သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ ဘက်တွင် အစိုးရတပ် နှင့် တိုင်းရင်းသား တပ်ပေါင်း စုတို့ တမနက်လုံး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
နမ့်ခမ်းမြို့အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ ပန်းဆေးကျေးရွာအုပ်စု တာ့ပန်းကုန်းရှောက်ပန်းကုန်း ကျေးရွာဘက် တိုက်ပွဲများဖြစ်ပွါးခဲ့ပါသည်။
နိုဝင်ဘာ ၂၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်မှ ၁၀ နာရီကျော်သည်အထိ တိုင်းရင်းသားတပ်ပေါင်းစုများဖြစ် သည့် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်း အင်အား ၁၀၀ ခန့် က ဒေသအတွင်း လှုပ်ရှားသွားလာသည့် အစိုးရတပ် ခမရ ၅၀၁၊ ခလရ ၁၄၃ နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
“ရင်ဆိုင်တိုက်ပွဲဖြစ်တာ၊ တောဘက်လဲသေတယ်။ ဗမာဘက်လဲသေတယ်။ စစ်ဗိုလ်တယောက်၊ ရဲဘော် ၅ ယောက်၊ ပန်းဆေးပြည်သူ့စစ်က ၁ ယောက်သေ ၂ ယောက်ဒဏ်ရာရတယ်” ဟု နမ့်ခမ်းမြို့မပြည်သူ့ စစ် အသိုင်းအဝိုင်းကပြောသည်။
အမည်မဖေါ်လိုသည့် သျှမ်းပြည်တပ်မတော် အရာရှိတဦးကလည်း အစိုးရ နှင့် ပန်းဆေးပြည်သူ့ တပ်ဘက် သေကျေဒဏ်ရာရသူ ၁၀ ထက်မနည်းရှိသည်ဟု ကြားသိရကြောင်း ပြောဆိုသကဲ့သို့တိုင်းရင်းသားတပ် ပေါင်း စုဘက်လည်း အကျအဆုံးရှိသည်ဟု ပြောပါသည်။
သီးခြားအတည်မပြနိုင်သေးသည့်သတင်းအရ တိုင်းရင်းသား တပ်ပေါင်းစုက ၃ ဦးသေ ၃ ဦးဒဏ်ရာရရှိ ကြောင်း ရွှေလီဒေသမှလာသောဆိုစ့် ကဆိုသည်။
နမ့်ခမ်းမြို့နယ် တာ့ပန်းကုန်း၊ ရှောက်ပန်းကုန်း ရွာဘက်ရှိ ပန်းဆေးပြည်သူ့စစ် တပ်စခန်းတခုအား ယခု (၂၀၁၃) နှစ် ဧပြီ လတုန်းကလည်း တပ်ပေါင်းစုတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ တပ်စခန်းတခုအား မီးရှို့ဖျက်ဆီးခဲ့သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရနှင့်ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး တည်ဆောက် ထားပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှာ အပစ်ရပ်ရေးအတွက် ဆွေးနွေး ထားဆဲ ဖြစ်သည်။