သျှမ်းပြည် တပ်မတော်နှင့် အစိုးရ တပ်တို့ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

သျှမ်းပြည် တပ်မတော်နှင့် အစိုးရ တပ်တို့ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် မြန်မာ အစိုးရတပ် တို့အကြား သျှမ်းပြည် တောင်ပိုင်း မိုင်းရှူး မြို့နယ် အတွင်း တိုက်ပွဲများ ယနေ့ ဆက်တိုက် ဖြစ်ပွား နေသည် ဟု သိရသည်။

ဂျွန် ၁၂ ရက် ၂၀၁၄ ခု မိုင်းရှူးမြို့နယ် ပတ္တမြားများထွက်ရှိရာ လွယ်ဆိုင်တောင်ပေါ် ရှိ သျှမ်းပြည် တပ် မတော်တပ်စခန်းအား အစိုးရတပ်အင်အားဖြည့်တိုက်ခိုက်သည့်နောက်ပိုင်း စကခ ၂ (အမှတ် ၂ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်) လက်အောက်ခံတပ်များကဒေသတွင်း အားဖြည့်လှုပ်ရှားလာသဖြင့် သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ရင်ဆိုင်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းတပ်မှူးက ပြောသည်။

battel field on 11062014

“မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံတပ် ခလရ ၁၄၉၊ ၁၅၀ နှင့် ၁၅၁ တို့ပါတယ်။ အောက် ပြည် က တပ်တွေလဲပါတယ်ထင်တယ်။ တပ်အမှတ်တံဆိပ်မပါတဲ့ကွန်မန်ဒိုတပ်တွေလေ။ မိုင်းရှူးမြို့ နယ် နမ့်တောင်ကျေးရွာအုပ်စု နမ့်တောင်နဲ့ ပါချီးကြားက ဝမ့်ကောင်းဆိုတဲ့ရွာနားမှာ ဖြစ်တယ်။ တော ပိုင်းမှာလဲ အစိုးရတပ် မွှေနှောက်လို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်သေးတယ်။” - ဟု ဌာနချုပ်ရုံးအရာရှိ ဗိုလ်မှူးစဝ်စိုင်းတိုင်းက ပြောသည်။

ထို့အတူ သျှမ်းပြည်တိုးတက်ရေးပါတီထိန်းချုပ်ရာ တာ့ဆမ်ပူးကူးတို့ဆိပ်ဘက်တွင်လည်းစစ်ရေးတင်းမာမှု များရှိ နေသည်ဟု ဆိုသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားအတည်မပြုချက်မရသေးသည့်သတင်းအရ - အရှေ့အလယ်ပိုင်း (ရလခ) တိုင်းမှူး ဗိုလ်ချုပ် မင်းနောင်က ပတ္တမြားမြေအတွင်း အစိုးရစစ်ကြောင်းအတွက် အဟန့်အတားဖြစ်နေ သည့် တပ်စခန်းများအားလုံးဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြောင်း၊ ဖယ်ရှားပေးခြင်းမရှိက တပ်မအင် အားဖြင့် တိုက်ခိုက်ချေမှုန်းမည်ဟု ညွှန်ကြားထားကြောင်း အစိုးရတပ်မတော် အောက်ခြေတပ်မှူးများက ပြောသည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းကဆိုသည်။

ပတ္တမြားမှော် လွယ်ဆိုင်တောင်ပေါ်၌ သျှမ်းပြည်တပ်မတော် တပ်စခန်းများ ၁၉၉၀ နောက်ပိုင်း တရား ဝင် အခြေချနေထိုင်လာသောကြောင့် ဖယ်ရှားပေးရမည်ဆိုသည့်အချက်မဖြစ်နိုင်ကြောင်း SSPP ဌာနချုပ်ရုံးအရာရှိကပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နှင့်အစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလက်မှတ်ရေးထိုးထားကြသည်။