လဲကျနော်တို ့မေးတဲ့အချိန်မှာကျတော လိုင်းငယ် ဆွဲဖို ့ပြောတယ်။ သူတို ့ ပေးမှာက ဒီလိုင်းကြီးအတွက်ပဲပေါ။ ဒီ ၂၀၁၄ မှာပြီးအောင် လုပ်ပေးမယ်ပြောတယ်။ တချို့ လူတွေက သိန်း ၁၀၀ ကောက်တာ များတယ်ပြောကြတယ်။ ဒါပေမဲ့ တသက်လုံးမှာ အခွင့်အရေးက ဒီတခါပဲရတော့ ပေးလိုက်ရ တယ်”ဟု ဦးပေါလူက ဆက်ပြောသည်။
၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်အနေအထားအရ ဒီးမော့ဆိုမြို့နယ်အတွင်းတွင် လျှပ်စစ်မီးပေးရန်၂၅ ရွာရှိပြီး ရ၀ ရာခို်င်နုန်းထိပြီးနေပြီဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ် လျှပ်အင်ဂျင်နီယာမှူး စစ်ဦးမြင့်ဌေးဦးက ဧပြီလ ၂ရက်နေ ့တွင် ကန္တာရဝတီတိုင်းမ် သို ့ပြောသည်။
လျှပ်စစ်မီး သွယ်တန်းရန်အတွက် မီးလိုင်းကြီးအတွက် အစိုးရမှ ထောက်ပံ့ပေးမှာဖြစ်ပြီး ကျေးရွာအတွင်း လိုင်းငယ်များအတွက်ကိုတော့ ဒေသခံကျေးရွာဘက်များမှ ကုန်ကျခံရခြင်းဖြစ်သည်ဟု ဦးမြင့်ဌေးဦးက ဆက်ပြောသည်။
လျှပ်စစ်မီး သွယ်တန်းပေးမည့် ကျေးရွာများက သိန်း ၁၀၀ လျှင် အိမ်ထောင်စုအလိုက်ပျှမ်းမျှ ထည့်ဝင်ရသဖြင့် အိမ်ခြေနည်းသည့်ရွာများတွင် တအိမ်ထောင်စုလျှင် ကျပ် ၂ သိန်းမှ ၃ သိန်းအထိ ပေးရသဖြင့် မတတ်နိုင်ကြောင်း သိရသည်။
ဖရူဆိုမြို့နယ်အတွင်းတွင်လည်း ကျေးရွာ ၈ ရွာဖြစ်သော ထီးပေါ်ဆို၊ ငွေတောင်ရွာသစ်၊ ဆိုလျားကူး၊ ကဒါးလား၊ ထီးသော်ကူး၊ ဒေါညီခူ၊ ဒေါခုခူ၊ ထီးကလူဒေါ ရွာအတွက် မီးလိုင်းများ စတင်ပြုလုပ်ပေးနေပြီး တရွာလျှင် ကျပ်သိန်း ၁၀၀ ပေးရသည်ဟုလည်း ဆိုးလျားကူးရွာမှ ဒေသခံ တဦးဖြစ်သော ဦးဆူရယ်က ပြောသည်။
“သိန်း တရာကောက်တယ်၊ မီးကလည်း မိန်းလမ်းတွေမှာပဲ ရသေးတာပါ။ ဒီအတွင်းဘက်မှာတော့ ဘယ်လိုထပ်ညှိရမလဲ မသိသေးဘူး” ဟု ပြောသည်။
လျှပ်စစ်မီးကြိုး စတင် သွယ်တန်းပေးနေပြီဖြစ်သည့် ၎င်းကျေးရွာများအတွက် မီးဘေးအန္တာရာယ်နှင့် ပတ်သက်ပြီး ပညာပေး အစီအစဉ်များ ပြုလုပ်သွားမည်ဟုလည်း သိရသည်။
“ဒီလိုင်းတိုင်ကျိုးပျက်တာတို ့နောက်တခုခု မသင်္ကာတာရှိရင်တော့ ကျနော်တို ့ရုံးကိုဆက်သွယ်ဖို့ ကျနော်တို့ ဖုန်းနံပတ်တွေ ပါတယ်ပေါနော်။ တကယ်လို ့ဓါတ်တိုင်ပြုတ်ကျတာတို ့ဆိုရင် ပထမဦးဆုံးသိတဲ့ လူကနေတဆင့် ကျနော်တို ့ရုံးကို အကြောင်းကြား ပေးစေချင်တယ်။ ဒီဌာနက ၀န်ထမ်းတွေ မလာမချင်း ဒီကြိုးကိုမထိဖို ့ပေါ့” ဟု ဦးမြင့်ဌေးဦးက ပြောပါသည်။
ကယားပြည်နယ် မြို့နယ်တိုင်းရှိ ကျေးရွာများ မီးလင်းရေးအတွက် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်းပေါင်း တသောင်းလေးထောင်ကျော် ကုန်ကျခံပြီး ဆောင်ရွက်သွားရမှာဖြစ်သည်ဟု ပြည်နယ် လျှပ်စစ်ဝန်ကြီးဦးစောဟူးဟူးက ပြောထားသည်။