ရာမ မူးယစ်ဆေးသုံးစွဲမှု ပိတ်ပင်တားဆီးခြင်း မရှိ

ရာမ မူးယစ်ဆေးသုံးစွဲမှု ပိတ်ပင်တားဆီးခြင်း မရှိ
by -
မော်တခဲ
ကရင်နီပြည်နယ် ဒီးမောဆိုမြို့၌ ရာမမူးယစ်ဆေးသုံးစွဲမှု များပြားလာသည့်အမျှ လူမှုရေးပြဿနာများ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးများ ဒုက္ခနှင့် ရင်ဆိုင်ကြံုတွေ့ နေကြရသည်။ ...

ကရင်နီပြည်နယ် ဒီးမောဆိုမြို့၌ ရာမမူးယစ်ဆေးသုံးစွဲမှု များပြားလာသည့်အမျှ လူမှုရေးပြဿနာများ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးများ ဒုက္ခနှင့်ရင်ဆိုင်ကြံုတွေ့နေကြရသည်။

ဒီးမောဆိုမြို့ရှိ ခလရ ၄၂၇ တပ်ရင်းမှ ဗိုလ်များ ၊ အာဏာပိုင်များနှင့် တိုင်းရင်းဆေးဆရာများက ရာမမူးယစ်ဆေးသုံးစွဲမှုနှင့်ပါတ်သက်ပြီး တားဆီးပိတ်ပင်ခြင်းမရှိသည့်အပြင်  ၎င်းတို့က ငွေကြေးတတ် နိုင်သည့်အတွက် ကိုယ်တိုင်သုံးစွဲမှုများပြုလုပ်နေသောကြောင့် သာမာန်ပြည်သူများလည်း လိုက်ပါ သုံးစွဲနေကြခြင်းဖြစ်သည်ဟု အာဏာပိုင်များနှင့်နီးစပ်သူတဦးကဆိုသည်။

စီးပွားရေးအဆင်ပြေသောခဏတာ၌ ရာမဆေးကို သုံးစွဲနိုင်ခဲ့ကြပြီး အဆင်မပြေသောအခါ မသုံးစွဲရရင်မနေနိုင်သောကြောင့် အိမ်ရှိပစ္စည်းများရောင်းချခြင်း ၊ ငွေမရ ရအောင်ဖန်တီးခြင်း ၊  စိတ်များတည်ငြိမ်မှုမရှိလာကြခြင်းတို့ကြောင့် အိမ်သူမယားနှင့်ကွာရှင်းပြတ်ဆဲသည်အထိ ပြဿနာများ ဖန်တီးနေကြသည်ဟု အိမ်ရှင်မတဦးကပြောပြပါသည်။

၎င်းက “ သူတို့က အိမ်မှာသိပ်မကပ်တော့ ငွေလိုတဲ့ခါကြမှ အိမ်ပြန်လာတတ်ကြတယ်လေး ၊ ဘယ်သီးခံနိုင်တော့မှာလဲ” ဟုပြောသည်။

ရာမဆေးပြားကို ကာလကြာရှည်စွာ သုံးစွဲလာကြသောသူများသည် စိတ်တည်ငြိမ်မှုများမရှိတော့ဘဲ စိတ်ရူးပေါက််လာသူများလည်းရှိနေကြသည်ဟု ဒီးမောဆိုမြို့ခံတဦးကပြောသည်။

၎င်းက “ သူငယ်ချင်းတစ်ယောက်ဆို ဘာအလုပ်မှမလုပ်ဘဲ ကြောင်သွားပြီ ” ဟုပြောသည်။

Most read this week