RCSS နှင့် အစိုးရတပ် ရင်ဆိုင်တိုက်ပွဲများပြန်ဖြစ်

RCSS နှင့် အစိုးရတပ် ရင်ဆိုင်တိုက်ပွဲများပြန်ဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတို့ ယခုရက်ပိုင်း အတွင်း ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောပါသည်။

၂၀၁၃ နိုဝင်ဘာ ၂၅-၂၆ အတွင်း အစိုးရနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA တို့ သျှမ်းပြည်အလယ်ပိုင်း လွိုင်လင်ခရိုင် နမ့်ပွန်ချောင်းဦးဘက်တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။

တိုက်ပွဲတွင် မြန်မာစစ်တပ် ခလရ ၉၄၊ ခလရ ၃၃ နှင့် ခမရ ၅၀၁ တို့ပါဝင်ကြောင်း ဒေသအတွင်းတပ်မှူး တဦးကပြောပါသည်။

“တိုက်ပွဲနဲ့ ပတ်သက်ပြီးသေကြေဒဏ်ရာ ရရှိမှု အသေးစိတ်မသိရသေးဘူး၊  ရရှိတယ်လို့တော့ ကြားတယ်။ ကျနော်တို့ဘက်ကလဲ အနည်းအကျဉ်း ဒဏ်ရာရပါတယ်။” - ဟု အဆိုပါတပ်မှူးကပြောသည်။

သျှမ်းပြည်တပ်မတော်မှ လှုပ်ရှားသွားလာသည့်သတင်း၊ စခန်းချသည့်သတင်းများ ရပါက အစိုးရတပ်မ တော်၏ နယ်မြေ ရှင်းလင်းရေးပေါ်လစီအရ လိုက်လံတိုက်ခိုက်မှုများကြောင့် တိုက်ပွဲ များဖြစ်ပွားရသည်ဟု နီးစပ်သည့် တပ်မတော် အသိုင်းအဝိုင်းကပြောပါသည်။

“ကျနော်တို့အထူးရှောင်ရှားပေးတာကို သူတို့ကအခွင့်ကောင်းယူပြီးရှေ့တိုးလှုပ်ရှားလာတော့ ရှောင်မရတဲ့ အဆုံး ပစ်ခတ်တိုက်ခိုက်ရတာပေါ့။ ဒီလိုဆက်လုပ်နေရင် နောက်လဲထပ်ဖြစ်ဦး မှာဘဲ” - ဟု RCSS/SSA လွယ်တိုင်းလျန်း ဌာနချုပ်မှ အရာရှိတဦးကလည်းပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တည်ဆေက် ထား ကြပါသည်။

Most read this week