မုဆိုးတွေ စျေးကွက်ရှာလာမှုကြောင့် တောရိုင်း တိရိစ္ဆာန်အတွက် စိုးရိမ်ရ

မုဆိုးတွေ စျေးကွက်ရှာလာမှုကြောင့် တောရိုင်း တိရိစ္ဆာန်အတွက် စိုးရိမ်ရ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် သံလွင်အရှေ့ ဘက်ခြမ်းရှိ တောရိုင်းတိရိစ္ဆာန်တွေကို ဒေသခံတောလိုက်မုဆိုး တို့က စီးပွားရေးဆန်ဆန် စျေးကွက်ရှာပြီး ရောင်းချတဲ့အတွက် တားမြစ်တိရိစ္ဆာန်တွေပါလာမှာကို  စိုးရိမ်ရကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP  ပြည်ထဲရေးဌာနက ပြောပါတယ်။

တောရိုင်းတိရိစ္ဆာန်တွေကို ဥပဒေမဲ့ ပစ်ခတ်နေမှုတို့အပေါ် "အချိန်ပြည့်မစောင့်ကြည့်နိုင်တဲ့တွက်ကြောင့် မုဆိုးတွေက စီးပွားရေးသမားတွေနဲ့ ပူးပေါင်းပြီး စျေးကွက်ဂွင်ထဲကို ဝင်ရောက်အောင် လုပ်တဲ့သူတွေ အများကြီးရှိတယ်။  အဓိကတော့ ရှားပါးတောရိုင်းတိရိစ္ဆာန်တွေကို မသတ်မိအောင်  ထိန်းသိမ်း တားမြစ်တဲ့ သဘောဖြစ်တယ်"လို့ KNPP ပြည်ထဲရေးဝန်ကြီး ခူဖဲဘူးက ပြောပါတယ်။

မုဆိုးတို့ရဲ  ့ပစ်ခတ်မှုကြောင့် သံလွင်အရှေ့ ခြမ်းရှိ သဘာဝတောရိုင်းတိရိစ္ဆာန်များ သိသိသာသာ ရှားပါးလာတယ်လို့ ဆိုပါတယ်။

ယခုနောက်ပိုင်း အိမ်စားဖို့အတွက် အမဲလိုက်သူရှိသကဲ့သို့ စီးပွားရေးအရ အမဲလိုက်တဲ့သူတွေလဲများလာပါ တယ်။

"ကျနော်တို့က ဆင်းရဲတယ်  အလုပ်အကိုင်ကလည်းရှားပါးတယ် မြို့နဲ့လည်း ဝေးတဲ့ခါကျတော့ ဟင်းချက်စားစရာတွေက ကိုယ့်ဘာသာကို ရှာရတယ်လေ… တောင်ယာလုပ်ရင်းနဲ့ ဒီသားကောင်တွေ ကိုပစ်ခတ်ပြီး စားသောက်ရတယ်" လို့ တောလိုက် မုဆိုးတဦးက ပြောပါတယ်။

အမဲလိုက်ရာမှာ တားမြစ်ထားတဲ့ သဘာဝတောရိုင်းတိရိစ္ဆာန်တွေနဲ့ ပါတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက် ရေးပါတီ - KNPP အစိုးရရဲ့ အခြေခံဥပဒေမူကြမ်းထဲတွင် ပြဌာန်းထားပြီး အဆိုပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် စီးပွားရေးအရ အမဲလိုက်တဲ့ မုဆိုးတွေ များပြားလာနေချိန်မှာ ပြည်ထဲရေးဌာနမှ ဥပဒေအရ တားမြစ်ထားတဲ့ သဘာဝ တောရိုင်းတိရိစ္ဆာန်များနဲ့ ပါတ်သက်တဲ့ အမိန့်စာတစောင်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က အမိန့်စာ ထုတ်ပြန်ထားပါတယ်။

"စဉ်းမျဉ်းစည်းကမ်းရှိရဲ  ့သားနဲ့ သိရဲ  ့သားနဲ့ တမင်သက်သက်လုပ်တယ်ဆိုရင် ကျနော်တို့ ပြဌာန်းထား တဲ့ဥပဒေအရ အရေးယူရမယ်ဖြစ်တယ်" လို့ ခူထဲဘူးကပြောပါတယ်။

သဘာဝသားရဲတိရိစ္ဆာန်တွေကို ဘာကြောင့် တားမြစ်ရသလဲဆိုတာနဲ့ ပါတ်သက်ပြီး ပြည်သူလူထုတွေ သိရှိနားလည်အောင် အသိပညာပေးရေး အစီအစဉ်များ ပြုလုပ်သွားမယ်လို့ လည်းဆိုပါတယ်။