တောင်ကြီးမြို့တွင် အခြေစိုက်ကာ တောင်ကြီး သတင်းဂျာနယ်အား၂၀၁၄ ခုနှစ် ၊ ဂျန္နဝါရီလ (၁) ရက်နေ့ ကစ၍ အပတ်စဉ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
“တောင်ကြီးကို အခြေခံပြီး သျှမ်းပြည်တစ်ခုလုံးရဲ့ ကိုယ်စားပြု ဂျာနယ်တစ်ခု ဖြစ်ဖို့ တိုက်တွန်းချင်ပါတယ် ၊ ဒါမှလည်း ဖြစ်ပျက်သမျှအားလုံးကို ပြည်သူတွေသိခွင့် ရ နိုင်မယ်” ဟု ဒေသခံတစ်ဦးက သုံးသပ်သည်။
သျှမ်းပြည်နယ်တွင် မီဒီယာရပ်ဝန်း အသစ်တစ်ခု ဖန်တီးတည်ဆောက်ရန်ရည်ရွယ်၍ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ၊ ဘာသာရေး အစွဲကင်းကင်းဖြင့် ပြည်သူများအတွက် သတင်း အစစ် အမှန်များနှင့် ဘက်လိုက်မှုကင်းသော သတင်းဂျာနယ် အဖြစ်ရပ် တည်သွားမည် ဖြစ်ကြောင်း၊ သျှမ်းပြည်နယ်တွင် ပျောက်ကွယ်လုနီးပါး ယဉ်ကျေးမှုမျက်နှာစာများကိုလည်း ပြန်လည် ဖော်ထုတ်သွားမည်ဟု တောင်ကြီးသတင်းဂျာနယ်မှတာဝန်ခံ အယ် ဒီတာများဖြစ်ကြသော ကိုမိုးသိမ်းနှင့် ကိုနေလင်းသိုက် မှရှင်းလင်း ပြောကြားခဲ့သည်။
“ ပြည်နယ်ဂျာနယ်ဆိုတော့ ရန်ကုန်ကဂျာနယ်တွေထက် ပိုပြီးအခွင့်အရေးတွေရမယ်၊ ကိုယ့်ဒေသအဖြစ် အပျက် တွေကို ပိုပြီးတင်ပြနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု တောင်ကြီးအခြေစိုက်သတင်းထောက် တစ်ဦးမှ ပြောကြားခဲ့သည်။
တောင်ကြီးသတင်းဂျာနယ်သည် တောင်ကြီးမြို့အခြေစိုက် သတင်းထောက်များနှင့်အတူ ဒေသအတွက် အားကောင်းသော မီဒီယာ ရပ်ဝန်းတစ်ခု အဖြစ်ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။