ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တွင် စပါးစိုက်ပျိုးရန် ကုန်ကျငွေ မတတ်နိုင်၍ တောင်သူလယ်သမားများ ယခုနှစ် နွေစပါးစိုက်ပျိုးမူ နည်းလာသည်။
နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးထုတ်လုပ်ရာမှာ စပါးစျေးကောင်းသော်လည်း ကုန်ကျစရိတ် ထွက်ငွေနှင့် ၀င်ငွေမမျှခြင်းကြောင့် အရှုံးပေါ်နေကြောင်း သိရသည်။
နွေစပါးစိုက်ပျိုးသူ တောင်သူတစ်ဦးက “လုပ်အားခတွေနဲ့ လောင်စာဆီစျေးတွေက ပြန်ရလာတဲ့ စပါးတွေနဲ့ မကာမိဘူး” ဟုပြောသည်။
တောင်သူဦးကြီးများကို နွေစပါးစိုက်ပျိုးနိုင်ရန် မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ချေးငွေများ တစ်လကို ငွေတစ်ရာကျပ်လျှင် တစ်ကျပ်ခုနှစ်ဆယ်ပြားနှှုန်းဖြင့် ထုတ်ချေးပေးပါသည်ဟု ချေးငွေထုတ်ယူသူ တောင်သူဦးကြီးက ပြောသည်။
၎င်းက “လယ် ၁ဧကကို တစ်သောင်းကျပ်နဲ့ ထုတ်ချေးပေးပါတယ်” ဟု ပြောသည်။
နွေစပါးကို ဆည်ရေသောက်များရှိသော လွိုင်ကော်မြို့နယ်အတွင်းနှင့် ဒီးမော့ဆိုမြို့နယ်အတွင်းများတွင် အများဆုံးစိုက်ပျိုးပြီး နွေစပါးချေးငွေကို ၎င်းမြို့နယ်နှစ်မြို့နယ် အတွင်းသာပေးသည်ဟုဆိုသည်။
နွေစပါးစိုက်ပျိုးငွေ ကုန်ကျမှုနှင့် တောင်သူများအတွက် အတိုးနှုန်းသက်သက်သာသာဖြင့် ထုတ်ချေးပေးသော ငွေမှာ လုံလောက်သော အရင်းအနှီးမရသောကြောင့် တချို့တောင်သူဦးကြီးများက နွေစပါးမစိုက်ပျိုးပဲ တခြားသောခြံထွက်သီးနှံများကို စိုက်ပျိုးကြသည်။