ကျိုင်းတုံ မြို့နယ်အတွင်း အစိုးရ သံချပ်ကာကားများ လှည့်ပတ်

ကျိုင်းတုံ မြို့နယ်အတွင်း အစိုးရ သံချပ်ကာကားများ လှည့်ပတ်
by -
သျှမ်းသံတော်ဆင့်

ကျိုင်းတုံမြို့နယ် အတွင်း အစိုးရ၏ တင့်ကားများ၊ သံချပ်ကာကားများ စစ်ယာဉ်တန်းများ မတ်လ(၁၈)ရက်နေ့က သုံးနာရီကျော်ကြာ မြို့အတွင်း လှည့်လည်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

နံနက် ၉ နာရီမှ  မွန်းတည့်ချိန်အထိ ထိုသို့  လှည့်လည်သွားလာနေသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ကျိုင်းတုံမြို့သား စိုင်းကျောက်က ပြောသည်။

001-tank

“တင့်ကားနဲ့ သံချပ်ကား အစီး ၃၀ကျော်တယ်။ သွားသွားလာလာနဲ့ ဘာလုပ်တာလဲမသိဘူး။ သူပုန်တွေ မြို့ကို ဝင်စီးမလား ထင်ရတယ်။ ကလေးတွေကျတော့  လိုက်ပြေးကြည့်ကြတာပေါ့။  သတင်း နားထောင်တဲ့သူတွေကျတော့ တိုက်ပွဲများ ဖြစ်မလား၊ မိုင်းလား ကိုပဲ တကယ်သွားတိုက်တော့မလားပေါ့” ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

မတ်လ ၄ရက်နေ့ကလည်း ၁၂၀ မမ အမြောက်ကြီးများ တင်ဆောင်သွားသော စစ်ယာဉ်တန်းအား အထူးဒေသ ၄  မိုင်းလားနယ်မြေ အနီးသို့ ပို့ဆောင်စဉ် စစ်ယာဉ်တန်းနှင့်အတူ သံချပ်ကာကား ၁၀စီးကျော်သည် လုံခြုံရေး ယူပေးခဲ့သေးသည်။