လွိုင်ကော်သို့ လေကြောင်းနှစ်ဆတိုုးမြင့်ပြေးဆွဲနေပြီ

လွိုင်ကော်သို့ လေကြောင်းနှစ်ဆတိုုးမြင့်ပြေးဆွဲနေပြီ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့သိုု့ လေယာဉ်ဖြင့် ခရီးသွားလာသူ တိုုးမြင့်လာသည့်အတွက် ယခုအခါလေကြောင်းပြေးဆွဲမှု နှစ်ဆတိုုးမြင့်လိုုက်ကြောင်း လွိုင်ကော်ရှိမြန်မာ့လေကြောင်းက ဆိုုသည်။

တလကိုု လေယာဉ်ဖြင့်ခရီးသွားလာသူ (၆၀၀) ဦးအထိမြင့်တက်လာသည့်အတွက် ရန်ကုုန်နှင့်လွိုင်ကော် တပတ်ကိုု နှစ်ရက်ပြေးဆွဲခဲ့ရာမှ ယခုုနောက်ပိုုင်း တပတ် လေးရက်ပြေးဆွဲနေပြီဖြစ်ကြောင်း လွိုင်ကော်မြို့ရှိ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူ ဦးအောင်မင်းကပြောသည်။

“ခရီးသည် တိုးများလာတယ်။ လေယာဉ်လည်း ခရီးစဉ်မှန်တဲ့အတွက် ခရီးသည်လည်း ပုံမှန်ရလာပါတယ်။ လောလောဆယ် ပုံမှန်လေး လာတဲ့အတွက် foreigner ရော၊ Local တွေကော တက်လာတယ်”ဟုု ဦးအောင်မင်းကပြောသည်။

လွိုင်ကော်မှရန်ကုုန်သိုု့  တစ်ပတ်အတွင်းတနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး ၊ သောကြာနေ့များတွင် (၄) ရက် ပြေးဆွဲနေပြီး ဟဲဟိုုး၊ နေပြည်တော်နှင့် တာချီလိတ်သိုု့ လိုုအပ်ချက်ရှိသည့်အချိန်မှသာ ပြေးဆွဲကြောင်း ပြောသည်။

ယခင်က လွိုင်ကော်-ရန်ကုုန်လေယာဉ်လက်မှတ်တစောင်လျင် ကျပ်(၅၀၀၀၀ိ) သောင်းပေးဆောင်ရပြီး ယခုုနိုုဝင်ဘာလမှစ၍ လက်မှတ်တစောင်ကျပ် (၅၇၀၀၀) သောင်းသို့ မြင့်တက်သွားပြီဖြစ်သည်။

ဦးအောင်မင်းက “ရန်ကုန်ရုံးရုံးချုပ်ရဲ့ ညွန်ကြားချက်အရ သတ်မှတ်ရောင်းရတာပေ့ါ”ဟုု ပြောသည်။

လွိုင်ကော်လေဆိပ်တွင် Check In ပြုလုုပ်ရန် အချိန်အတိအကျသတ်မှတ်ဖေါ်ပြထားခြင်းရှိသော်လည်း မည်သည့်အချိန်လေယာဉ် ထွက်ခွာမည်ကိုု တိတိကျကျမဖေါ်ပြထားသည့်အတွက် ခရီးသည်များအတွက် သက်တောင့်သက်သာမရှိကြောင်း ခရီးသည်တဦးက ထောက်ပြသည်။

လွိုင်ကော်-ရန်ကုုန်သိုု့ ပြေးဆွဲလေ့ရှိသည့် လေယာဉ်အမျိုးအစားများမှာ ART – 72 (၃) စီး၊ ART –42 (၁)စီး နှင့် BEECH – 1900 D (၂)စီး အသီးသီးတိုု့ဖြစ်သည်။