ကရင်နီရွာသားများ အစိုးရစစ်တပ်အတွက် လုပ်အားလည်းပေး ကြက်လဲကျွေးနေကြရ

ကရင်နီရွာသားများ အစိုးရစစ်တပ်အတွက် လုပ်အားလည်းပေး ကြက်လဲကျွေးနေကြရ
by -
ဖဲမော့

ကရင်နီပြည် ဒီးမောဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွားပေါင်း ရ ရွာတို့သည် မြန်မာအစိုးရ စစ်တပ်စခန်းများအတွက် နေ့စဉ် အတင်းအဓမ္မ လုပ်အားပေးနေကြရပြီးတပ်အတွက် ဟင်းများ အခမဲ့ရှာကြံပေးနေရသည်ဟု သိရသည်။

ထီးဖိုးကလိုးကျေးရွာ စာသင်ကျောင်း အရှေ့ဘက်ကုန်မြင့်ပေါ်တွင် တပ်စခန်းချထားသော ခလရ ၁၀၂ နှင့် ၄၂၇ တပ်စခန်းတို့အတွက် ကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း ရ ရွာတို့က နေ့စဉ်သောက်ရေ၊ သုံးရေနှင့် တပ်ရိက္ခာများကို သယ်ပို့ပေးနေရသည်ဟု ရွာသားများကဆိုသည်။

burmese-soldiers“တပတ်နှစ်ခါ ရွာတရွာစီကို လှည်းနှစ်စီးစာ ရေခပ်ခိုင်းတယ်။ ပြီးတော့ တရက်မှာ ရေ ၃ ခေါက်လောက်ခပ်ရ တယ်။ တစီးကို သုံးခေါက်သုံးခေါက်ပေါ့နော်။ ပုံးလိုက်နဲ့တွက်ရင် ၁၅ ပုံး တခေါက်မှာ ၁၅ပုံးပေါ့နောခပ်ခိုင်း တာ။ တခေါက်မှာ ၁၅ ပုံးပါရမယ်။အဲလိုပေါ့နော်” ဟု တပ်အတွက် ကိုယ်တိုင်ကိုယ်ကျရေများသယ်ပို့ပေးနေရ သည့် ရွာသားတဦးက ပြောသည်။

စစ်တပ်များမှ သတ်မှတ်ပေးထားသည့် လုပ်အားပေးစေခိုင်းမှုများကို မလုပ်ဆောင်နိုင်ပါက နှစ်ဆတိုး စေခိုင်းပြီး အပစ်ပေးအရေးယူသည်ဟု ဆိုသည်။ တပ်သောက်သုံးရေအတွက် တရက်ကိုလှည်းနှစ်စီး ဆင့်ခေါ်လျှင် ရွာသားဘက်မှ တစီးသာ လာရောက်လုပ်အားပေးပါက အရေးယူသည့်အနေဖြင့် လှည်တစီးမှာ တရက်ကို ရေ ၆ ခေါက်သယ်ယူပေးကြရသည်။

“ဒီတရွာ ၀ါးအချောင်း ၅၀ ပေးရမယ်လို့ ပြောတယ်။ အဲဒီအချောင်း ၅၀ ကို ထီဖိုးကလိုးစခန်းအထိ သွားပို့ပေးရမယ်လို့ ပြောတယ်။ အကယ်၍ ဒီရက်အရောက်ပို့ပေးရမယ်လို့ ပြောလို့ အချိန်မှီမပို့ပေးနိုင်ဘဲ မနက်ဖြန်ရောက်ရင် ဒဏ်ပေးတဲ့အနေနဲ့ အချောင်း ၁၀၀ တောင်းတယ်။ ပြီးတော့တပ်ရင်းအထိသွားပို့ခိုင်း တယ်” ဟု တပ်အတွက် ၀ါးခုတ်ပေးရသော ရွာသားက ပြောသည်။

နေ့စဉ်လုပ်အားပေးမှုများအပြင် တပတ်လျှင် အိမ်ကြက်နှစ်ကောင်ပုံမှန ်ပို့ပေးနေရပြီးအိမ်ကြက်များမပို့ပေး နိုင်ပါက ငါးများရှာပေးရသည်ဟု ဒေသခံတို့ကဆိုသည်။ ကြက်နှင့်ငါး မပို့ပေးနိုင်ပါက စစ်တပ်တို့ကိုယ်တိုင် ရွာထဲသို့ဝင်လာပြီး ခြံထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်များကို ကြိုက်သလိုခူးယူကြောင်း၊ ရွာအတွင်း လက်ထပ် ပွဲဖြစ်စေ အသုဘပွဲဖြစ်စေ ပွဲတစ်ခုခုလုပ်ပါက အသားများကိုတပ်အတွက်မဖြစ်မနေပို့ဆောင် ပေးကြရသည်ဟု ဒေသခံရွာသားများက ပြောသည်။

အစိုးရစစ်တပ်အတွက် နေ့စဉ်လုပ်အားပေးစေခိုင်းမှုများနှင့် တပ်အတွက် ဟင်းများအခမဲ့ရှာပေးနေရသည့် အတွက် တရက်လုပ်တရက်စားနေကြရသည့် ဒေသခံရွာသားများအဖို့ နေ့စဉ်စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ကြရသည်ဟု ဆိုသည်။

“အလုပ်ကိုင်တွေအတွက်လွဲချော်မှုတွေဖြစ်သွားတယ်ပေါ့နော တောရွာတွေမှာနေတယ်ဆိုတော့တစ်ရက်စာ အတွက်တစ်ရက်ရှာစားရတယ်။ ရှိတဲ့ကြက်တစ်ကောင်နှစ်ကောင်ကိုလည်း အကုန်ဖမ်းခိုင်းလိုက်တယ်။ ပြီးတော့လှည်း ကျနော်တို့လိုလှည်းမရှိတဲ့လူတွေအတွက်က သူများတွေဆီမှာ လှည်းလည်းငှားရတယ် နွားလည်းငှားရတယ် အဲလိုမျိုး ဒါကြောင့် ကျနော်တို့ကို နှောင့်နှေးမှုတွေ အထိနာမှုတွေ ဖြစ်စေပါတယ်” ဟု ဒေသခံရွာသားတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်ကတည်းက စစ်တပ်မှ ထီးဖိုးကလိုး ကျေးရွာအုပ်စုအတွင်းရှိ ထီးသဲကလိုး၊ ထီးဖိုးကလိုး၊ ဖဲလျား၊ ဒေါဗျာကူး၊ ဒေါလျားထူ၊ ဒေါတဒါးနှင့် ဒေါခူသွဲရွာများအား အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုများ စတင်လုပ်ဆောင်လာခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။