တရုတ်နယ်စပ် မူစယ်မြို့၌ လူ ၂ ဦး ဓားပြတိုက်ပြီး ဆိုင်ကယ်လု

တရုတ်နယ်စပ် မူစယ်မြို့၌ လူ ၂ ဦး ဓားပြတိုက်ပြီး ဆိုင်ကယ်လု
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ လူ ၂ ဦးက ၃ ရက်ဆက်တိုက် ဓားဖြင့်ခုတ် ဓားပြလိုက်တိုက်သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းအရ သိရှိရပါသည်။

စက်တင်ဘာ ၂၃ ရက် ညနေ ရ နာရီခန့် အသက် ၃၀ နှစ်ရှိ မစံပယ် အလုပ်နားချိန် အမှတ် ၂ စည်ပင် သာယာဈေးမှအပြန် တောင်ရပ်ကွက် သစ္စာကားပစ္စည်းဆိုင်လမ်းကြား၌ လူ ၂ ဦးက ဓားပြတိုက် ကြောင်း ဆို၏။

 Hsai Pen)

“နှာခေါင်းမှာ ဓားထိသွားတယ်။ ဒဏ်ရာပြင်းတော့ မန္တလေးဆေးရုံကို ပို့လိုက်ရတယ်။ အချက်ပေါင်း ၅၀ ကျော် ချုပ်ရတယ်” ဟု တောင်ရပ်ကွက်နေ စိုင်းထွန်း က ပြောပါသည်။

ထို့အတူ စက်တင်ဘာ ၂၄ ရက် နံနက် ၆:၃၀ နာရီ ထိုဖူးနွေးဝယ်ရန် ပန်လုံရပ် စည်ပင်ဝန်ထမ်းအိမ် ယာမှ ထွက်လာသည့် အမေနှင့်ကလေး ၂ ယောက်(အသက် ၁၄ နှစ် နှင့် ၃ နှစ်)အား လူ ၂ ဦးက ဓားပြ တိုက်ကြောင်း၊ အသက် ၁၄ နှစ်အရွယ် ပပ မှာ နှာခေါင်း၌ ဓားဒဏ်ရာရရှိကာ မိခင်ဖြစ်သူ ဒေါ်အေးမြ မှာ လက်ကျိုးသွားကြောင်း ဆိုပါသည်။

အလားတူ စက်တင်ဘာ ၂၅ ရက် ည ရ နာရီကျော် မူစယ်မြို့အဝင်မုခ်ဦးမတိုင်ခင်၌ ဟိုမွန်ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် စိုင်းမြင့်ကျော် မှာ ဓားပြတိုက်ခံရကြောင်း  မူစယ်လူငယ် စိုင်းလောဝ် က ပြော ပါသည်။

“သူလည်း နဖူးမှာ ဓားထိသွားတယ်။ ၆ ချက် ချုပ်လိုက်ရတယ်။ သူစီးသွားတဲ့ဆိုင်ကယ် 125 News An-Bo ပါသွားတယ်။ အဲဒီမုခ်ဦးအနီးမှာ ရဲကင်းလည်း ရှိတယ်။ အခုလိုဖြစ်သွားတယ်ဆိုတော့ ရဲကင်းမှာ ကင်းဘဲရှိပြီး ရဲမရှိလို့လားတော့ မပြောတတ်ဘူး။”

 Hsai Pen)

အဆိုပါ ဓားပြ ၂ ယောက်သည် ၃ ရက်ဆက်တိုက် ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်ယူ ဓားပြတိုက်မှု ကျူးလွန် နေကြောင်း၊ ဓားပြတိုက် လုယူသွားသည့် ဆိုင်ကယ်မှာလည်း 125 အမျိုးအစားများ ဖြစ်နေသကဲ့သို့ ဓားဖြင့်မျက်နှာကိုသာ ခုတ်ကြောင်း ဒေသခံများက ဆိုပါသည်။

“အစည်းအဝေးတွေ သွားတက်တိုင်း အာဏာပိုင်တွေက လုံခြုံရေးအတွက် ကင်းလှည့်နေပါတယ်။ နေ့ ရောညရောတဲ့။ ပြောတာဘဲ။ ဒါဆို ဘာကြောင့်ဓားပြတိုက်တာတွေ ဖြစ်နေရတာလဲ။ ကင်းလှည့်တယ် ဆိုပေမဲ့ လူထုက လုံခြုံမှု မရှိသေးဘူး။ ဒါကြောင့် လူထုရဲ့လုံခြုံရေးအတွက် အာဏာပိုင်တွေ ပိုပြီးအာရုံ စိုက်စေချင်တယ်” ဟု မူစယ်ရပ်မိရပ်ဖ လုံးဆွယ်ဟိန်း က ပြောပါသည်။

စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်း၌ ခရစ်ယာန်ရပ်ကွက် ဗိုလ်တည်းရပ်လမ်းကြားနေ ဆရာဝန် တင်ယင့် အား လူ ၂ ဦးက အိမ်ထဲသို့ဝင်ရောက်ကာ ဓားဖြင့်ခုတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးသည်။

Most read this week