ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု လျှော့နည်းသွားသော်လည်း မြန်မာနိုင်ငံတွင် ဟန့်တားမှုမရှိပဲ ခုချိန်ထိ ထိုင်းနိုင်ငံသို့ ရောက်နေတုန်းပဲဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌါန တဦးကဆိုသည်။
ယနေ့ သောကြာနေ့ မြန်မာနိုင်ငံသို့ ထိုင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီး အစ်ဆရာဆွန်ချိုင်း(Issara Somchai) က လူကုန်ကူးမှု တားဆီးရေးနှင့် ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ ညီချက်များကို လက်မှတ်ရေးထိုးကြမည့်ကိစ္စတွင် နအဖဘက်က အတိအကျ လေးစားလိုက်နာပြီး အရေးယူဆောင်ရွက်မှုမရှိပါက ထူးခြားမည် မဟုတ်ဟု ဦးအောင်မျိုးမင်းကဆိုသည်။
“ထိုင်းနိုင်ငံမှာ အနည်းနဲ့အများ လူကုန်ကူးမှုကို နှိမ်နင်းတဲ့လုပ်ငန်းမှာတွေ အောင်မြင်လာတယ် တချိိန်တည်းမှာပဲ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာတယ် ဒါပေမဲ့ မြန်မာနိုင်ငံဖက်က အခုလိုမျိုး တခြားအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှုကို ခွင့်မပြုဘူး လူကုန်ကူးမှုမှာ ပါဝင်နေတဲ့ သူတိို့ရဲ့ဝန်ထမ်းတွေရဲ့ ခြစားမှုကို အရေးမယူဘူးဆိုရင် ထိုုင်းဖက်က ဘယ်လောက်ကောင်းကောင်း မြန်မာ နိုင်ငံဖက်မှာ သွားပြီးတော့ သက်ရောက်မှုရှိမှာ မဟုတ်ဘူး ” ဟု၎င်းက ပြောသည်။
၎င်းက ဆက်လျက်ပြီး “သဘောတူစာချုပ်ထုတ်တာကောင်းတယ် ဒါပေမဲ့ စာ သဘောတူချက်တခုပဲ ထပ်ပြီးတော့ မြန်မာ နို်င်ငံဖက်က ဂတိတွေ ပေးထားပြီး အဲဒီ ဂတိိတွေ မလိုက်နာရင်တော့ အလကားပဲဖြစ်မယ်” ဟုဆိုသည်။
မြန်မာနိုင်ငံမှ လူကုန်ကူးမှုသည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံထဲသို့ ဆက်လက်ရှိိနေဆဲဖြစ်ပြီး များသောအားဖြင့် တိုင်းရင်းသား လူမျိုးများထဲမှ မိန်းကလေးနှင့် ကလေးများသည် ပိုပြီး ကူးသန်းရောင်းဝယ်ခံနေရသည်။
“ဒီဟာက ခန့်မှန်းရ အရမ်းခက်တယ် ဘာဖြစ်လဲဆိုတော့ ဒါရာဇဝတ်မှုဖြစ်တယ်၊ ရာဇဝတ်မှုဖြစ်တဲ့အတွက် ဒါကို အတိအကျ ထုတ်ပြန်နိုင်တဲ့ ကိန်းဂဏန်းတော့မရှိဘူး ကျနော်တို့ဒီထိုင်းနိုင်ငံဘက်ကို လူကုန်ကူးခံရတဲ့ လူတွေ လစဉ်လစဉ် အနည်းဆုံး ကျနော်တို့ ပျမ်းမျှ ၃၀၀-၄၀၀ ရှိတယ်လို့ကျနော်တို့ ခန့်မှန်းလို့ရတယ်” ဟုဆိုသည်။
ထိုသဘောတူညီချက်အပေါ် မြန်မာနိုင်ငံဘက်က ဂတိပေးပြီး လိုက်နာမှု မရှိပါက အကျိုးတစုံုတရာ ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ၎င်းကဆက်ပြောပါသည်။
“အဲဒါဘာကိုပြနေလဲဆိုတော့ စာရွက်တရွက်မှာ လက်မှတ်ထိုးရုံနဲ့ လူကုန်ကူးမှုတွေ အလိုလိုနဲ့ ပျောက်မှာမဟုတ်ဘူး ဆိုတာကို ပြနေတယ်၊ အခု နောက်ထပ် စာရွက်တရွက်ပေါ်လာမယ် အစိုးရတွေက လေးစားပြီးလိုက်နာမှု မရှိရင်တော့အလကားပဲ” ဟုဆိုသည်။