သမ္မတဟောင်းစဝ်ရွှေသိုက်၏ ဇနီးတော်မွေးနေ့၌ စိတ်ရှည်သီးခံဖို့ပြော

သမ္မတဟောင်းစဝ်ရွှေသိုက်၏ ဇနီးတော်မွေးနေ့၌ စိတ်ရှည်သီးခံဖို့ပြော
by -
သျှမ်းသံတော်ဆင့်

ပထမဆုံးမြန်မာနိုင်ငံ သမ္မတ စဝ်ရွှေသိုက်၏ ဇနီးတော် စဝ်နန်းမြဝင်း သက်တော် ၉၅ နှစ်ပြည့် မွေးနေ့အား တောင်ကြီးရှိနေအိမ်၌ အာရုဏ် ဆွမ်းကပ်၍ ဧည့်သည်နှင့် ဆွေတော် မျိုးတော်များအား ဧည့်ခံ ကျွေးမွေး ခဲ့ကြောင်း ကြားသိရပါသည်။

 “လူငယ်တွေ အခုလိုမျိုး တက်ကြွလှုပ်ရှားတာတွေ့လို့ ဝမ်းသာတယ်။ လိုတာရှိတာ ဝိုင်းဝန်း ကူညီပေးမယ်။ စိတ်ရှည်သီးခံပြီး အလုပ်လုပ်ကြပါ”- ဟု  မွေးနေ့ပွဲတွင် ၎င်းအား လာရောက် ကန်တော့သည့် လူငယ်များကို စဝ်နန်းမြဝင်းက ပြောကြားခဲ့သည်ဟု လူငယ်များကပြောသည်။

monk

မွေးနေ့တွင် သံဃာတော်များအား လှူဘွယ်ပစ္စည်းများဖြင့် ဆက်ကပ်နေသော စဝ်မြဝင်း ဇန်နဝါရီ ၁၃ ရက် ၂၀၁၄  စဝ်နန်းမြဝင်း၏ သက်တော် ၉၅ နှစ် ပြည့်မွေးနေ့၌ နေအိမ်သို့ ပင့်သံဃာ ၁၀ ပါး နှင့်အတူ ဆွေတော်မျိုးတော် ဧည့်သည်တော်များ တက်ရောက်ကြောင်း၊ တောင်ကြီးမြို့ရှိ ကျားဖြူပါတီ လူငယ်များ လည်း ပါဝင်ဝင်ကြောင်း ကြားသိရပါသည်။

 “အမေက ကျန်းမာရေးကောင်းပါတယ်။ ဘာရောဂါမှ မရှိပါဘူး။ အသက်က ကြီးလာပြီ ဆိုတော့ သက် ကြီး ရောဂါပေါ့။ ဒီနှစ်က မြန်မာနှစ် အင်္ဂလိပ်နှစ် ရက်တွေ အကုန်တိုက်တယ်လေ။ ဒါကြောင့် နည်းနည်းလေး ပိုလုပ်လိုက်တာ အသိမိတ်ဆွေတွေဖိတ်ပြီးတော့” - ဟု သမီးတော် စဝ်ဟေမာသိုက် ကပြောသည်။

စဝ်နန်းမြဝင်းသည် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် နှင့် သားသမီး နှစ်ဦးထွန်းကားခဲ့သည်။ စဝ်နန်းဆိုင်ခံ (စဝ်ဟေမာသိုက်)နှင့် စဝ်ဆိုင်ဝမ်းတို့ဖြစ်ပါသည်။

၁၉၆၂  ခုနှစ် မတ်လ ၂ ရက် နေ့ ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေးကောင်စီအစိုးရ အာဏာ သိမ်းစဉ် နိုင်ငံတော် သမ္မတ ဟောင်း  သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် လည်း သျှမ်းစော်ဘွားများ နှင့်အတူ အဖမ်းခံရပါသည်။ အင်းစိန်ထောင်၌ ၁၉၆၂  နိုဝင်ဘာလ ၂၁ ရက်နေ့တွင် နတ်ရွာ စံခဲ့သည်။

၄င်း၏မဟာဒေဝီ စဝ်နန်းဟိန်းခမ်းကမူ တောခိုကာသျှမ်း ပြည်တပ်မတော် SSA  (ယခု သျှမ်းပြည်တပ် မတော် SSPP/SSA ) တည်ထောင်ကာ စစ်အစိုးရ ကို တော်လှန်ခဲ့သည်။

Most read this week