ကရင်နီတပြည်လုံး ဆိုင်ကယ်လိုင်စင် လုပ်နိုင်ရန် လေးလစီမံကိန်း စတင်

ကရင်နီတပြည်လုံး ဆိုင်ကယ်လိုင်စင် လုပ်နိုင်ရန် လေးလစီမံကိန်း စတင်
by -
ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ မှ စပြီး လာမည့် စက်တင်ဘာလ လကုန်အထိ ကရင်နီပြည်နယ် တပြည်လုံးမှာရှိတဲ့ မော်တော် ဆိုင်ကယ်တွေ အားလုံး ယာဉ်လိုင်စင်များ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

ယခုတကြိမ် ပြုလုပ်ပေးနေတဲ့ မော်တော် ဆိုင်ကယ် လိုင်စင်ကို လေးလစီမံကိန်းဖြင့် ကရင်နီပြည်နယ်အတွင်း က မြို့နယ်တွေမှာ လိုက်လံပြုလုပ် သွားပေးဖို့ရှိတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြား ရေးမှုးဦးစီးဌာန (ကညန)မှ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

"ကျနော်တို့ အရင်တစ်လက မော်ချီးတို့ဖက်ကို သွားလုပ်ပေးတယ်။ ဒီတစ်လနဲ့ နောက်တလ ကျတော့ လွိုင်ကော်မှာပေါ့။ ၄ လစီမံကိန်း နဲ့ ချတာလေ"

ယခုလက်ရှိ ပြည်နယ်အတွင်းမှာရှိတဲ့ ဆိုင်ကယ်ပေါင်း ၅၄၀၀ ကျော် လိုင်စင်များ ရရှိပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ကာလအတွင်း မော်တော်ဆိုင်ကယ်ပေါင်း ဘယ်လောက်ထိ လုပ်ဆောင်ပေးရမလဲဆိုတာကို အတိအကျမသိရှိရသေးပါဘူး။

မော်တော်ဆိုင်ကယ် လိုင်စင်လုပ်ရာမှာ ဆိုင်ကယ်အမျိုးအစား၊ ထုတ်လုပ်တဲ့နိုင်ငံနဲ့ ခုနှစ်စတဲ့ အချက်အလက် တွေပေါ် မူတည်ပြီး အကောက်ခွန်တွေ ကွဟမှုရှိတာကို တွေ့ရပါတယ်။

ထုတ်လုပ်တဲ့ ခုနှစ် (modern) မြင့်နေရင် အကောက်ခွန်အတွက် ငွေကုန်ကျမှုပိုများပါတယ်။ ဆိုင်ကယ် တစီးရဲ့ အကောက်ခွန်အမြင့်ဆုံးမှာ ကျပ်ငွေ ၁၄၀၀၀၀ အထိရှိပြီး အနိမ့်ဆုံး ကတော့ ၃၀၀၀၀ အထိရှိပါတယ်။

ဒီထဲမှာမှ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်အမျိုးအစားသာလျှင် အခွန်ငွေ အသက်သာ ဆုံးလို့ သိရပါတယ်။ လိုင်စင်လုပ်ရာမှရရှိတဲ့ အခွန်ငွေတွေကို အကောက်ခွန်ဦးစီး ဌာနသို့ ပေးသွင်းရပါတယ်။

မိမိပိုင်ဆိုင်တဲ့ ဆိုင်ကယ်အတွက် အခွန်ငွေ ကောက်ခံတာနဲ့ပတ်သက်ပြီး နောင်ယား (က) ကနေပြီးလိုင်စင် လာလုပ်တဲ့ လူငယ်တစ်ဦးက "လိုင်စင်တော့လုပ်သင့်ပါတယ်။ ဒါပေမယ့် အခွန်ကောက်တဲ့ အပေါ်မှာ တော့ အရမ်းများတယ်လို့ထင်ပါတယ်"