ဒီးမော့ဆို အ.ထ.က ကျောင်း တက္ကသိုလ်ဝင်တန်း အောင်ချက်အနည်းဆုံးဟုဆို

ဒီးမော့ဆို အ.ထ.က ကျောင်း တက္ကသိုလ်ဝင်တန်း အောင်ချက်အနည်းဆုံးဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ၂၀၁၀-၂၀၁၁ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် ချက်စာရင်းတွင် ဒီးမော့ဆိုမြို့အထက်တန်းကျောင်းသည်တပြည်နယ် လုံးတွင် အနည်းဆုံးဖြစ်သည်ဟု ပြည်နယ်ပညာရေး မှူးက ပြောသည်။

“ ဒီတနှစ် ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေ ၁၆.၉၄ ရာခိုင်နှုန်းပဲရှိတယ်။ ကယားပြည်နယ် အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အည့ံဆုံးပဲဖြစ်တယ်။”

ဒီးမော့ဆိုမြို့ အ.ထ.က ကျောင်း နှစ်ပတ်လည် ဆုပေးပွဲအခန်းအနား အစည်းအဝေးပွဲ ကျင်းပချိန်၌  ကျောင်းသားမိဘများအားလုံး၏ ရှေ့တွင် ပြောသွားခဲ့ခြင်းဖြစ်သည်။

dmshighschoolယခုနှစ် စာသင်နှစ်တွင် အောင်ချက်မြင့်မားရေးအတွက် ကျောင်းသားများအား အချိန်ပို ခေါ်၍ စာသင်ရ မည်ဖြစ်ပြီး အချိန်ပိုကြေးကို အတင်းအဓမ္မ ကောက်ခံခြင်းမလုပ်စေပဲ မိဘများမှ သားသမီးအတွက်တတ်အား သရွေ့ ကူညီစေလိုသည်ဟု ပြည်နယ် ပညာရေးမှူးမှ ဆက်ပြောသည်။  

ကျောင်းသား မိဘတဦးက “ကိုးတန်းဆယ်တန်းကို တယောက် နှစ်ထောင့်ငါးရာပေးရတယ်။ ရှစ်တန်းကိုတော့ နှစ်ထောင်ပေးရပါတယ်” ဟု ပြောသည်။

ကျောင်းသားများသည် စာစိတ်ဝင်စားမှုနည်းခြင်း၊ မိဘများ ဂရုစိုက်မှုနည်းခြင်းနှင့် လုံလောက်သော ကျောင်းဆရာမ/မ မရှိသည့် ကျောင်းများတွင် စာသင်လာခဲ့ရခြင်းမှာ အခြေခံ မကောင်းခဲ့ခြင်းများကြောင့် အတန်းကြီးသော အခါစာမလိုက်နိုင်၍ တက္ကသိုလ်ဝင်တန်းသို့ရောက်သောအခါ အကျများကြသည်ဟု အထက်တန်းပြ အငြိမ်းစား ကျောင်းဆရာတဦးက ပြောသည်။

၎င်းကျောင်းဆရာက “ဆရာမ တယောက်တည်းနဲ့ ကျောင်းသားတွေ တကျောင်းလုံးကို သင်နေကြတဲ့ ကျောင်းတွေအများကြီးပဲ အဲဒီလိုကျောင်းတွေမှာ ကလေးတွေကိုလည်း ဂရုမစိုက်နိုင်ဘူး။ ကလေးတွေက စာည့ံကြတယ်” ဟု ဆက်ပြောသည်။

ယခုနှစ် တက္ကသိုလ် ၀င်ခွင့်စာမေးပွဲအောင်ချက် နည်းရခြင်းမှာ အစိုးရသစ်၏ စီမံချက်များနှင့်လည်းသက်ဆိုင် နေသည်ဟု ဆရာ/မ အသိုင်းအဝန်းတွင် ကော်လဟာလ အသံများထွက်ပေါ်နေပါသည်။

အစိုးရ အရာရှီ ၀န်ထမ်းတဦးက “ဘွဲ့ရတာလည်း လူငယ်တွေများတယ်။ ၀န်ထမ်းတွေ မခန့်ထားနိုင်ဘူး။ အလုပ်လက်မဲ့ဖြစ်ကြတယ်။ ဒီနည်းနဲ့ ထိန်းချူပ်ထားတာလည်း ဖြစ်နိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

ကရင်နီပြည်နယ် တပြည်နယ်လုံးတွင် အထက်တန်းကျောင်း စုစုပေါင်း ၁၄ ကျောင်းရှိပြီးအထက်တန်းကျောင်း ခွဲ ၃ ကျောင်းရှိသည်။