SNLD ပါတီဝင်အား ဖမ်းဆီးအရေးယူမည့်ကိစ္စ ရပ်တန့်ပေးရန် သမ္မတထံ တောင်းဆို

SNLD ပါတီဝင်အား ဖမ်းဆီးအရေးယူမည့်ကိစ္စ ရပ်တန့်ပေးရန် သမ္မတထံ တောင်းဆို
by -
သျှမ်းသံတော်ဆင့်

SNLD ၏ ကျိုင်းတုံမြို့နယ် ကျေးရွာပါတီ ရုံးခွဲ ဥက္ကဌအား အစိုးရတပ်မတော်မှ ရိုက်နှက် ဖမ်းဆီး ချုပ်နှောင်ပြီး ပုဒ်မ ၁၇/၁ ဖြင့် အရေး ယူမည့်ကိစ္စ ရပ်တန်းက ရပ်ကာ ကျိုင်းတုံမြို့၌ ဖြစ်ပွားခဲ့ သော ပြဿနာအား နိုင်ငံတော် သမ္မတကိုယ်တိုင် ဖြေရှင်း ပေးရန် မေလ ၁၂ ရက်နေ့က SNLD  တောင်းဆို လိုက်သည်။

သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေဖြင့်  SNLD ပါတီဝင် တဦးကို မတရားအသင်းအဖွဲ့ ဆက်သွယ်မှုဖြင့် တရားစွဲမည့်လုပ်ရပ်နှင့် ဖြစ်ပွားခဲ့သောပြဿ     နာများကို  သမ္မတကြီးကိုယ်တိုင် အမြန်ဆုံး အရေးယူဆောင် ရွက်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု SNLD ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောသည်။
 
“ကျနော်တို့ပါတီက လူတယောက်ကို ဒီလိုမတော်မတရားအရေးယူတဲ့ဟာမျိုး၊ ငြိမ်းချမ်းရေး တည်ဆောက် ထားတဲ့ RCSS ရုံးကို မတရားသဖြင့်ဝင်ရောက်ရှာဖွေ တာမျိုးဆက်ဖြစ်နေရင် နှစ်ဦးနှစ်ဘက် အတွက်မကောင်း ဘူး။ အစိုးရကိုလည်း အယုံအကြည်ပျက်စေမယ်။ လက်ရှိတည်ဆောက်နေတဲ့ငြိမ်း ချမ်းရေးကိစ္စ၊ ယုံကြည်မှု တည် ဆောက်ထားတဲ့ကိစ္စ အကုန်လုံးဘဲ ယုတ်လျော့ ပျက်ပြားသွား စေနိုင်တယ်။ ဒါကြောင့် ဒီကိစ္စအမြန် ဆုံးရပ်တန့်ဖို့လိုတယ်” - ဟု ပြောသည်။
 
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLD ခေါ် ကျားခေါင်းပါတီ ဥက္ကဌ ခွန်ထွန်းဦး တို့နှစ်ဦးသည်  မေလ ၁၁ ရက်ကလည်း ပြောဆို ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

“ကျနော်တို့ ဥက္ကဌ ကြီးခွန်ထွန်းဦး နဲ့ ဦးအောင်မင်းတို့ ၁၁ရက် နေ့ကဖုန်းဆက် စကားပြောဖြစ် တယ်။ ဦးအောင်မင်း ကပြောတယ် - ဒီကိစ္စ တိုက်ရိုက်ကူညီဖြေရှင်းပေးဖို့ သမ္မတကြီးကို စာရေးတင်ပြ မယ်ပြောတယ်။ ဒီနေ့ ၀န်ကြီး ဦးစိုးသိန်းလည်း နေပြည်တော်သွားပြီး သမ္မတနဲ့တွေ့မယ်၊ စာပါတခါတည်း ယူသွားမယ်လို့ ဦးအောင်မင်းက ပြောတယ်”  - ဟု စိုင်းလိတ်ကပြောပါသည်။
 
မေလ ၅ ရက်နေ့က ကျားခေါင်းခေါ် SNLD ပါတီ၏ ကျိုင်းတုံမြို့နယ် ပိန်းတောဝ့် ကျေးရွာ အုပ်စု နမ့်လင်းမိုင် ကျေးရွာရုံးခွဲ၏ ဉက္ကဌ စိုင်းဂျဲန်အား  မတရားအသင်းနှင့် ဆက်သွယ်ထောက်ပံ့သည်ဟု စွပ်စွဲကာ မြန်မာအစိုးရ၏ စစ်တပ် ခလရ ၂၄၅ က သွားရောက် ဖမ်းဆီးခဲ့ပြီး နောက် ၁၇/ ၁ ဖြင့်အမှု ဖွင့်တရားစွဲမည်ဟုဆိုပါသည်။ စိုင်းဂျဲန်သည် အင်လူမျိုး မျိုးနွယ်စု ခေါင်း ဆောင်လည်းဖြစ်ပြီး ၎င်း၏နေအိမ်၌ပင် ကျားခေါင်းပါတီရုံးဖွင့်လှစ်ထားသည်။

အဆိုပါ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့အား ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် မြန်မာအစိုးရက SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးအား ကြားဝင်ဆက်သွယ်ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ထားသည်။

Most read this week