စစ်တပ်မှ ရွာသားများ ပူးပေါင်းစုထားသော စုဗူးကို ခိုးယူ

စစ်တပ်မှ ရွာသားများ ပူးပေါင်းစုထားသော စုဗူးကို ခိုးယူ
by -
ပါးရယ်
မြန်မာစစ်အစိုးရတပ် ခလရ ၁၀၂ တပ်ရင်းသည် ရွာသားများ အရေးပေါ် အသုံးပြုရန် စုပေါင်းစုထားသော စုဗူးကို ခိုးယူသွားသည်ဟု ဒေသခံရွာသားများက ပြောသည်။ အဆိုပါ တပ်ရင်းသည် ဒီမောဆိုမြို့နယ် ထီးဖုကလိုး ကျေးရွာအုပ်စုရှိ ဒေါကူလီရွာနေ ...

မြန်မာစစ်အစိုးရတပ် ခလရ ၁၀၂ တပ်ရင်းသည် ရွာသားများ အရေးပေါ် အသုံးပြုရန် စုပေါင်းစုထားသော စုဗူးကို ခိုးယူသွားသည်ဟု ဒေသခံရွာသားများက ပြောသည်။

အဆိုပါ တပ်ရင်းသည် ဒီမောဆိုမြို့နယ် ထီးဖုကလိုး ကျေးရွာအုပ်စုရှိ ဒေါကူလီရွာနေ ဂျိုးဇက်၏ နေအိမ်သို့ ယခုလဆန်းပိုင်းတုန်းက တက်ရောက် မွေနှောက်ရှာဖွေခြင်းဖြင့် ရွာသားများ ပိုင်သော ပိုက်ဆံစုဗူးကို ခိုးယူသွားခြင်း ဖြစ်သည်။

“အခြားပစ္စည်းက သူတို့ ဘာမှ မယူသွားပါဘူး။ ရွာသားတယောက်ရဲ့ ပိုက်ဆံ ၁၀၀၀၀ တော့ တက်ယူသွားတယ်။ နောက်ပြီး စုဗူးတလုံး ထပ်ယူသွားသေးတယ်။ စုဗူးက ဒေါကူလီ ရပ်ကွက် (၁) ဟာ ဖြစ်တယ်” ဟု ဒေါကူလီရွာသားတဦးက ပြောပြသည်။

ငွေကြေးများ အခိုးခံရသော ဂျိူးဇက်သည် နေအိမ်တွင် မရှိသည့် အတောအတွင်း စစ်တပ်က တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး လူနေ အိမ်ခြေ ၆၀ ၀န်းကျင်ခန့် ရှိသည်။

စစ်အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၁၀၂ သည် ကရင်နီပြည် ဒီမောဆိုမြို့တွင် တပ်ဆွဲထားသော တပ်ရင်း ဖြစ်သည်။

Most read this week