သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၌ သျှမ်းပြည် မြောက်ပိုင်းသို့ ပို့ဆောင်မည့် မြွေအကောင်ရေ တစ်သောင်းနီး ပါးဖမ်းဆီး ရမိကြောင်း စုံစမ်း သိရှိရပါသည်။
ဂျန္နဝါရီလ ၁၀ ရက် နံနက် ၁၁ နာရီအချိန်တွင် လဲချားမြို့၌ မြွေအကောင်ရေ ၉ ထောင်ကျော် တင်လာသည့် ၁၂ ဘီးကားကြီးကို လဲချားမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှ အာဏာပိုင်များက ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည်။
“ မြွေတွေကို တောင်ကြီးအေးသာယာစက်မှုဇုန်ကနေ တင်လာတယ်ပြောတယ်။ လားရှိုးကို ပို့မယ်ပြော တယ်။ နယ်စပ်ဘက်ပို့မယ်လို့ ခန့်မှန်းရပါတယ်။ ဆက်လက်စစ်ဆေး စုံစမ်းနေဆဲဖြစ် ပါတယ်။” ဟု တာဝန်ခံ တောအုပ် ဦးလှထွန်းဦး ကပြောသည်။
ယင်းဆယ့်နှစ်ဘီးကားထဲတွင် မြွေသေတ္တာပေါင်း ၃၀၀ ခန့်ရှိပြီး မြွေအကောင်ရေ ၉ ထောင် ကျော်ရှိကြောင်း ဆိုပါသည်။
ထိုကဲ့သို့သော မြွေအများအပြားကို ပြီးခဲ့သည့်လက မန္တလေးမြို့တွင်တကြိမ် မွန်ပြည်နယ်တွင်တကြိမ် အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ဖူးပါသည်။ တရုတ်ပြည်သို့ပို့ဆောင်ရန်ဖြစ်ကြောင်း စစ်ဆေးရာမှ သိရှိရသည် ဟု ဆိုပါသည်။