တိုင်းရင်းသားများ အတွက် ငြိမ်းချမ်းရေးရုံး ချင်းမိုင်တွင် ဖွင့်လှစ်

တိုင်းရင်းသားများ အတွက် ငြိမ်းချမ်းရေးရုံး ချင်းမိုင်တွင် ဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားများ စုပေါင်း အလုပ်လုပ်နိုင်မည့် နေရာအဖြစ် ရည်ရွယ်ကာ ပြည် ထောင်စု အင်စတီကျု ရုံးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်က ဖွင့်လှစ်ခဲ့သည်။

“တရားမျှတပြီး ဒီမိုကရေစီကျတဲ့ ဗဟုလက္ခဏာဆောင်တဲ့  ပြည်ထောင်စုသားတွေ အများစု အတူတကွ အေးအေးချမ်းချမ်းနေနိုင်တဲ့ လူ့အဖွဲ့အစည်း၊ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ဖြစ် ပါတယ်။ ပြည် ထောင်စုကိုပြန်လည်တည်ဆောက်ဖို့ အားထုတ်နေကြတဲ့တိုင်းရင်းသားလူ့အဖွဲ့ အစည်းတွေ အားလုံး ခေါမ်းမွန်းစပိတ် common space နေရာတခုဖြစ်စေဖို့၊ သူတို့အတွက် အလုပ်လုပ်နိုင်ဖို့ ကွက်လပ်တခု ၊ သူတို့အတွက် သယံဇာတပစ္စည်းတွေရှိတဲ့နေရာ သူတို့ အတွက်အကူအညီ ပေးနိုင်မယ့် နေရာတခုဖြစ် ပါတယ်” - ဟု ဥက္ကဌဖြစ်သူ ဦးခွန်စိုင်းက ပြောသည်။

ဥက္ကဌဖြစ်သူ ဦးခွန်စိုင်းက ပြည်ထောင်စု အင်စတီကျုရုံးအဖွင့်စကားပြောကြားနေစဉ်

ပြည်ထောင်စုရုံးဖွင့်လှစ်ရန်အတွက် သမ္မတကြီးဦးသိန်းစိန်တို့ထံလည်း ကြိုတင် အကြောင်းကြားခဲ့ ကြောင်း ဦးခွန်စိုင်းကပြောသည်။

“အစိုးရအတွက် ငြိမ်းချမ်းရေးစင်တာ MPC ရုံးဆိုတာရှိခဲ့ပြီးပြီ။ ကျနော်တို့တိုင်းရင်းသားတွေ အတွက် ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အလုပ်လုပ်ဖို့ရုံးရှိသင့်တယ်လို့ပြောတော့ အစိုးရဘက်ကလည်း ဖွင့်ဖို့ ထောက်ခံပါတယ်” ဟု ဦးခွန်စိုင်းက ရှင်းပြပါသည်။

“ အခုဆွေးနွေးပွဲတော့ရှိပြီ ငြိမ်းချမ်းရေးတော့မရှိသေးဘူး။ အခုကျနော်တို့လုပ်နေတာက ငြိမ်း ချမ်းရေး လဲရှိရမယ် ဆွေးနွေးရေးလဲရှိရမယ်။ ငြိမ်းချမ်းရေးရှိပြီး ဆွေးနွေးရေးမရှိလို့ မဖြစ်ဘူး။ အဲလိုသာဖြစ် မယ်ဆိုရင် တဖက်တည်းသောငြိမ်းချမ်းရေးဘဲဖြစ်နေမယ်။  စစ်မှန်သောငြိမ်းချမ်း ရေးဖြစ်မှာမဟုတ်ဘူး လေ” ဟုဆိုသည်။

ပြည်ထောင်စုအင်စတီကျု၏ ရည်ရွယ်ချက်မှာ ဆက်စပ်မှုရှိတဲ့ သတင်းအချက်အလက်များဖြင့် အလုပ် လုပ်သွားရန်၊ ပြည်ထောင်စုကိုတည်ဆောက်နေသည့် လူ့အဖွဲ့အစည်းမျာကိုယ်တိုင်လုပ်ငန်း လာရောက် စီမံခန့်ခွဲနိုင်စေရန်နှင့်  တဦးတယောက်တည်း၏ ဆန္ဒဖြင့်လုပ်ငန်း လုပ်ဆောင်နေခြင်းမဟုတ် အားလုံး ၏သဘောတူညီချက်ရရှိစေရန်ရည်ရွယ်သည်ဟုလည်း ရှင်းပြပါသည်။

Most read this week